နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ၉ပွဲဆက်အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားတဲ့ ဘေယန်မြူးနစ်

လိုင်ယွန် ၀ – ၃ ဘေယန်မြူးနစ်

ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဘေယန်မြူးနစ်နဲ့ လိုင်ယွန်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဂျာမန်ဘီလူးတွေပဲ ၃-၀ ရလဒ်နဲ့  အမဲဖျက်သွားပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အဆင့်တွေမှာ ဂျူဗင်တပ်စ်နဲ့ မန်စီးတီးလိုအသင်းတွေကို အံ့အားသင့်ဖွယ်ရလဒ်တွေနဲ့ အနိုင်ယူပြီး ဒီအဆင့်တက်လာတဲ့ လိုင်ယွန်တို့ ဘေယန်မြူးနစ်နဲ့ အတွေ့မှာတော့ အဘက်ဘက်က ယှဉ်ပြိုင်နိုင်ခြင်းမရှိပဲ ဂိုးပြတ် အရေးနိမ့်သွားတာဖြစ်ပါတယ်။ ဒီနှစ်ချန်ပီယံလိဂ် အုပ်အဆင့်ကစလို့ ပွဲတိုင်းအနိုင်ရခဲ့တဲ့ ဘေယန်မြူးနစ်တို့ ၉ပွဲဆက်အနိုင်ရတဲ့ စံချိန်ကို ရရှိသွားခဲ့ပါတယ်။ အုပ်စုအဆင့်မှာ အိုလံပီယာကော့စ်ကို ၂-၀နဲ့ အနိုင်ရတဲ့ပွဲကလွဲရင် ကျန်ပွဲတွေ အားလုံးမှာ တစ်ပွဲကို အနည်းဆုံး ၃ဂိုးသွင်းပြီး ကျော်ဖြတ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဘေယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၉ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်က နစ္စတယ်ရွိုင်းရဲ့ စံချိန်ကိုလိုက်မီသွားပါတယ်။ ချန်ပီယံလိဂ်သမိုင်းမှာ ပွဲဆက်အများဆုံး ဂိုးသွင်းထားသူအဖြစ် စီရော်နယ်ဒိုက ၂၀၁၈ ခုနှစ်မှာ ၁၁ ပွဲဆက်တိုက်သွင်းယူထားခဲ့ပါတယ်။ လီ၀န်ဒေါစကီး အနေနဲ့ စီရော်နယ်ဒိုရဲ့ စံချိန်ကိုလိုက်မှီဖို့  ၂ပွဲသာလိုအပ်တော့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၉ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီး
ချန်ပီယံလိဂ်မှာ ၉ပွဲကစားပြီး ၁၄ဂိုးသွင်းထားတဲ့ လီ၀န်ဒေါစကီး

ပွဲစဥ်ရဲ့ အထင်ကရအချက်အလက်များ

လိုင်ယွန်တို့ အစောပိုင်းပွဲချိန်တွေမှာ ဘေယန်ခံစစ်ကို အလုပ်ပေးနေခဲ့ပြီး ဂိုးသမား နူအာလည်း လိုင်ယွန် တိုက်စစ်မှူး ဒီပေးနဲ့ အီကမ်ဘီတို့ရဲ့ ကန်ချက်တွေကို ကာကွယ်ခဲ့ရပါတယ်။ အဲ့နောက် ပွဲချိန် ၁၈မိနစ်မှာ ဘေယန်မြူးနစ်တောင်ပံက ဂနာဘရီ တစ်ကိုယ်‌ တော် ထိုးဖောက်ပြီး ပထမဂိုးသွင်းယူအပြီး လိုင်ယွန်တို့ ကစားအားကျသွားခဲ့လို့ ဘေယန်မြူးနစ်ရဲ့ ကစားကွက်အောက် ရောက်သွားပါတယ်။ ဒီပွဲမှာ အကောင်းဆုံးကစားသမား အဖြစ်သတ်မှတ်ခံရတဲ့ ဂနာဘရီကို လိုင်ယွန်တို့ မထိန်းချုပ်နိုင်လို့ ၃၃မိနစ်မှာ ဒုတိယဂိုးထပ်‌ခဲ့ရပြန်ပါတယ်။ လီ၀န်ဒေါစကီး ကန်ချက်ကို လိုင်ယွန်ဂိုးသမား လိုပက်စ် ကာကွယ်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဂနာဘရီကပဲ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ဘေယန်မြူးနစ် ရဲ့ ထိုးဖောက်မှုတွေကို ကာကွယ်ရင်း လိုင်ယွန်တို့ တန်ပြန်တိုက်စစ်ကနေ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ပါဘူး။ ပွဲချိန် ၈၈မိနစ်မှာတော့  ထုံးစံအတိုင်း ကင်မစ်ခ်ျရဲ့ ကန်တင်ပေးပို့မှုကို လီ၀န်ဒေါစကီးကပဲ ခေါင်းတိုက်အဆုံးသတ်ခဲ့လို့ တတိယဂိုးရသွားခဲ့ပါတယ်။ ဒီနှစ် ဘယ်လွန်ဒေါဆုပေးပွဲ မကျင်းပဖြစ်တာ လီ၀န်ဒေါစကီး အတွက်တော့ နစ်နာခဲ့ရတယ်လို့ ပြောရမှာပါ။ ချန်ပီယံလိဂ် ၉ပွဲကစားပြီး ၁၄ဂိုးသွင်းယူ ထားနိုင်တဲ့ လီ၀န်ဒေါစကီး အနေနဲ့ စံချိန်သစ်တွေ ထပ်ရခဲ့ပြီး ‌ကစားသမား သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ရေး ဆန္ဒပြင်းပြနေပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ လိုင်ယွန်ကတော့ ကစားပုံမဆိုးရွားခဲ့ဘူးဆိုပေမယ့် ပြိုင်ဘက်ထက် တစ်ဆင့်နိမ့်နေတဲ့ စွမ်းဆောင်ရည်ပဲရှိနေလို့ ၃ဂိုးပြတ်ရလဒ်က ဖြစ်သင့်ပါတယ်။ ဥရောပအောင်မြင်မှု တစ်ကြိမ်တစ်ခါမှ မရှိသေးတဲ့ လိုင်ယွန်အတွက် ၂၀၀၉ ခုနှစ်ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ကနေလှည့်ပြန်ခဲ့ရသလို ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

လာမယ့်ပွဲစဉ်များ

လာမယ့် ဗိုလ်လုပွဲမှာ ဘေယန်တို့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီနဲ့ တွေ့ဆုံနေလို့ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရရှိရေး လွယ်ကူဖို့တော့ မရှိပါဘူး။ ဒါပေမယ့် လက်ရှိခြေစွမ်းအရ ဘေယန်မြူးနစ်တို့ ဘယ်အသင်းနဲ့တွေ့တွေ့ အကောင်းဆုံး ရင်ဆိုင်နိုင်မယ်ဆိုတာ သေချာနေပါတယ်။ ပီအက်စ်ဂျီပဲ သမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ်ဖလား ပြင်သစ်မြေကို သယ်သွားနိုင်မလား။ ဘေယန်မြူးနစ်ပဲ ၆ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ကိုရယူသွားမလားဆိုတာ ဩဂုတ်လ ၂၄ရက်နေ့မှာ အဖြေ‌ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်