နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဘေးနီးယားကို ဂိုးပြတ် အနိုင်ယူပြီး ပုံစံကောင်းတစ်ခုကို ဆက်ထိန်းထားနိုင်ခဲ့တဲ့ အင်္ဂလန် – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

အဲလ်ဘေးနီးယား ၀ – ၂ အင်္ဂလန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု အိုင် ပွဲစဉ်မှာတော့ အင်္ဂလန် တို့ အဲလ်ဘေးနီးယားကို အဝေးကွင်းမှာ ဟယ်ရီကိန်း မေဆင်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂  ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ပထမပွဲတုန်းက ဆန်မာရီနိုကို ၅-၀ နဲ့ အနိုင်ရထားခဲ့တဲ့ အင်္ဂလန် တို့ ၂ ပွဲကစား ရမှတ် ၆ မှတ် ရဂိုး ၇ ဂိုး ပေးဂိုး မရှိနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု(ဈ) ကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

အင်္ဂလန်တို့ ပထမပွဲ ဆန်မာရီနို ကို ဂိုးပြတ်အနိုင်ရခဲ့တုန်းက လူစားရင်းကို တော်တော်များများ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှာ ဟယ်ရီကိန်း တစ်ဦးတည်းကို ဦးဆောင်စေခဲ့ပြီး နောက်မှာ စတာလင်၊ မေဆင်မောင့်၊ ဖိုဒန်၊ ကွင်းလယ်မှာ ဒီကလန်ရိုက်စ်နဲ့ ကယ်ဗင် ဖီးလစ် တို့ကို တွဲပေးကာ နောက်တန်းမှာ လုခ်ရှော၊ မက်ဂွိုင်းယား၊ ဂျွန်စတုန်းစ်၊ ဝေါလ်ကာ၊ ဂိုးမှာတော့ နစ်ခ်ပုပ်တို့ ပါဝင်လာပါတယ်။ အဲလ်ဘေးနီးယားမှာ‌တော့ စီးရီးအေ အခြေစိုက် ကစားသမား တချို့ ပါဝင်လာခဲ့ပြီး စပီဇီယာက အစ်ဇ်မာဂျီလီ၊ အတ္တလန်တာက ဂျင်မ်ဆီတီ၊ နာပိုလီ က ဟိုက်ဆက်ဂျ်တို့လို ကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ အင်္ဂလန်ရဲ့ ကစားပုံက အလောသိပ်မကြီးခဲ့ပဲ ပုံမှန်အတိုင်းပဲ အချိတ်အဆက် မိမိနဲ့ ဂိုးရဖို့ကို ဦးတည်ခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ပွဲချိန် ၃၈ မိနစ်မှာ လုခ်ရှောရဲ့ ဂိုးဧရိယာထဲ ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို ဟယ်ရီကိန်းက အဲလ်ဘေးနီးယား နောက်ခံလူတွေကြားကနေ အမိအရ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ အင်္ဂလန်တို့ပဲ ပွဲကို ဆက်လက် လွှမ်းမိုး ကစားနေခဲ့ပြီး ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ ဟယ်ရီကိန်းရဲ့ အကွက်မြင်မြင်ထိုးပေးတဲ့ ဘောလုံးကို မေဆင်မောင့်ကို ဂိုးသမားကို ကျော်ဖြတ်သွင်းယူသွားခဲ့လို့ အင်္ဂလန် တို့နောက်ထပ် သွင်းဂိုး ၁ ဂိုး ထပ်မံရရှိခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ အင်္ဂလန် ဘက်က ကယ်ဗင်ဖီးလစ်အစား ဝက်ဒ်ပရောက်စ်၊ ဖိုဒန်အစား ဂျက်ဆီ လင်ဂတ်တို့ ဝင်လာခဲ့ပြီး ပွဲကို ထိန်းကစားသွားခဲ့လို့ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အင်္ဂလန်တို့ နိုင်ပွဲဆက်ခဲ့ပါတယ်။

ဟယ်ရီကိန်းအနေနဲ့ အင်္ဂလန် အတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပါဝင် ပြိုင်ပွဲစုံ ၅၁ ပွဲကစားပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
အင်္ဂလန်အတွက် အဝေးကွင်းသွင်းဂိုး တတိယမြောက် အများဆုံး ကစားသမား ဖြစ်လာတဲ့ ဟယ်ရီကိန်း

 

ပွဲပြီးသုံးသပ်ချက်

အင်္ဂလန်အတွက်ကတော့ မိုက်ကယ်အိုဝင်၊ ဝိန်းရူနီတို့ အလွန်မှာ ဟယ်ရီကိန်းလို ကစားသမားကို ထပ်မံပိုင်ဆိုင်ခဲ့ရလို့ အားတက်စရာပါပဲ။ အခုပွဲမှာ တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဟယ်ရီကိန်း အနေနဲ့ အင်္ဂလန် သမိုင်းတစ်လျှောက် အဝေးကွင်းသွင်းဂိုး အများဆုံး သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ နောက်တစ်ဦးကတော့ မေဆင်မောင့်ပါ။ ချဲလ်ဆီးမှာ တောက်လျောက် ခြေစွမ်းပြပြီး အချိန်တိုအတွင်း အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့သူ မေဆင်မောင့် အနေနဲ့ ပြီးခဲ့တဲ့ ဆန်မာရီယိုနဲ့ပွဲမှာ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ သွင်းဂိုး ၁ ဂိုး ထပ်မံရရှိခဲ့ပါပြီ။ ဟယ်ရီကိန်းအနေနဲ့ အင်္ဂလန် အတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပါဝင် ပြိုင်ပွဲစုံ ၅၁ ပွဲကစားပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အင်္ဂလန် တို့ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ပိုလန်အသင်းနဲ့ ကစားရမှာ ဖြစ်လို့ ပွဲကြပ်နေပြီး အဲလ်ဘေးနီးယား ကတော့ ဆန်မာရီယိုနဲ့ ကစားရမှာ ဖြစ်လို့ ဒုတိယမြောက်နိုင်ပွဲ ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်