နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးထွက်အဆင့် မျှော်လင့်ချက် ရှင်သန်သွားခဲ့တဲ့ အင်တာမီလန် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မိုချင်ဂလတ်ဘတ် ၂-၃ အင်တာမီလန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မိုချင်ဂလတ်ဘတ်နဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အဝေးကွင်းမှာ သွားရောက်ကစားခဲ့တဲ့ အင်တာမီလန်တို့ လူကာကူရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ၂-၃ နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ရေး မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ပါတယ်။

အင်တာမီလန်တို့ အခုပွဲ မကစားခင်က ချန်ပီယံလိဂ်မှာ နိုင်ပွဲ တစ်ပွဲမှ မရရှိသေးလို့ နောက်တစ်ဆင့် တက်ရောက်ဖို့ မျှော်လင့်ချက် ကင်းမဲ့သလောက် ဖြစ်ခဲ့ပေမယ့် တစ်ဖက်မှာ ရီးရဲယ်မက်ဒရစ်ရဲ့ ရှုံးပွဲကြောင့် နောက်ဆုံး ပွဲစဉ်တွေကတော့ အဆုံးအဖြတ် ဖြစ်လာဖို့ ရှိနေခဲ့ပါပြီ။ ဒီပွဲမတိုင်ခင်က ချန်ပီယံလိဂ် အုပ်စု B မှာ မိုချင်ဂလတ်ဘတ်တို့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး အခုပွဲမှာ ရလဒ်ကောင်းခဲ့ရင် ရှုံးထွက် အဆင့် တက်ရောက်နိုင်ဖို့ အခွင့်အလမ်းပိုသာနိုင်မှာ ဖြစ်ပေမယ့် ထင်သလိုတော့ ဖြစ်မလာခဲ့ပါဘူး။ မိုချန်ဂလတ်ဘတ်တို့ အခုပွဲမှာ အိမ်ကွင်းအားသာချက်ကို အကောင်းဆုံး အသုံးချပြီး ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်မှာ စတင်ဒဲလ်၊ သူရမ်၊ ပလီယာ၊ ကာရာမာ၊ လာဇာရို၊ နီယူဟက်စ်၊ ဂင်တာ၊ ဝန်ဒ်၊ ဂျန်တက်ကီ၊ လိန်နာ တို့နဲ့ အသုံးပြုလာခဲ့ပြီး အင်တာမီလန်ကတော့ တိုက်စစ်မှာ လော်တာရို မာတီနက်ဇ်၊ လူကာကူ၊ အက်ရှ်လေယန်း၊ ဂတ်လီယာဒီနီ၊ ဘရိုဇိုဗစ်၊ ဘာရယ်လာ၊ ဒါမီယန်၊ ဘတ်စတိုနီ၊ ဒီဗရစ်ဂျ်၊ ဆစ်ခ်နေး၊ ဟန်ဒါနိုဗစ် တို့နဲ့ ပွဲထွက်လာပါတယ်။ ပြောရမယ်ဆိုရင် ဒီပွဲမှာ အန်တိုနီယို ကွန်တီရဲ့ အင်တာမီလန်တို့ ရုန်းအားကောင်းကောင်းနဲ့ အဝေးကွင်းမှာ အားစိုက်ကစားလာတာတွေ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၅ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဂိုးပေါက်တည့်မှု အကြိမ်ရေမှာတော့ အိမ်ရှင် မိုချင်ဂလတ်ဘတ်တို့ ၁ ကြိမ် ပိုသာခဲ့ပါတယ်။ ပွဲစတာနဲ့ နှစ်သင်းစလုံး သွင်းဂိုးတွေ ရရှိဖို့ အတွက် အားထုတ်လာကြပြီး ပွဲအစ ၇ မိနစ်မှာတင် အင်တာမီလန်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဂတ်လီယာဒီနီရဲ့ ဖန်တီးပေးပို့မှုကနေ တစ်ဆင့် တောင်ပံက ဒါမီယန်က ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီးတော့ ပထမပိုင်းပွဲပြီးခါနီးမှာတော့ အိမ်ရှင် မိုချင်ဂလတ်ဘတ်တို့ ချေပဂိုး ရရှိခဲ့ပါတယ်။ ပထမပိုင်းထက် ဒုတိယပိုင်းဟာ ပိုမို ကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ ဘရိုဇိုဗစ်၊ ၇၃ မိနစ်မှာ လူကာကူတို့က ဂိုးတွေ ဆက်တိုက်သွင်းယူပေးခဲ့လို့ အင်တာမီလန်တို့ ၁-၃ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃ မိနစ်အကြာမှာ မိုချင်ဂလတ်ဘတ်တို့ ချေပဂိုးထပ်မံရရှိခဲ့ပြီး ပထမဂိုးသွင်းယူပေးခဲ့တဲ့ အလက်ဆိန်း ပလီယာကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၈၃ မိနစ်မှာ ပလီယာကပဲ နောက်ထပ် သွင်းဂိုး တစ်ဂိုး ထပ်မံရယူပေးခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ ဂလတ်ဘတ်တို့ နစ်နာခဲ့ရပြီး ပွဲအပြီးမှာလည်း ၂-၃ နဲ့ ပြီးဆုံးခဲ့လို့ ဂလတ်ဘတ်တို့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့သွားခဲ့ရပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမတိုင်ခင်က ချန်ပီယံလိဂ် အုပ်စု B မှာ မိုချင်ဂလတ်ဘတ်တို့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး
ချန်ပီယံလိဂ်မှာ အုပ်စု B ကို ဦးဆောင်နေတဲ့ မိုချင်ဂလတ်ဘတ်

ကွန်တီရဲ့ အင်တာမီလန်အသင်းက ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းအတက်အကျ မမှန်ခဲ့လို့ ရလဒ်တွေ ဆိုးရွားခဲ့တယ် ဆိုပေမယ့် အခုပွဲမှာတော့ ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ရောက်နိုင်ရေး မျှော်လင့်ချက်အတွက် အားစိုက်ကစားခဲ့လို့ အနိုင် ၃ မှတ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာပါ။ အိမ်ရှင် မိုချင်ဂလတ်ဘတ်တို့လည်း ခြေစွမ်းကောင်းခဲ့တယ် ဆိုပေမယ့် အဆုံးအဖြတ် ပေးနိုင်မယ့် ကစားသမားတွေ ရှိတဲ့ အင်တာမီလန်တို့ အနိုင်ရခဲ့တယ်ဆိုရမှာပါ။ ဒီပွဲရလဒ်ကြောင့် မိုချင်ဂလတ်ဘတ်တို့ ရမှတ် ၈ မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အင်တာမီလန်ကတော့ ရမှတ် ၅ မှတ်နဲ့ အောက်ဆုံးအဆင့်မှာ ရပ်တည်နေတယ်ဆိုပေမယ့် နောက်တစ်ဆင့် တက်ရောက်ဖို့ မျှော်လင့်ချက် ရှိခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မိုချင်ဂလတ်ဘတ်တို့ လာမယ့် ပွဲစဉ်အဖြစ် ဘွန်ဒက်စ်လီဂါမှာ ဖရိုင်းဘတ်နဲ့ ကစားဖို့ ရှိနေပြီး ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်မှာတော့ ရီးရဲယ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အင်တာမီလန်ကတော့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဘိုလော့ဂ်နာနဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ရှိနေပြီး နောက်ရက်မှာတော့ ရှက်တာဒိုးနက်စ်နဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ် ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်