နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နာပိုလီကို စီးရီးအေ ရှုံးကြွေးပြန်ဆပ်လိုက်တဲ့ ဂျူဗင်တပ်စ် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ် ၂ – ၁ နာပိုလီ

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ လက်ကျန်ပွဲစဉ် တစ်ပွဲမှာတော့ ဂျူဗင်တပ်စ်တို့ နာပိုလီကို အိမ်ကွင်းမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ နာပိုလီကွင်းမှာတုန်းက စီးရီးအေ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်တို့ နာပိုလီကွင်းမှာတုန်းက စီးရီးအေ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒီရာသီအတွက် ၃ ဂိုးမြောက် စီးရီးအေ သွင်းဂိုး ရရှိခဲ့တဲ့ ပေါ်လို ဒီဘားလား

ဒီနေ့ပွဲမှာ ဂျူဗင်တပ်စ် နည်းပြ ပီယာလို အနေနဲ့ ၄-၄-၂ ကစားကွက်ကို အသုံးပြုပြီး တိုက်စစ်မှာ မိုရာတာနဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ ကွင်းလယ်မှာ ကွာဒွာဒို၊ ဘန်တန်ကာ၊ ရာဘီယော့တ်၊ ခီယေဇာ၊ နောက်တန်းမှာ ဒန်နီလို၊ ဒီလစ်ဂျ်၊ ချီလီနီ၊ အဲလက်စ် ဆန်ဒရို၊ ဂိုးမှာတော့ ဘူဖွန်ကို ပွဲထွက်စေပြီး အတောင့်တင်းဆုံး ပုံစံနဲ့ နာပိုလီကို ရင်ဆိုင်ခဲ့ပါတယ်။ နာပိုလီ ဘက်မှာလည်း အဓိကကစားသမားစုံခဲ့ပြီး မာတန်းစ်၊ အင်ဇီဂနီ၊ ဇီလင်းစကီး၊ လိုဇာနို၊ ဖေဘီယန်၊ ဒမ်မီ၊ ဟိုက်ဆက်ဂျ်၊ ကိုလီဘာလီ၊ ရာမန်နီ၊ ဒီလော်ရန်ဇို၊ မီရတ်တို့ ပါဝင်ခဲ့ပါတယ်။ ပွဲစပြီး ၁၃ မိနစ်အကြာမှာတင် ဂျူဗင်တပ်စ်အတွက် ဦးဆောင်ဂိုးကို ခီယေဇာရဲ့ ပေးပို့မှုကနေ ရော်နယ်ဒိုက အသာအယာ ကန်သွင်းပေးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ အင်ဇီဂနီ အနေနဲ့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဘူဖွန် ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ၁-၀ ရလဒ်နဲ့ ဂျူဗင်တပ်စ်တို့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နာပိုလီတို့ ဗစ်တာအော့စ်မန်၊ ပိုလီတာနိုတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဂျူဗင်တပ်စ် ဘက်ကလည်း တိုက်စစ်မှာ ဂိုးပေါက်ပျောက်နေတဲ့ မိုရာတာ အစား ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ပေါ်လိုဒီဘားလားကို ထည့်သွင်းခဲ့ပြီး ကွာဒွာဒို နေရာမှာ မက်ကင်နီတို့ကို လူစားလဲခဲ့ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်နေတဲ့ကြားက ၇၃ မိနစ်မှာတော့ ဂျူဗင်တပ်စ်တို့ နောက်ထပ်ဂိုးရသွားခဲ့ပြီး ဘန်တန်ကာရဲ့ ပေးပို့မှုကနေ ဒီဘားလားက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၉၀ မှာတော့ နာပိုလီတို့ ချေပဂိုး ၁ ဂိုးပြန်ရခဲ့ပြီး ထုံးစံအတိုင်း အင်ဇီဂနီကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးသုံးသပ်ချက်

ပွဲကတော့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး နှစ်သင်းစလုံး ခြေမျှခဲ့တယ်လို့ ဆိုရပါမယ်။ ဂိုးပေါက် ခြိမ်းခြောက်မှုနဲ့ ဂိုးပေါက်တည့်မှုတို့မှာ နာပိုလီတို့ကတောင် အနည်းငယ်သာခဲ့ပေမယ့် ဘူဖွန်ရဲ့ လက်စွမ်းပြမှုကြောင့် နာပိုလီတို့ ဂိုးရမယ့် အခြေအနေတွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ သွင်းဂိုး ၁ ဂိုးထပ်ရခဲ့တဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဒီရာသီ စီးရီးအေ ၂၆ ပွဲကစားပြီး သွင်းဂိုး ၂၅ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်တာကြောင့် သူ့ရဲ့ပစ်မှတ်ဖြစ်တဲ့ ရွှေဖိနပ်ဆုရဖို့ နီးစပ်လာခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ နာပိုလီကတော့ လက်တလော စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပေမယ့် ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေပါသေးတယ်။
 

လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ ဂျီနိုအာနဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိပြီး နာပိုလီ ကတော့ ဆမ်ဒိုးရီးယားနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်