နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အကောင်းဆုံး ပုံစံနဲ့ အင်တာမီလန်တို့ နိုင်ပွဲဆက်မယ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် – ကက်ဂလီယာရီ

အခုတစ်ပတ် တနင်္ဂနွေနေ့မှာတော့ စီးရီးအေ ပွဲစဉ်တွေ တော်တော်များများ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး အင်တာမီလန်တို့ ကက်ဂလီယာရီနဲ့ ကစားရမှာ ဖြစ်ပါတယ်။ လက်တလော အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ အမှတ်ဖြတ် ဦးဆောင်ထားနိုင်တဲ့ အင်တာမီလန်တို့ အတွက် လွယ်ကူမယ့် ပွဲလို့ ပြောလို့ရပြီး နိုင်ပွဲဆက်ဖို့ သေချာနေပါတယ်။
 

 
အင်တာမီလန်တို့ ၁၀ စုနှစ်တစ်ခုကျော် အကြာ ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆု ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ အတွက် အကောင်းဆုံး အခြေအနေမှာ ရှိနေပြီး ဒုတိယနေရာက မြိုခံပြိုင်ဘက် အေစီမီလန်ကို ၁၁ မှတ်၊ လက်ရှိ ချန်ပီယံ ဂျူဗင်တပ်စ်ကို ၁၂ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။ အင်တာမီလန်တို့ စီးရီးအေ နောက်ဆုံး ၁၀ ပွဲဆက်တိုက် အနိုင်ရထားပြီး ခြေစွမ်းကောင်းတဲ့ အေစီမီလန်၊ လာဇီယို၊ အတ္တလန်တာ၊ ဆာဆူအိုလို တို့လို အသင်းတွေ ကိုတောင် နှိပ်ကွပ်ထားပါတယ်။ လက်ရှိမှာ တိုက်စစ်က ရိုမယ်လူ လူကာကူ အနေနဲ့ ကစားသမားဘဝ အကောင်းဆုံး အခြေအနေ တစ်ခု ပိုင်ဆိုင်ထားပြီး ဂိုးလည်း မြူးနေပါတယ်။ ဒီရာသီအတွက် စီရီးအေ မှာ ၂၅ ပွဲကစားပြီး သွင်းဂိုး ၂၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ အခုပွဲမှာတော့ အင်တာမီလန် ခံစစ်က ကိုလာရော့ဗ်၊ ကွင်းလယ်က ဘာရယ်လာနဲ့ ပယ်ရီဆစ်ချ် တို့ကတော့ ဒဏ်ရာရ/ပွဲပယ် ပြသနာရှိနေလို့ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ လက်ကျန် ၉ ပွဲပဲ ကစားဖို့ ကျန်ရှိတော့တဲ့ အချိန်မှာ အင်တာမီလန်တို့ တတ်နိုင်သမျှ ရမှတ်ရှာဖွေပြီး စကူဒက်တို ချန်ပီယံဆုနဲ့ အောင်ပွဲခံဖို့ ရည်ရွယ်ထားမှာ သေချာနေလို့ အခုပွဲမှာလည်း ကွန်တီရဲ့ အသင်းက သံသယဖြစ်ဖွယ်မရှိ အနိုင် ၃ မှတ် အပြည့်ရသွားဖို့ များပါတယ်။

စီးရီးအေ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ကက်ဂလီယာရီ ကတော့ ချန်ပီယံလောင်း စိတ်ဓာတ်နဲ့ ကစားနေတဲ့ အင်တာမီလန်နဲ့ တွေ့တာမို့လို့ ဒီပွဲကနေ ဘာဆိုဘာမှ မျှော်လင့်နိုင်ဖို့ မရှိပါဘူး။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ကက်ဂလီယာရီ

စီးရီးအေ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ကက်ဂလီယာရီ ကတော့ ချန်ပီယံလောင်း စိတ်ဓာတ်နဲ့ ကစားနေတဲ့ အင်တာမီလန်နဲ့ တွေ့တာမို့လို့ ဒီပွဲကနေ ဘာဆိုဘာမှ မျှော်လင့်နိုင်ဖို့ မရှိပါဘူး။ ကက်ဂလီယာရီတို့ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပြီး တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၂ မှတ်သာ ကွာဟနေသေးသလို အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိ အသင်းရဲ့ အဓိကကစားသမား တစ်ဦး ဖြစ်တဲ့ ခရက်ဂ်နို ကိုဗစ်ရောဂါကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်သလို ကပ်ပီတယ်လီ၊ ရီကာဒို ဆော့တ်တေးလ် တို့လည်း ဒဏ်ရာပြသနာအသီးသီး ရှိနေလို့ ပါဝင်လာမှာ မဟုတ်ပါဘူး။ ကက်ဂလီယာရီရဲ့ အဓိက ပြသနာက ခံစစ်ပိုင်း ဖြစ်ပြီး နောက်ဆုံး ၅ ပွဲမှာဆိုရင် ၉ ဂိုးအထိ ပေးထားရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အင်တာမီလန်တို့ ကက်ဂလီယာရီနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၃၉ ကြိမ်မှာ ၂၃ ကြိမ်အထိ အနိုင်ရထားပြီး ကက်ဂလီယာရီ ကတော့ ၆ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။ ဒီရာသီ ကက်ဂလီယာရီ ကွင်းက ပထမအကျော့ တွေ့ဆုံမှုမှာ အင်တာမီလန်တို့ ၁-၃ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
 

အင်တာမီလန် – ကက်ဂလီယာရီ

??
အင်တာမီလန် – ကက်ဂလီယာရီ အချိန်ပြည့် 1×2 အိမ်ရှင် @ ၁.၂၈ ဆ
ဧပြီလ ၁၁ ရက်, ည ၅:၀၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၂၈ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁၀.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၅.၇၅ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိမှာ အကောင်းဆုံး ပုံစံရနေတဲ့ အင်တာမီလန်တို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကလည်း အမြင့်ဆုံးမှာ ရှိနေပါလိမ့်မယ်။ ခြေချော်ခဲ့ရင်တောင် ဖိအားမရှိနိုင်ပေမယ့် ကွန်တီ ကတော့ သူ့အသင်းကို အနိုင် ၃ မှတ် ရဖို့ပဲ ကစားစေမှာပါ။ အင်တာမီလန် အနိုင်သေချာပါတယ်။ ဂိုးပေါင်း အပေါ်လေးပါ ထပ်ပြီး ရွေးချယ်လိုက်ပါ။ ဆုံးဖြတ်ချက် မမှားစေရပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်