ပါးမား – အေစီမီလန််
အခုလာမယ့် စနေနေ့မှာတော့ စီးရီးအေ ပွဲစဉ် ၃ ပွဲသာ ကစားဖို့ ရှိပြီး ပါးမားနဲ့ အေစီမီလန် ပွဲကတော့ အကြိတ်အနယ် ရှိလာနိုင်ပါတယ်။ ပါးမားရဲ့ စီးရီးအေ တန်းဆင်းဇုန် ရုန်းအားကြောင့် အေစီမီလန်တို့ အခက်တွေ့နိုင်ပေမယ့် လက်ရှိ ခြေစွမ်းပိုင်းနဲ့ ကစားသမား အင်အားအရ တော်တော်လေး ကွာခြားနေလို့ ဧည့်သည်တို့ နိုင်ပွဲရဖို့ ခက်ခဲမှာတော့ မဟုတ်ပါဘူး။
ပါးမားတို့ စီးရီးအေ အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ရိုးမား တစ်သင်းတည်းကို အနိုင်ရခဲ့ပြီး တန်းဆင်းဇုန်ထဲ ကျရောက်နေပါတယ်။ လက်ရှိ တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၄ မှတ် ကွာဟနေလို့ ၈ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ ပါးမားတို့ တတ်နိုင်သမျှ ရမှတ် ရှာဖွေဖို့ လိုအပ်နေပါပြီ။ အစောပိုင်းက တောက်လျောက် ရှုံးပွဲတွေ ဆက်ခဲ့တဲ့ ပါးမားတို့ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ရှုံးပွဲနည်းလာပြီး သရေရလဒ်တွေ မြင်တွေ့လာရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာဆိုရင် အင်တာမီလန်၊ ဂျီနိုအာတို့ကို ရှုံးနိမ့်ခဲ့ပေမယ့် ဖီအိုရင်တီးနား၊ ဘင်နီဗန်တို တို့ကို ခြေရည်တူ ကစားပြီး သရေကျခဲ့သလို ရိုးမား ကိုတော့ မထင်မှတ်ပဲ ဂိုးပြတ် အနိုင်ရခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ပါးမားမှာ ဒဏ်ရာရ ကစားသမား ၁၁ ယောက် အထိ ရှိနေပေမယ့် အားထားရတဲ့ ဂါဗင်ဟို၊ ကူကာ၊ ပယ်လီ၊ ဟာနာနီတို့ ကတော့ အခုပွဲမှာ ပါဝင် ကစားနိုင်ပါလိမ့်မယ်။
အေစီမီလန်တို့ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အင်တာမီလန်နဲ့ ၁၁ မှတ်အထိ ကွာဟသွားခဲ့ပြီ ဖြစ်လို့ ချန်ပီယံ မျှော်လင်ချက်ကတော့ ကုန်ဆုံးသွားခဲ့ပါပြီ။ ရာသီအစက ရှုံးပွဲမရှိ စံချိန်ကောင်းတစ်ရပ်ကို ထိန်းသိမ်းပြီး အမှတ်ပေးဇယားကို တောက်လျောက် ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တောက်လျောက် ခြေကျသွားပြီး ချန်ပီယံ အိမ်မက်လည်း ဝေးဝါးသွားခဲ့ပါပြီ။ ဒါပေမယ့် ရာသီအကုန်မှာ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် တစ်နေရာ သေချာဖို့ အတွက် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါသေးတယ်။ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၅ ပွဲ ကို ပြန်ကြည့်မယ်ဆိုရင် အူးဒီးနီးစ်ကို သရေ၊ ဗီရိုနာကို နိုင်၊ နာပိုလီကို ရှုံး၊ ဖီအိုရင်တီးနားကို နိုင်ပြီး အခုနောက်ဆုံး ပွဲမှာ ဆမ်ဒိုးရီးယားကို သရေကျခဲ့ပါတယ်။ လက်ရှိ အသင်းမှာ ရိုမန်ဂိုလီ၊ ဘရာဟင်မ် ဒီးရာ့ဇ်၊ ကာလာဘရီရာ၊ ရာဖေးလ် လီယောင် တို့ ဒဏ်ရာ ပြသနာတွေကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပေမယ့် ဇလာတန် အီဗရာဟီမိုဗစ် အပါအဝင် ကစားသမားကောင်းတွေ အများကြီးကျန်နေသေးလို့ နိုင်ပွဲ တစ်ပွဲအတွက် စိတ်ပူစရာ အခြေအနေ မဟုတ်ပါဘူး။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပါးမားနဲ့ အေစီမီလန်တို့ ၂၀၁၀ နောက်ပိုင်း ၁၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ အေစီမီလန်တို့ ၁၀ ကြိမ် အထိ အနိုင်ရထားပြီး ပါးမားကတော့ ၂ ကြိမ်ပဲ ပြန်ပြီး အနိုင်ရခဲ့ပါတယ်။ သရေပွဲ ၃ ပွဲရှိထားပြီး ဒီရာသီ ပထမအကျော့ အေစီမီလန် ကွင်းမှာ ကစားခဲ့ချိန်တုန်းက ၂-၂ ရလဒ် ထွက်ပေါ်ထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ပါးမား vs အေစီမီလန် | 1X2 အေစီမီလန်း @ 1.72 | |
ဧပြီလ ၁၀ ရက်, ည ၁၀:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၅.၂၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၆၆ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပါးမားရဲ့ တန်းဆင်းဇုန် ရုန်းအားရှိနေပေမယ့် အေစီမီလန်ကလည်း အသင်းငယ်လေး မဟုတ်ပါဘူး။ အစဉ်အလာအရရော လက်ရှိ အနေအထားအရပါ အဘက်ဘက်က သာနေတဲ့ အေစီမီလန်တို့ အဝေးကွင်းမှာ နိုင်ပွဲရဖို့ မခက်ပါဘူး။ အေစီမီလန်ကိုပဲ ကြိုက်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.