အတ္တလန္တာ – ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးကြီးနေတဲ့ အချိန်ရောက်မှ အတ္တလန္တာနဲ့ ကစားရမှာ ဖြစ်လို့ ခက်ခဲတဲ့ ပွဲကြပ်တစ်ပွဲကို ဖြတ်သန်းရဦးမှာပါ။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ဂျူဗင်တပ်စ်တို့ အဆင့် ၄ နေရာက အတ္တလန္တာတို့ရဲ့ ပွဲစဉ်ဟာ အခုတစ်ပတ် စီးရီးအေရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်လာနိုင်လို့ လက်မလွှတ်ပဲ စောင့်ကြည့်ရမယ့် ပွဲစဉ် တစ်ပွဲလို့လည်း ဆိုရပါမယ်။
အတ္တလန္တာတို့ ရီးရဲယ်မက်ဒရစ်ကို နှစ်ကျော့စလုံး ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ကနေ ထွက်ခွာလာခဲ့ရပေမယ့် စီးရီးအေ မှာတော့ ပုံစံကောင်းတစ်ခုနဲ့ အတူ အမှတ်ပေးဇယားထိပ်ပိုင်း ကို ပြန်လည် တက်လှမ်းထားနိုင်ခဲ့ပါပြီ။ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၉ ပွဲမှာ အင်တာမီလန် တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ထားပြီးတော့ လက်ကျန်ပွဲတွေ အားလုံးမှာ ၃ မှတ် အပြည့်ရထားပါတယ်။ အဲ့ထဲမှာမှ နာပိုလီ၊ ဆမ်ဒိုးရီးယား၊ ဟဲလက်စ်ဗီရိုနာ တို့လို အသင်းတွေကို ဂိုးပြတ် အနိုင်ရထားတာကို ကြည့်ခြင်းအားဖြင့် အတ္တလန္တာတို့ရဲ့ ခြေစွမ်းဘယ်လောက်အထိ ကောင်းမွန်နေတယ်ဆိုတာ သိသာပါတယ်။ လက်ရှိ အသင်းမှာ ဇာပါတာ၊ မူရီရယ်၊ အီလီချစ်၊ ပါဆာလစ်တို့ ဦးဆောင်တဲ့ တိုက်စစ်က ဂိုးမြူးနေတဲ့ အပြင် တောင်ပံက ဂျာမန်ကစားသမား ရော်ဘင်ဂိုဆင်ကလည်း အသင်းအတွက် အကောင်းဆုံး အကျိုးပြုနေတာကြောင့် အတ္တလန္တာတို့ နိုင်ပွဲ တစ်ပွဲ ရဖို့ မခက်ခဲတာ တွေ့ရပါတယ်။ အတ္တလန္တာ ရဲ့ တိုက်စစ်က နောက်ဆုံး ၅ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဒီရာသီ စီးရီးအေ မှာလည်း သွင်းဂိုး အများဆုံး ရထားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ အခုပွဲမှာတော့ ဟိတ်ထ်ဘိုးဝါးနဲ့ ရိုမီရိုတို့လို ကစားသမားတွေ ကတော့ ဒဏ်ရာပြသနာတွေကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ အတ္တလန္တာတို့ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၉ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။
၁၀ ကြိမ်ဆက် စကူဒက်တို ဆုဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတဲ့ ဂျူဗင်တပ်စ်တို့ ရာသီအကုန်မှာ စီးရီးအေ ထိပ်ဆုံး ၄ သင်းနေရာ ဝင်ခွင့်ရရှိဖို့ အတွက်ပဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ အမှားများစွာ မကြာခဏ ကျူးလွန်မိခဲ့တဲ့ အန်ဒရီယာ ပီယာလိုရဲ့ အသင်းက ဖိအားများစွာ ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာ ပေါ်တိုလို အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာ အပြင် စီးရီးအေ မှာလည်း ပုံမှန်ယူနေကြ အောင်မြင်မှုတောင် မရတော့လို့ ရာသီအကုန်မှာသာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရမယ် ဆိုရင် ပီယာလိုအနေနဲ့လည်း အထုတ်ပယ်ခံရဖို့ များနေပါတယ်။ ဂျူဗင်တပ်စ်တို့ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်မယ်ဆိုရင် ကက်ဂလီယာရီကို ၁-၃နဲ့ နိုင်၊ ဘင်နီဗန်တိုကို ၀-၁ နဲ့ရှုံး၊ တိုရီနိုနဲ့ ၂-၂၊ နာပိုလီကို ၂-၁၊ ဂျီနိုအာကို ၃-၁ တို့နဲ့ အနိုင်ရထားခဲ့ပါတယ်။ လက်ရှိ အသင်းမှာ ဘာနက်ဒက်ရှီ တစ်ဦးတည်း ကိုဗစ် ၁၉ ရောဂါကြောင့် ပွဲထွက်ကစားနိုင်မှာ မဟုတ်ပဲ ကျန်ကစားသမားတွေ အားလုံးကတော့ ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဂျူဗင်တပ်စ်တို့ အတ္တလန်တာနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့ပြီး ကျန်ပွဲတွေမှာတော့ သရေရလဒ် ထွက်ပေါ်ခဲ့တာ များပါတယ်။ အသင်းသမိုင်းတစ်လျှောက် ၂၃ ကြိမ် တွေ့ဆုံခဲ့ကြရာ မှာတော့ ဂျူဗင်တပ်စ် တို့က ၁၆ ကြိမ်အထိ အနိုင်ရခဲ့ပြီး သရေပွဲ ၆ ကြိမ်နဲ့ ရှုံးပွဲ ၁ ကြိမ်သာ ကြုံထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
အတ္တလန်တာ vs ဂျူဗင်တပ်စ် | 1X2 ဂျူဗင်တပ်စ် @ 2.75 | |
ဧပြီလ ၁၈ ရက်, ည ၇:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၄၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၆၂ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ စီးရီးအေ မှာ နှစ်သင်းစလုံး ခြေစွမ်း ထက်မြတ်နေပြီး မျှော်လင့်ချက် တစ်ခုအတွက် အတိမ်းအစောင်း မခံပဲ ကစားနေကြတာတွေ့ရပါတယ်။ အစဉ်အလာအရ အသာရခဲ့သလို လက်ရှိ စုဖွဲ့မှုအရလည်း နည်းနည်းလေး ပိုသာနေတဲ့ ဂျူဗင်တပ်စ်ကိုပဲ အရဲစွန့်ပြီး ရွေးချယ်ချင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.