နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာဇီယိုကို ဂိုးပြတ်ရှုံးပြီး အဆင့် ၅ နေရာထိပါ ဆင်းပေးလိုက်ရတဲ့ အေစီမီလန် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

လာဇီယို ၃ – ၀ အေစီမီလန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်(၃၃) ရဲ့ နောက်ကျပွဲစဉ် တစ်ပွဲမှာတော့ လာဇီယိုတို့ အေစီမီလန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အမှတ်ပေးချန်ပီယံဆု အတွက် ရင်ခုန်စရာ မရှိတော့ပေမယ့် ဥရောပဝင်ခွင့် အတွက် အမှားမခံတဲ့ အချိန်မျိုးမှာဖြစ်လို့ ပွဲက တော်တော်လေး ကြည့်ကောင်းခဲ့ပြီး အမှားများတဲ့ အေစီမီလန် အသင်းက ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်သလို အဆင့် ၅ နေရာအထိ ကျဆင်းခဲ့တာကြောင့်လည်း ရှုံးချက် တော်တော်လေး နာသွားခဲ့တယ်လို့ ဆိုရပါမယ်။

လာဇီယိုတို့ ဒီနေ့ပွဲမှာ သူတို့အသင်းရဲ့ အဓိက လူစာရင်းကို အပြောင်းအလဲ သိပ်မလုပ်ပဲ ပွဲထွက်လာခဲ့ပြီး ထုံးစံအတိုင်း တိုက်စစ်မှာ ဂျိုအာကွင်း အင်မိုဘီလီ၊ ကိုင်ရို အင်မိုဘီလီ၊ Full Back တွေ အဖြစ် လက်ဇာရီ၊ လူလစ်တို့ ကို ကစားစေပြီး ကွင်းလယ်မှာ မီလန်ကိုဗစ်ဆာဗစ်၊ လူးကပ်စ်လိုင်ဗာ၊ အဲလ်ဘတ်တို၊ နောက်တန်းမှာ မာရူဆစ်၊ အကာဘီ၊ ရာဒူ၊ ဂိုးမှာတော့ ပီပီရေနာကို အသုံးပြုခဲ့ပါတယ်။ အေစီမီလန် ဘက်မှာတော့ အီဗရာဟီမိုဗစ် မပါဝင်နိုင်ခဲ့လို့ မန်ဇူကစ်ကို အထောင်ထားပြီး ရီဘစ်၊ ဆယ်လီမေကာစ်၊ ချလနောဂလူ၊ ကတ်ဆီ၊ ဘန်နက်ဆာ၊ တွန်မိုရီ၊ ရှား၊ ဟာနန်ဒက်ဇ် တို့လို ကစားသမားကောင်းတွေ ပါဝင်ခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာတင် လာဇီယိုတို့ရဲ့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ကော်ရီယာကက အင်မိုဘီလီရဲ့ ဖန်တီးပေးပို့မှုကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ အိမ်ရှင် လာဇီယိုတို့ ဧည့်သည်အသင်းဘက်ကို တစ်ဖက်သတ် ဖိအားပေးနိုင်ခဲ့တယ် ဆိုပေမယ့် အေစီမီလန်ရဲ့ တန်ပြန်တိုက်စစ် ကစားပုံကို ဂိုးသမားရေနာနဲ့ နောက်ခံလူတွေ အကောင်းဆုံး တားဆီးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာ လက်ဇာရီရဲ့ ဂိုးကို VAR ပြန်ကြည့်ပြီး  လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ လာဇီယိုတို့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခွင့်နဲ့ ဝေးခဲ့ရပါတယ်။

ပထမပိုင်း အပြီးမှာတော့ လာဇီယိုတို ၁-၀ နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲကပိုပြီး အကြိတ်အနယ် ရှိခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ်မှာတော့ လာဇီယိုတို့ ဒုတိယဂိုး ထပ်မံရရှိသွားခဲ့ပြီး ဒီနေ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကော်ရီယာပဲ တစ်ကိုယ်တော်သွင်းဂိုး ရယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အေစီမီလန် ဘက်က မန်ဇူကစ်အစား၊ ရာဖေးလ်လီယောင်၊ ဆယ်လီမေကာစ် အစား ဘရာဟင်ဒီးရာ့ဇ် တို့ဝင်လာခဲ့ပေမယ့် လာဇီယို နောက်တန်းကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဲ့နောက်မှာလည်း ဒါးလော့တ်၊ တိုနာလီ၊ ရိုမက်ဂ်နိုလီတို့ ဝင်လာခဲ့ပေမယ့် အေစီမီလန်ရဲ့ ကစားပုံက ပိုကောင်းသွားခြင်း မရှိတဲ့ အပြင် ၈၇ မိနစ်မှာ အင်မိုဘီက လာဇီယို အတွက် တတိယဂိုး ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်တွေ မှာတော့ အင်ဇာဂီရဲ့ အသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ၃-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီရလဒ်ကြောင့် လာဇီယိုတို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့တယ် ဆိုပေမယ့် တကယ်တမ်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တောင် မျှော်လင့်ခွင့် ရှိနေပါသေးတယ်။
နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၆ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားတဲ့ လာဇီယို

ရောမသားတွေ အနေနဲ့ ပြီးခဲ့တဲ့ ပွဲတုန်းက နေပယ်သားတွေကို ဂိုးပြတ်ရှုံးခဲ့တဲ့ အရှုံးကို ဒီနေ့ပွဲမှာ ပေါက်ကွဲပြနိုင်ခဲ့ပြီး တိုက်စစ်က လူငယ်ကစားသမားလေး ကော်ရီယာရဲ့ တောက်ပမှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီရလဒ်ကြောင့် လာဇီယိုတို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့တယ် ဆိုပေမယ့် တကယ်တမ်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တောင် မျှော်လင့်ခွင့် ရှိနေပါသေးတယ်။ အေစီမီလန် ကတော့ စီးရီးအေ ၂ ပွဲဆက် အရှုံးကြောင့် အဆင့် ၂ နေရာ ကနေ အဆင့် ၅ နေရာအထိ ကျဆင်းသွားခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိုးရိမ်ရမယ့် အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာဇီယိုတို့ လာမယ့် မေလ ၂ ရက်နေ့မှာ ဂျီနိုအာနဲ့ ကစားဖို့ ရှိပြီး အေစီမီလန် ကတော့ ဘန်နီဗန်တိုနဲ့ စီးရီးအေ ပွဲစဉ်တွေကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်