နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုဆန်စ်ရဲ့ တောက်ပမှုနဲ့အတူ အကောင်းဆုံး ပြန်လာနိုင်ခဲ့တဲ့ ဂျာမနီ – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ပေါ်တူဂီ ၂ – ၄ ဂျာမနီ

(ရော်နယ်ဒို ၁၅’၊ ဂျိုတာ ၆၇’)  (ရူဘင်ဒီးရာ့စ် ၃၅’(OG)၊ ဂွာရဲရိုး ၃၉’(OG)၊ ကိုင်ဟာဗက်ဇ် ၅၁’၊ ဂိုဆန်စ် ၆၀’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စု(F) သို့မဟုတ် မရဏအုပ်စုရဲ့ ထိပ်သီးနှစ်သင်း တွေ့ဆုံပွဲမှာ ဂျာမနီ တို့ အကောင်းဆုံး ခြေစွမ်းနဲ့အတူ ပေါ်တူဂီကို ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ပေါ်တူဂီတို့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် အိမ်ရှင် ဂျာမနီရဲ့ ဂိုးရဖို့ ဖိအားပေးမှု ဒဏ်ကို ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိလို့ နောက်ခံလူတွေရဲ့ အမှားကနေ တစ်ဆင့် ဂိုးတွေ ဆက်တိုက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

အဖွင့်ပွဲစဉ်မှာ ပြင်သစ်ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်နိုင်ခဲ့ပေမယ့် နောက်ခံလူ ဟူးမဲလ်စ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိတဲ့ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရလို့ အခုပွဲမှာတော့ အစဉ်အလာအရ အနိုင်ရဖို့ မခက်တဲ့ ပေါ်တူဂီ ဆီကနေ အနိုင် ၃ မှတ်ရဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမယ့် ဂျိုအာချင်လိုး အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်က လူစာရင်းကို လုံးဝ အပြောင်းအလဲ မလုပ်ခဲ့သလို ပေါ်တူဂီ နည်းပြ ဆန်းတို့စ် ကလည်း ပြီးခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း ပြန်လည် အသုံးပြုခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ တန်ပြန်တိုက်စစ် ကနေ ပေါ်တူဂီတို့ အဖွင့်ဂိုး စတင် ရရှိသွားခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒိုက သူ့အတွက် ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၁၂ ဂိုး ကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဂျာမနီရဲ့ ချေပဂိုး ရဖို့ ကြောက်ခမန်းလိလိ ထိုးဖောက်မှုတွေ အောက်မှာ ပေါ်တူဂီတို့ အလူးအလဲ ခံခဲ့ရပြီး နောက်တန်းက ပီပီ၊ ဒီးရာ့စ်၊ ဂွာရဲရိုးတို့ ၃ ဦးစလုံး အမှားတွေ မကြာခဏ လုပ်မိလာတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ ပွဲကစားချိန် ၃၅ မိနစ် ကနေ ၃၉ မိနစ် အတွင်း ဒီးရာ့စ်နဲ့ ဂွာရဲရိုး တို့ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ကြလို့ ဂျာမနီတို့ ချေပဂိုးအပြင် ဦးဆောင်ဂိုးပါ ရရှိခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာ ၁-၂ ရလဒ်နဲ့ ဂျာမနီတို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပွဲစပြီး ၅ မိနစ် အကြာမှာတင် ဂိုဆန်စ်ရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ကိုင်ဟာဗက်ဇ် က တတိယဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် မိနစ် ၆၀ မှာ ကင်မစ်ချ်ရဲ့ ပံ့ပိုးမှုနဲ့ ဂိုဆန်စ်က ဂျာမနီအတွက် ၄ လုံးမြောက် သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၇ မိနစ်မှာ ဂျိုတာက ပေါ်တူဂီ အတွက် ဒုတိယ ချေပဂိုး သွင်းပေး ခဲ့ပေမယ့် လက်ကျန် မိနစ်တွေမှာ ဂိုးတွေ ထပ်မရတော့လို့ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဂျာမနီတို့ အခုနိုင်ပွဲကြောင့် ပေါ်တူဂီနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူ ထိပ်တိုက်တွေ့ဆုံမှု အသာနဲ့ ယူရို ၂၀၂၀ ရဲ့ အုပ်စု(F) ရဲ့ ဒုတိယ နေရာကို ရောက်ရှိလာခဲ့ပြီး ပေါ်တူဂီ ကတော့ တတိယနေရာအထိ ဆင်းပေးခဲ့ရပါတယ်။

အိမ်ရှင် ဟန်ဂေရီ ကတော့ ဂျာမနီနဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အနိုင်ရမှပဲ ယူရို ၂၀၂၀ ရဲ့ အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ရှုံးထွက်အဆင့် တက်ရောက်နိုင်ရေး အတွက် နောက်ဆုံးပွဲမှာ ဂျာမနီကို အနိုင်ကစားရမယ့် ဟန်ဂေရီ

 

ကြယ်ပွင့် ကစားသမား – ရော်ဘင် ဂိုဆန်စ်

(စာရေးသူ စိတ်ကြိုက်ကစားသမား – ရော်ဘင် ဂိုဆန်စ်)

ဒီနေ့ပွဲရဲ့ ကြယ်ပွင့်ကစားသမားဆု ကိုတော့ ဂျာမန် တောင်ပံ ကစားသမား ရော်ဘင် ဂိုဆန်စ်က ရရှိသွားခဲ့ပါတယ်။ တစ်ဆက်တည်း ဆိုရရင် စာရေးသူဟာ ရော်နယ်ဒိုရဲ့ ပရိသတ် တစ်ဦးပေမယ့် ဒီနေ့ပွဲ မှာတော့ ဂိုဆန်စ်ရဲ့ ခြေစွမ်းကို တော်တော်လေး ကြွေခဲ့ပါတယ်။ အီတလီ စီးရီးအေ ကလပ် အတ္တလန္တာ ကနေ စတင်တောက်ပလာခဲ့တဲ့ ဂျာမန် ကြယ်ပွင့် ဂိုဆန်စ်ဟာ ၂၆ နှစ်သာ ရှိသေးပေမယ့် ဂတ်စပီရီနီရဲ့ အသင်းမှာ အဓိက ကစားသမား ဖြစ်ခဲ့သူပါ။ လက်ရှိ ယူရို ၂၀၂၀ မှာ ဂျာမန်တို့ အတွက် အားကိုးရမယ့် ကစားသမား ဖြစ်လာဖို့ ရှိနေပြီး ဂျိုအာချင်လိုး အနေနဲ့ ဂိုဆန်စ်ကို ဘာကြောင့် သဘောကျပြီး ပွဲထွက်လူစာရင်းမှာ တောက်လျောက် သုံးလာခဲ့သလဲ ဆိုတာ မနေ့ညက ပွဲစဉ်က အဖြေပါပဲ။ ဂျာမနီတို့ ရရှိခဲ့တဲ့ သွင်းဂိုး ၄ ဂိုးစလုံးမှာ ပါဝင် ပတ်သတ်ခဲ့ပြီး ကိုင်ဟာဗက်ဇ်ရဲ့ သွင်းဂိုး အတွက် ဖန်တီးမှု ပြုလုပ်သလို ကိုယ်တိုင်လည်း သွင်းဂိုး ၂ ဂိုး အထိ သွင်းဖို့ နီးစပ်ခဲ့ပါတယ်။ ဂိုဆန်စ်ဟာ ဂျာမနီ အတွက် အဖွင့်ဂိုးကို လှလှပပ ပိတ်သွင်းနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ကံဆိုးစွာနဲ့ လူကျွံဘော အဖြစ်သာ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
 

ပွဲပြီးအချက်အလက်များ

  • ဂျာမနီတို့ ယူရို အုပ်စု ပွဲစဉ်တွေမှာ ပထမဦးဆုံး အကြိမ် အဖြစ် တစ်ပွဲထဲ ၄ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
  • ဂျာမနီတို့ ပေါ်တူဂီနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲစလုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
  • ဂျာမနီတို့ ပေါ်တူဂီနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲစလုံး ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ပါတယ်။
  • ရော်နယ်ဒို အနေနဲ့ ပေါ်တူဂီ အတွက် ကစားပေးထားတဲ့ ၄၄ ပွဲမှာ ၄၆ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။
  • ပေါ်တူဂီတို့ ဂျာမနီကို ရှုံးနိမ့်ခဲ့တာကြောင့် နိုင်ငံတကာပွဲစဉ် ၇ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ပျက်သွားခဲ့ပေမယ့် နောက်ဆုံး ကစားထားတဲ့ ၃၁ ပွဲမှာ ရှုံးပွဲ ၃ ပွဲပဲ ရှိခဲ့ပါတယ်။
  • အခုပွဲ မတိုင်ခင် ပေါ်တူဂီတို့ ကစားထားတဲ့ နောက်ဆုံး ၁၃ ပွဲမှာ ၉ ပွဲဟာ ပေးဂိုး လုံးဝ မရှိခဲ့တာ တွေ့ရပါတယ်။
  • ယူရိုပြိုင်ပွဲ အုပ်စုပွဲစဉ် ၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်လည်း ပျက်ခဲ့ရတဲ့ ပေါ်တူဂီတို့ မှတ်မှတ်ရရ ၂၀၁၂ ယူရိုမှာ ဂျာမနီကို နောက်ဆုံးအကြိမ် ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့် တစ်ပတ် စနေနေ့မှာ ဂျာမနီတို့ ဟန်ဂေရီကို မြူးနစ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပြီး ပေါ်တူဂီ ကတော့ ပြင်သစ်နဲ့ ဘူဒါပတ်စ် မှာ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်