နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှားလုပ်မှာ မဟုတ်တဲ့ အတ္တလန္တာ – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

အတ္တလန္တာ – ဘန်နီဗန်တို

အခုတစ်ပတ်ကြားရက်မှာတော့ စီးရီးအေ ပွဲစဉ်တွေ ဆက်လက်ကစားဖို့ ရှိနေပြီး အတ္တလန္တာ တို့ကတော့ တန်းဆင်းဇုန်ထဲက ဘန်နီဗန်တိုနဲ့ ကစားရမှာ ဖြစ်လို့ ပွဲချောင်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လက်တလော စီးရီးအေ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီးတော့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ကျိန်းသေပေါက် ရရှိဖို့အတွက် အတ္တလန္တာတို့ အမှားလုပ်မှာ မဟုတ်သလို ဘန်နီဗန်တို ကလည်း တန်းမဆင်းရရေး အတွက် မျှော်လင့်ချက် အပြည့်ရှိနေသေးလို့ အားကုန် ရုန်းလာမယ့်ပွဲလည်း ဖြစ်ပါတယ်။

အတ္တလန္တာတို့ စီးရီးအေ မှာ နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲမရှိခဲ့သလို ရိုးမားနဲ့ ဆာဆူအိုလို တို့ကို သရေကျခဲ့တဲ့ ပွဲကလွဲရင် ကျန်ပွဲစဉ်တွေ အားလုံးကို အနိုင်ရထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အဆင့် ၃ နေရာက အေစီမီလန်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာ၊ အဆင့် ၄ နေရာက နာပိုလီကို ၂ မှတ်အသာ၊ အဆင့် ၅ နေရာက ဂျူဗင်တပ်စ်ကို ၃ မှတ် အသာရထားပေမယ့် လက်ကျန်ပွဲစဉ် ၃ ပွဲစလုံးကို ရလဒ်ကောင်းမှသာ ချန်ပီယံလိဂ် ဝင်ခွင့် သေချာမှာ ဖြစ်ပါတယ်။ ဂတ်စပီရီနီရဲ့ အသင်းက လက်ရှိ စီးရီးအေမှာ တိုက်စစ်စုဖွဲ့မှု အကောင်းဆုံး ဖြစ်ပြီး ၃၅ ပွဲ ကစားပြီးချိန်အထိ ရဂိုးက ၈၄ ဂိုးအထိ ရှိထားလို့ ကျန်အသင်းတွေ အားလုံးထက် သာလွန်နေတာ တွေ့ရပါတယ်။  မယ်လင်နော့ဗ်စကီး၊ ဒူဗန်ဇာပါတာ၊ လူးဝစ် မူရီရယ်၊ ပက်ဆီနာ တို့ရှိနေတဲ့ တိုက်စစ်က နောက်ဆုံး ၅ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူထားတာ‌ တွေ့ရပါတယ်။ အသင်းကြီးတွေနဲ့ ပွဲမှာ ဂိုးသွင်းနည်းတတ်ပေမယ့် အသင်းငယ်တွေနဲ့ ဆိုရင်တော့ ဂိုးပြတ် အနိုင်ယူလေ့ရှိတဲ့ အတ္တလန္တာတို့ အခုပွဲမှာလည်း ခြေစွမ်းကျဆင်းနေတဲ့ ဘန်နီဗန်တိုကို ကျိန်းသေပေါက် ဂိုးပြတ်အနိုင်ယူဦးမှာ သေချာပါတယ်။ လက်တလော အသင်းမှာ ခံစစ်က ရာဖေးလ်တိုလိုင် တစ်ဦးတည်း ဒဏ်ရာပြသနာ ရှိနေပြီး ကျန်အဓိက ကစားသမားတွေ ကတော့ ပုံမှန်ပွဲထွက်ကစားနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

ဖိလစ်ပို အင်ဇာဂီရဲ့ အသင်းကတော့ ဂျူဗင်တပ်စ်ကို အနိုင်ရပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ပါးမား၊ ဂျီနိုအာ တို့ကို သရေကျခဲ့တာကလွဲရင် အကုန်ရှုံးထားပါတယ်။ ဘန်နီဗန်တိုတို့ နောက်ပိုင်း ပွဲစဉ်တွေမှာ အသင်းကြီးတွေကို အခက်တွေ့အောင် လုပ်နိုင်ခဲ့တာ တွေ့ရပေမယ့် ပွဲပြီးရင်တော့ အရှုံးရလဒ်ပဲ ရင်ဆိုင်ခဲ့ရတဲ့ အသင်း ဖြစ်တယ်။ လက်ရှိ စီးရီးအေ ရဲ့ တတိယမြောက် ခံစစ် အဆိုးဆုံး အသင်းလို့ သတ်မှတ်ရမယ့် ဘန်နီဗန်တို ကတော့ အတ္တလန္တာရဲ့ ထက်မြတ်တဲ့ တိုက်စစ်ကို ခံကစားနိုင်ဖို့ မရှိသလို ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု တွေတုန်းကလိုပဲ ဂိုးပြတ် အရေးနိမ့်သွားဖို့ များပါတယ်။ အခုပွဲမှာ ဘန်နီဗန်တိုရဲ့ အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ မွန်စီနီ၊ ဆော၊ ချီရက်တာရယ်လာ တို့ လွဲချော်ဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ၃ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး အတ္တလန္တာက ၃ ပွဲစလုံး အနိုင်ရထားကာ ဂိုးပြတ်သွင်းထားတဲ့ ပွဲကလည်း ၂ ပွဲအထိ ရှိထားပါတယ်။ ဒီရာသီ ပထမအကျော့ ပွဲစဉ်မှာတော့ အတ္တလန္တာတို့ မူရီရယ်၊ ဇာပါတာ၊ အီလီချစ်ခ်၊ တိုလိုင် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ထားပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်