နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူကာကူရဲ့ လက်ဆောင်ဂိုးနဲ့ ၆ကြိမ်မြောက် ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ဆီဗီလာ

အင်တာမီလန် ၂ – ၃ ဆီဗီလာ

၂၀၂၀ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ ဆီဗာလာအသင်း က အင်တာမီလန်ကို ၃-၂နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ၆ကြိမ်မြောက် စံချိန်တင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။အကြိတ်အနယ်ရှိခဲ့တဲ့ ဒီပွဲမှာ လူကာကူရဲ့ လက်ဆောင်ဂိုးက ဆီဗီလာတို့ ချန်ပီယံဆုရဖို့ အဓိကကျခဲ့တယ်လို့လည်း ပြောရမှာပါ။ နှစ်သင်းစလုံးဟာ ခြေမျှတယ်တယ်လို့ ပြောလို့ရပြီး တစ်နဲ့တစ်ဖက် အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ကြလို့ ကြည့်ကောင်းခဲ့ပါတယ်။ အဖွင့်ဂိုးသွင်းယူပေးခဲ့လို့ ဟီးရိုးဖြစ်ခဲ့ပေမယ့် အဓိကအရေးကြီးတဲ့ အချိန်မှ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ဇီးရိုး ပြန်ဖြစ်ခဲ့တဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူကတော့ ဥရောပဆုဖလားနဲ့ ဝေးကွာနေတဲ့ နီရာဇူရီတွေကို အိမ်မက်တွေနဲ့ လက်တစ်ကမ်း‌အကွာ ရောက်မှာ အသဲခွဲလိုက်သလိုပါပဲ။ နည်းပြလိုပက်တက်ဂီ အနေနဲ့ ဆီဗီလာကို စိတ်ဓာတ်ပိုင်းမှာရော အသင်းလိုက်ကစားပုံမှာရော အကောင်းဆုံး ပြင်ဆင်ပေးထားနိုင်ခဲ့တဲ့ အပြင် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့လို့ အခုယူရိုပါလိဂ်ဆုဖလားကတော့ သူရခဲ့တဲ့ အတိတ်က နာကျင်မှုတွေ‌အတွက် ဖြေဆေးတစ်ခွက်ဖြစ်ခဲ့ပါတယ်။ ၆ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တဲ့ ဆီဗီလာကိုတော့ ယူရိုပါလိဂ်စပယ်ရှယ်လစ် လို့တောင် တင်စားနေကြပါပြီ။ နီရာဇူရီတွေကတော့ ဒီရာသီ စီးရီးအေနဲ့ ယူရိုပါလိဂ် နှစ်ခုလုံးမှာ ဒုတိယပဲရခဲ့တဲ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ပိုင်ရှင်သစ် ရှန်းမိသားစု လက်ထက်မှာ အပေါင်းလက္ခဏာ ပြလာခဲ့ပြီး ဥရောပထိပ်သီးအသင်းတစ်သင်းအဖြစ် အချိန်တိုတွင်း ပြန်လည်တည်ဆောက် နိုင်ပြီလို့ပြောရမှာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်များ

နှစ်သင်းစလုံး ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ အသုံးပြုခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲ သိပ်မလုပ်ပဲ ပွဲထွက်လာပါတယ်။ ဆီဗီလာကတော့ တိုက်စစ်မှူး ယူဆက်ဖ် အစား မန်ယူနိုက်တက်ဘက်ကို အနိုင်ဂိုးသွင်းခဲ့တဲ့ လုခ်‌ဒီယောင်ကို အထောင်တိုက်စစ်နေရာ ကနေပွဲထွက်စေခဲ့ပါတယ်။ အင်တာမီလန်ကတော့ ဆီဗီလာရဲ့ တောင်ပံနှစ်ဖက်က ထိုးဖောက်လာမယ့် အန္တရာယ်ကိုကာကွယ်ဖို့ ၃-၅-၂ကစားပုံနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ပွဲစတင်ချိန်မှာ နှစ်ဖက်အသင်းနည်းပြတွေရဲ့ နည်းစနစ်ပိုင်း အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ အပြန်အလှန် ထိုးဖောက်ရင်း ပွဲချိန် ၅မိနစ်မှာတင် အင်တာမီလန် အဖွင့်ဂိုးရသွားပါတယ်။ လူကာကူ က သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန်တို့ ဦးဆောင်ဂိုးရပြီး မကြာခင်မှာပဲ ပွဲချိန် ၁၂မိနစ်မှာ ခြေစွမ်းပြနေတဲ့ လုခ်ဒီယောင်က တောင်ပံကနေ ဂျီးဆပ် နားဗက်စ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူခဲ့ပါတယ်။ အဲ့နောက် ၃၃မိနစ်မှာလည်း ဒီယောင်ကပဲ ဂိုးပေါက်နဲ့ ခပ်လှမ်းလှမ်း အနေအထားကနေ ဂိုးတိုက်သွင်းဂိုးရယူပေးခဲ့လို့ ဆီဗီလာတို့ ဒုတိယမြောက် ဦးဆောင်ဂိုးရခဲ့ပါတယ်။ ၃မိနစ်အကြာမှတော့ အင်တာမီလန် နောက်ခံလူ ဂိုဒင်က ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပခဲ့ပြန်ပါတယ်။ ဂိုဒင်အနေနဲ့ အက်သလက်တီကို နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂိုးသွင်းဖူးသလို အင်တာမီလန်နဲ့ လည်း ယူရိုပါလိဂ် မှာသွင်းဂိုးရခဲ့တာကြောင့် ဥရောပလိဂ် ပြိုင်ပွဲနှစ်ခုလုံးမှာ ဂိုးသွင်းသူအဖြစ် မှတ်တမ်း၀င်သွားပါတယ်။

ပထမပိုင်းမှာ တစ်ဖက်နှစ်ဂိုးစီသရေကျနေခဲ့တဲ့ အင်တာမီလန်နဲ့ ဆီဗီလာတို့ ဒုတိယပိုင်းမှာတော့ တစ်သင်းနဲ့တစ်သင်း ထိန်းချုပ်ကစားဖို့ကြိုးပမ်းလာခဲ့လို့ ဘောလုံးအပျက်များနေခဲ့ပါတယ်။ ပွဲကစားချိန်၇၄မိနစ်မှာတော့ အင်တာမီလန်တိုက်စစ်မှူး လူကာကူက ပွဲရဲ့ အဖြေကို ထုတ်ပေးလိုက်ပါတယ်။ ဆီဗီလာက ဒီယေဂိုကားလိုစ့်ရဲ့ နောက်ပြန် ဇောက်ထိုးကန်ချက်ကို ဂိုးပေါက်ရှေ့မှာ စောင့်နေတဲ့ လာကာကူ ဖျက်ထုတ်ရာမှာ ဘောလုံးက ဂိုးထဲတည့်တည့်၀င်သွားပါတယ်။ ဒီဂိုးကြောင့် ၃-၂ဖြစ်သွားခဲ့ပြီး မိနစ် ၉၀ပြည့်ချိန်မှာလည်း  ဒီရလဒ်နဲ့ ပြီးဆုံးသွားပါတယ်။

နီရာဇူရီတွေကတော့ ဒီရာသီ စီးရီးအေနဲ့ ယူရိုပါလိဂ် နှစ်ခုလုံးမှာ ဒုတိယပဲရခဲ့
ကစားပုံကောင်းပေမယ့် လူကာကူရဲ့ ကိုယ်ဂိုးကိုယ်သွင်းတဲ့ဂိုးကြောင့် ဆီဗီလာကို အရေးနိမ့်ခဲ့တဲ့ အင်တာမီလန်

 

စံချိန်မှတ်တမ်း နဲ့ ပွဲပြီးပြောစကားများ

လူကာကူ တစ်ယောက် အသင်းအတွက်ဂိုးသွင်းလို့ အားမရလို့ ကိုယ့်ဂိုးကိုယ်ပါသွင်းလိုက်တယ်ဆိုပြီးတော့ ပွဲအပြီးမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေလည်း ခံနေရပါတယ်။ လူကာကူအနေနဲ့ ဒီရာသီ ဥရောပပြိုင်ပွဲ ၁၀ပွဲကစားပြီး ၉ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လူကာကူကလည်းရာသီအစမှာပဲ မန်ယူနိုက်တက်နေအင်တာမီလန်ကိုပြောင်းရွှေ့ခဲ့ပြီးပြိုင်ပွဲစုံသွင်းဂိုး၃၄ဂိုးအထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။အင်တာမီလန်ကစားသမားဘဝပွဲဦးထွက်ရာသီမှာပြိုင်ပွဲစုံသွင်းဂိုး၃၄ဂိုးရရှိခဲ့တဲ့ဘရာဇီးလ် တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ စံချိန်ကိုလိုက်မီခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ၁၉၉၇ ခုနှစ်မှာအင်တာမီလန်ကိုဘာစီလိုနာကနေပြောင်းရွှေ့လာခဲ့ပြီးအဆိုပါမှတ်တမ်းကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လူကာကူအနေနဲ့ စီရော်နယ်ဒိုရဲ့မှတ်တမ်းဖြစ်တဲ့ဥရောပအဓိကပြိုင်ပွဲကြီးနှစ်ခုရဲ့ရှုံးထွက်အဆင့်မှာ၆ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်တဲ့စံချိန်ကိုလည်းလူကာကူကလိုက်မီခဲ့ပြီးဒါဟာ၂၀၁၃ခုနှစ်နောက်ပိုင်းပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။

အင်တာမီလန်နည်းပြ ကွန်တီက  ရှုံးနိမ့်ခဲ့လို့ စိတ်မကောင်းပေမယ့် အနာဂတ်အတွက် အသင်းကို ဆက်လက်တည်ဆောက် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆီဗီလာနည်းပြ လိုပက်တက်ဂီ ကတော့ ပွဲအပြီးမှာ ငိုကြွေးခဲ့ပြီးတော့ သူ့အနေ စပိန် လက်ရွေးစင်အသင်း နည်းပြရာထူးကနေ ကမ္ဘာ့ဖလားမတိုင်မီ နှစ်လအလိုမှာ ထုတ်ပယ်ခံခဲ့ရသလို ရီးရဲမက်ဒရစ် နည်းပြအဖြစ် တာ၀န်ယူပြီး ၄လအကြာမှာ ထပ်မံထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ စပိန်လူမျိုး နည်းပြအနေနဲ့ အခုနှစ် ဘောလုံးရာသီမှ ဆီဗီလာအသင်းကို ရောက်ရှိလာပြီး လာလီဂါအဆင့် ၄နေရာမှာ ရပ်တည်ခဲ့သလို ယူရိုပါလိဂ် မှာလည်း ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အင်တာမီလန်ကတော့ ၁၀နှစ်အတွင်း နှစ်ကြိမ်မြောက် ဗိုလ်လုပွဲရောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၀ခုနှစ်က ချန်ပီယံလိဂ်ဖလား ရခဲ့ပေမယ့် အခုတစ်ကြိမ် ယူရိုပါလိဂ် မှာတော့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်