နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ကတ်တီးယား ကယ်လို့ သရေတစ်မှတ်ရတဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၁ – ၁ ဖူလ်ဟမ်

ဒီကနေ့ ညနေမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ မှာတော့ အာဆင်နယ်တို့ အိမ်ကွင်း အန်းမရိတ်စ်မှာ ဖူလ်ဟမ်ကို တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျသွားပါတယ်။ အာဆင်နယ်တို့ အခုပွဲမှာ ဖူလ်ဟမ်ကို တစ်ဖက်သတ် အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း ညံ့လွန်းတာကြောင့် သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်တို့ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုပြီး အဓိက ကစားသမားတွေကို အနားပေးပြီး ပြီးခဲ့တဲ့ ပွဲတွေတုန်းက ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမားတွေကို နေရာပေးခဲ့ပါတယ်။ တိုက်စစ်မှာတော့ ထုံးစံအတိုင်း လာကာဇက် ဦးဆောင်လာပြီး နောက်မှာတော့ ဆာကာ၊ မာတင်နယ်လီ၊ စမစ်ရိုးဝ်၊ ကွင်းလယ်မှာ အယ်နီနီနဲ့ ဆယ်ဘာလော့စ်၊ ဘယ်နောက်ခံနေရာမှာ ရှာကာကို  ဆင်းကစားစေပြီး ဘယ်လာရင်၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ ဂိုးမှာတော့ မတ်ရိုင်ယန် ပွဲထွက်လာပါတယ်။ ဖူလ်ဟမ် ကလည်း ၄-၂-၃-၁ ကစားကွက်ကို အခြေခံပြီး အဓိကကစားသမား အစုံအလင်နဲ့ပဲ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ပါတယ်။ အာဆင်နယ်တို့ ပွဲစတာနဲ့ ဖူလ်ဟမ် ဘက်ကို အကြိမ်ကြိမ် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းက လိုအပ်ချက်တွေ ရှိခဲ့လို့ ဂိုးတွေ မရခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း မိနစ် ၄၀ မှာ ဆယ်ဘာလော့စ်ရဲ့ သွင်းဂိုးကို VAR ပြန်ကြည့်ပြီး လူကျွံဘော အဖြစ် သတ်မှတ်ပေးခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပါတေး၊ ပေပေတို့ ဝင်လာပြီး ဂိုးရဖို့ တိုက်စစ်မြှင့်ခဲ့ပေမယ့် ဖူလ်ဟမ်ရဲ့ နောက်တန်းကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။ ပွဲချိန် ၅၉ မိနစ်မှာတော့ ဖူလ်ဟမ်တို့ ရှားရှားပါးပါး အခွင့်အရေး တစ်ကြိမ်ရခဲ့ပြီး အာဆင်နယ် နောက်တန်းက ဂါဘရီရယ်ရဲ့ လီမီယာကို ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ဧည့်သည်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီကိုတော့ တိုက်စစ်မှူး ဂျော့ရှ်မာဂျာက အဆုံးသတ်ပေးခဲ့လို့ ဖူလ်ဟမ်တို့ ၀-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ရှုံးပွဲ မတွေ့စေရေး လက်ကျန်မိနစ်တွေမှာ အသည်းသန် လိုက်ကစားခဲ့တဲ့ အာဆင်နယ်တို့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ လိုအပ်နေတဲ့ ချေပဂိုး ရသွားခဲ့ပြီး လူစားဝင်ကစားသမား အက်ဒီ အန်ကတ်တီးယားက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး ဖောင်ဖျက်ကစားနေတဲ့ ဖူလ်ဟမ်တို့ရဲ့ တုန့်ပြန်မှုကြောင့် အာဆင်နယ်တို့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ကံကောင်းလို့သာ နောက်ဆုံးမိနစ် သွင်းဂိုးကြောင့် သရေ တစ်မှတ် ရခဲ့တာ ဖြစ်ပါတ
အန်ကတ်တီးယားရဲ့ နောက်ကျဂိုးကြောင့် ၆ ပွဲမြောက် နိုင်ပွဲနဲ့ ဝေးခဲ့ရတဲ့ ဖူလ်ဟမ်

 

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်တို့ ဒီနေ့ပွဲမှာလည်း စိတ်ပျက်စရာ ခြေစွမ်းနဲ့အတူ ရမှတ်တွေ ဆုံးရှုံးခဲ့ပြန်ပါပြီ။ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး ဖောင်ဖျက်ကစားနေတဲ့ ဖူလ်ဟမ်တို့ရဲ့ တုန့်ပြန်မှုကြောင့် အာဆင်နယ်တို့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ကံကောင်းလို့သာ နောက်ဆုံးမိနစ် သွင်းဂိုးကြောင့် သရေ တစ်မှတ် ရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ အခုပွဲမှာ ရမှတ် ထပ်ပြီး ဆုံးရှုံးခဲ့ပြန်တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့်ရဖို့တောင် မျှော်လင့်ချက် တော်တော်လေး မှေးမှိန်သွားခဲ့သလို ဖူလ်ဟမ် ကလည်း နောက်ဆုံးမိနစ်မှ အသဲခွဲခံလိုက်ရတာကြောင့် တန်းဆင်းဇုန် ဖိအားအောက်မှာ ဆက်လက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေခဲ့ပြီး ဖူလ်ဟမ် ကတော့ အဆင့် ၁၈ နေရာမှာပဲ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် စနေနေ့မှာ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ရှိပြီး ဖူလ်ဟမ် ကတော့ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်