နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင် ၃ မှတ် ရှာဖွေမယ့် အင်တာမီလန် ဘက်မှာ ရပ်တည်ပါ – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မိုချင်ဂလတ်ဘတ် vs အင်တာမီလန်

အခုတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေထဲက မိုချင်ဂလတ်ဘတ်နဲ့ အင်တာမီလန်တို့ရဲ့ ပွဲစဉ်ကို SBOTOP ပရိသတ်တွေ အတွက် သတိပြုရမယ့် ပွဲကြိုအချက်အလက်တွေကို ဖော်ပြပေးပါချင်ပါတယ်။ ဂျာမနီရဲ့ ခြေစွမ်းမာကျောတဲ့ အသင်း မိုချင်ဂလတ်ဘတ် အနေနဲ့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေကောင်းနေ ပေမယ့် အီတလီထိပ်သီး အင်တာမီလန်ကတော့ ၂ နှစ်ဆက်တိုက် ယူရိုပါလိဂ်မှာ ကစားခွင့် ရဖို့ အတွက်တောင် ရလဒ်ကောင်းဖို့ လိုအပ်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ပထမဦးဆုံး မိုချင်ဂတ်လတ်ဘတ်ရဲ့ ခြေစွမ်းပိုင်းကို စပြီး သုံးသပ်ချင်ပါတယ်။ မိုချင်ဂတ်ဘတ်အသင်းဟာ အခုနောက်ပိုင်းနှစ်တွေမှာ မာကျောတဲ့ အသင်းတစ်သင်း ပြန်ဖြစ်လာခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ ရော ချန်ပီယံလိဂ် မှာပါ ခြေစွမ်းထက်မြတ်နေပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ထင်သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိပဲ အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့် ချန်ပီယံလိဂ်မှာတော့ ရီးရဲယ်မက်ဒရစ်၊ အင်တာမီလန်၊ ရှက်တာဒိုးနက်စ် လို အသင်းတွေကို နောက်ကောက်ချထားနိုင်ပါတယ်။ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အင်တာမီလန်၊ ရီးရဲမက်ဒရစ်တို့နဲ့ သရေကျခဲ့ပေမယ့် ရှက်တာဒိုးနက်စ်ကို အဝေးကွင်းမှာ ၆ ဂိုးပြတ် အနိုင်ရပြီး အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါ့ကြောင့် ချန်ပီယံလိဂ် အုပ်စု B မှာ ၄ ပွဲကစား ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရှုံးပွဲမရှိပဲ ရမှတ် ၈မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်ထားနိုင်ပါတယ်။ မိုချင်ဂလတ်ဘတ်တို့ အခုပွဲစဉ်မှာသာ အင်တာမီလန်ကို အနိုင်ကစားနိုင်ခဲ့ရင် နောက်တစ်ဆင့် တက်ရောက်ဖို့ အတွက် သေချာသွားမှာ ဖြစ်လို့ ကျိန်းသေပေါက် ရလဒ်ကောင်းတစ်ခု အတွက် အားထုတ်လာမှာ အသေအချာပါပဲ။

 
အင်တာမီလန်ကတော့ နည်းပြ အန်တိုနီယို ကွန်တီ လက်အောက်မှာ မနှစ်က ခြေစွမ်းပြခဲ့ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ် မှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုံးကန်နေရပါတယ်။ အင်တာမီလန်တို့ အခုနှစ် စီးရီးအေမှာ မနှစ်ကလောက် ခြေစွမ်းမပြနိုင်ဘူးဆိုပေမယ့် ၉ ပွဲကစား၊ ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှံးပြီး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ အင်တာမီလန်တို့ နောက်ဆုံးကစားခဲ့တဲ့ ၅ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး ပြီး ၁ ပွဲသရေကျထားပါတယ်။ အင်တာမီလန်တို့ ချန်ပီယံလိဂ် မှာ မိုချင်ဂလတ်ဘတ်နဲ့ ရှက်တာဒိုးနက်စ်ကို သရေကျပြီး ရီးရဲယ်မက်ဒရစ်ကကိုတော့ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့လို့ လက်ရှိ အုပ်စု B မှာ ရမှတ် ၂ မှတ်နဲ့ အုပ်စု အောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။ အင်တာမီလန်တို့ ချန်ပီယံလိဂ် မှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက်ဆိုရင် အခုလာမယ့် နှစ်ပွဲဆက်တိုက် အနိုင်ရဖို့ လိုအပ်နေပါတယ်။ လက်ရှိ လူစာရင်းကို ကြည့်မယ်ဆိုရင် ကွန်တီရဲ့ အသင်းက ရီးရဲယ်မက်ဒရစ်လို အသင်းရဲ့ လူစာရင်းထက်တောင် ပိုပြီး တောင့်တင်းနေတာ တွေ့ရမှာပါ။ အင်တာမီလန်တို့ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်တာထက် ယူရိုပါလိဂ် ကစားခွင့်ရဖို့ အတွက် မျှော်လင့်တာက ပိုပြီး ဖြစ်နိုင်လို့ အခုပွဲစဉ်ကိုတော့ မဖြစ်မနေ အားစိုက်လာမှာ သေချာပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အန်တိုနီယို ကွန်တီ လက်အောက်မှာ မနှစ်က ခြေစွမ်းပြခဲ့ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုံးကန်နေရပါတယ်။
အခုနှစ် ချန်ပီယံလိဂ် အုပ်စု B မှာ နိုင်ပွဲ မရသေးတဲ့ အင်တာမီလန်

မိုချင်ဂလတ်ဘတ်နဲ့ အင်တာမီလန်တို့ ဥရောပအဆင့် ပြိုင်ပွဲတွေမှာ တစ်ကြိမ်တစ်ခါပဲ ဆုံတွေ့ထားပြီးတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်မှာ တွေ့ဆုံထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်မှာ အင်တာမီလန်တို့ အိမ်ကွင်းဆန်စီရိုမှာ ကစားခဲ့ရပေမယ့် ၂-၂ နဲ့ သရေ ကျခဲ့တာကြောင့် ရမှတ် ၁ မှတ်စီ ခွဲယူထားခဲ့ရပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မိုချင်ဂလတ်ဘတ် vs အင်တာမီလန် အချိန်ပြည့် 1X2 အိမ်ရှင် @ 2.81
ဒီဇင်ဘာလ ၂ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်းအတွက် ၂.၈၀ ဆ၊ ဧည့်သည်အသင်းအတွက် ၂.၂၆ ဆနဲ့ သရေ အတွက်ကိုတော့ ၃.၇၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဒီနှစ်သင်းအနေနဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁ ကြိမ်ပဲ ရှိထားလို့ ခန့်မှန်းရခက်ပေမယ့် အင်တာမီလန်ကွင်းမှာတောင် ဂလတ်ဘတ်တို့ သရေကစားထားနိုင် ပါတယ်။ တစ်ချက်ပြန်ကြည့်ရမှာ အင်တာမီလန်မှာ အာတူရို ဗီဒယ် အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပဲ ကိုလာရော့ဗ်လည်း ဒဏ်ရာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပေမယ့် အဓိကကစားသမားတွေ အားလုံးပါလာပါလိမ့်မယ်။ အင်တာမီလန်တို့ ရမှတ် လိုအပ်ချက်အတွက် အနိုင် ၃ မှတ် ရအောင် ကစားမှာဖြစ်လို့ ဂျာမန်မြေမှာပေမယ့် အီတလီထိပ်သီးဘက်မှာပဲ ရပ်တည်ချင်ပါတယ်။ အင်တာမီလန်တို့ ကပ်နိုင်သွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်