ဆီဗီလာ ၃ – ၂ ရီးရဲယ်ဆိုစီဒက်
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၈ ရဲ့ ပွဲတစ်ပွဲမှာတော့ ဆီဗီလာက တိုက်စစ်မှူး ယူဆက်ဖ် အန်နက်ဆရီရဲ့ ဟက်ထရစ်နဲ့ အတူ အိမ်ရှင် ရီးရဲယ်ဆိုစီဒက်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲအပြီးမှာ ဆီဗီလာနဲ့ ရီးရဲယ်ဆိုစီဒက်တို့ အနေနဲ့ ၁၉၈၈ ခုနှစ်က အက်စပန်ညိုနဲ့ ဗယ်လာဒိုးလစ်တို့ တင်ထားခဲ့တဲ့ ပွဲချိန် အစောပိုင်းအတွင်း နှစ်သင်းပေါင်း ၄ ဂိုးသွင်းအထိ သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ကြပါတယ်။
ဆီဗီလာတို့ အခုပွဲမှာ အိမ်ကွင်းအားသာချက်နဲ့ အတူ လာလီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေနဲ့ ရမှတ် ကွာဟချက် လျှော့ချနိုင်ဖို့ အတွက် ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် ရီးရဲယ်ဆိုစီဒက်မှာတော့ ဆိုလာ၊ ဒါးဗစ်ဆေးလ်ဗား၊ ပက်ချီကို၊ ဆန်ဂါလီ၊ မွန်ရီရယ်တို့ ဒဏ်ရာရရှိနေလို့ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ ပွဲအစ ၄ မိနစ်မှာတင် အိမ်ရှင် ဆီဗီလာတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး တိုက်စစ်မှူး အန်နက်ဆရီက ဖာနန်ဒိုရဲ့ ပေးပို့မှုကနေ အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၅ မိနစ်မှာတော့ ဆီဗီလာ နောက်ခံလူ ဒီယေဂို ကားလို့စ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဆိုစီဒက်တို့ ချေပဂိုးပြန်လည် ရရှိခဲ့ပါတယ်။ နောက်ထက် ၂ မိနစ်အကြာမှာတော့ ဆီဗီလာ တိုက်စစ်မှူး အန်နက်ဆရီကပဲ တစ်ကိုယ်တော် စွမ်းရည်နဲ့ ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပေမယ့် ပွဲချိန် ၁၄ မိနစ်မှာတော့ ဆီုစီဒက်တို့ ချေပဂိုး ထပ်ရခဲ့ပြီး အိုရာဇာဘယ်ရဲ့ ဖန်တီးပေးပို့မှုကနေ အလက်ဇန်းဒါး အိုင်ဇက်ခ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး တစ်ဖက် ၂ ဂိုးစီနဲ့ ပထမပိုင်း ပွဲပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စလို့ ၁ မိနစ်အကြာမှာတင် ဆီဗီလာတို့ နောက်ထပ် သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့ပြီး အန်နက်ဆရီကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်ချိန်အထိ ရီးရဲယ်ဆိုစီဒက်စ်တို့ ချေပဂိုး သွင်းယူနိုင်ခြင်း မရှိတော့လို့ ၃-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
အခုပွဲအပြီးမှာ ဆီဗီလာတို့ လာလီဂါမှာ ၁၆ ပွဲကစားပြီး ရမှတ် ၃၀ အထိ ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာက အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရီးရဲယ်ဆိုစီဒက်ကတော့ လာလီဂါ ၂ ပွဲဆက် နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့ရပြန်လို့ ၁၉ ပွဲအထိ ကစားပြီး ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ဆီဗီလာတို့ ဂိုးပေါက်တည့်မှု အကြိမ်အရေအတွက် ပိုသာခဲ့သလို ဘောလုံး ပိုင်ဆိုင်မှု လည်း ၆၀/၄၀ လောက် အထိ အသာစီးရယူပြီး ကစားနိုင်ခဲ့ပါတယ်။ ရီးရဲယ်ဆိုစီဒက် တို့ ဒီပုံအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ပွဲပိုတွေ ကစားပြီး ရမှတ်တွေလည်း ဆက်တိုက် ဆုံးရှုံးရဖို့ ရှိနေတာကြောင့် အင်မနောလ် အလ်ဂူယာစေလ် အနေနဲ့ ပြန်လည်သုံးသပ်ဖို့တော့ လိုအပ်နေခဲ့ပါပြီ။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.