ဖီအိုရင်တီးနား – နာပိုလီ
ရာသီကုန်ခါနီးပြီ ဖြစ်ပေမယ့် စီးရီးအ မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် လက်ကျန် ၃ နေရာ အတွက် အတ္တလန္တာ၊ အေစီမီလန်၊ နာပိုလီ၊ ဂျူဗင်တပ်စ်တို့ အပြိုင်လုရဦးမှာ ဖြစ်လို့ ရင်ခုန်စရာကောင်းနေဆဲ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ နာပိုလီတို့ ဖီအိုရင်တီးနား အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်လို့ အနည်းငယ် ပွဲကြပ်နေတယ် ဆိုပေမယ့် ပထမအကျော့တုန်းကလို ခြေစွမ်းပြ ဂိုးပြတ်သွင်းယူနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။
နာပိုလီတို့ ဂျူဗင်တပ်စ်ရဲ့ ပွဲကြပ်ကစားရမှုကို တတ်နိုင်သမျှ အခွင့်ကောင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ ဂျူဗင်တပ်စ်တို့ အင်တာမီလန်ကို ရှုံးရင် နာပိုလီ စိတ်ပူစရာ မရှိပေမယ့် အနိုင်ရသွားခဲ့ရင်တော့ နာပိုလီ အတွက် အနည်းငယ် စိုးရိမ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ အတ္တလန္တာ၊ အေစီမီလန်တို့ အခုတစ်ပတ်မှာ ပွဲချောင်နေလို့ နာပိုလီ အတွက် အခုပွဲက အရေးကြီးပါတယ်။ နာပိုလီရဲ့ လက်ရှိ ခြေစွမ်းပိုင်းအရဆိုရင် အတက်ပိုင်းကို ရောက်နေတယ်လို့ ဆိုနိုင်ပြီး စီးရီးအေ မှာ ရှုံးပွဲမရှိတာ ၇ ပွဲအထိ ရှိခဲ့ပါပြီ။ အင်ဆစ်ဂနီ၊ လိုဇာနို၊ ဗစ်တာ အော့စီမန်၊ ဇီလင်းစကီး တို့ ဂိုးသွင်းခြေ တွေ့နေပြီး နောက်ဆုံး ၅ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ တွေ့ရပါတယ်။ ကက်ဂလီယာရီရဲ့ တန်းဆင်းဇုန် ရုန်းအားကြောင့် နာပိုလီတို့ မထင်မှတ်ပဲ သရေတစ်မှတ်ပဲ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ပွဲမှာ စပီဇီယာကို ၁-၄၊ အူးဒီးနီးစ် ကို ၅-၁နဲ့ နိုင်ပွဲတွေ ပြန်ရှာထားနိုင်ပါတယ်။ နာပိုလီ တို့ စီးရီးအေ ၂ ပွဲကစားဖို့ ကျန်ရှိတဲ့ အချိန်မှာ ဖီအိုရင်တီးနားနဲ့ ပြီးရင် နောက်ဆုံးပွဲမှာတော့ ခြေစွမ်း မာကျောတဲ့ ဗီရိုနာနဲ့ ကစားရမှာ ဖြစ်လို့ နှစ်သင်းစလုံးက တကယ်ကစားရင် အနိုင်ရဖို့ လွယ်ကူပေမယ့် ပေါ့ဆရင်တော့ ဂတ်တူဆိုရဲ့ အသင်းက ယူရိုပါလိဂ် ဆင်းကစားသွားရမယ့် အခြေအနေ ဖြစ်ပါတယ်။ အဓိက နောက်ခံလူ ကူလီဘာလီ ဒဏ်ရာက မသက်သာသေးပေမယ့် မန်နိုလက်စ်၊ ရာမန်နီ၊ ဒီလိုရန်ဇို၊ ဟိုင်ဆက်ဂျ်တို့ ခံစစ်က အကောင်းဆုံး ထိန်းထားနိုင်တာ တွေ့ရပြီး နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုးသာပေးထားရတာကြောင့် မဆိုးဘူးလို့ ပြောရပါမယ်။
ဖီအိုရင်တီးနား ကလည်း စီးရီးအေ နောက်ဆုံး ၅ ပွဲမှာ ဗီရိုနာနဲ့ လာဇီယိုကို အနိုင်ကစားပြီး ဂျူဗင်တပ်စ်ကို သရေ ကစားထားနိုင်လို့ ခြေစွမ်းအကောင်းကြီး မဟုတ်ရင်တောင် မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘိုလော့ဂ်နာကို ဦးဆောင်ဂိုးတွေ သွင်းပြီးမှ သရေကျခဲ့တာ ကက်ဂလီယာရီကို ကံကောင်းလို့ သရေကျခဲ့တာတွေ ကတော့ ဖီအိုရင်တီးနား အတွက် စိတ်ပျက်စရာပါပဲ။ ဒီပွဲတွေကို ပြန်ပြီး သုံးသပ်ကြည့်ရင် ဖီအိုရင်တီးနားရဲ့ ခြေစွမ်းက အတက်အကျ မမှန်သလို ကောင်းတဲ့ပွဲမှာ အရမ်းကောင်းပြီး ညံ့တဲ့ပွဲမှာ ဆိုရင် တော်တော်လေး ညံ့နေတာကြောင့် ခန့်မှန်းရခက်ပါတယ်။ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ဖီအိုရင်တီးနားတို့ တန်းဆင်းဇုန် အန္တရာယ်လည်း မရှိတော့သလို အမှတ်လည်း မလိုတော့ပေမယ့် အခုပွဲမှာ ကစားအား လျှော့လိုက်မယ်တော့ မထင်ပါဘူး။ အသင်းရဲ့ ဂုဏ်သိက္ခာအတွက် အတတ်နိုင်ဆုံး နာပိုလီကို ခံကစားပြီး ရာသီအကုန်မှာ အဆင့် ၁၀ နေရာအတွင်း ဝင်ဖို့ အတွက်တော့ ရည်ရွယ်နေပါလိမ့်မယ်။ လက်ရှိမှာတော့ ကွင်းလယ်က ဗယ်လီရို တစ်ဦးတည်း ဒဏ်ရာပြသနာ ရှိနေပြီး ကျန်ကစားသမားတွေ အားလုံး ပွဲထွက် ကစားနိုင်ဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
၂၀၁၀ ခုနှစ်နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံ ကစားခဲ့တဲ့ ၂၃ ပွဲမှာ နာပိုလီတို့ ၁၂ ပွဲအနိုင်ရပြီး ဖီအိုရင်တီနားကတော့ ၃ ပွဲပဲ ပြန်ပြီး အနိုင်ရထားတယ်။ သရေပွဲ ၈ ပွဲအထိ ရှိခဲ့ပေမယ့် နောက်ပိုင်း တွေ့ဆုံမှု တော်တော်များများမှာ ပြတ်သားတဲ့ ရလဒ်ထွက်ပေါ်ခဲ့တာ များတယ်။ ဖီအိုရင်တီးနား အိမ်ကွင်း အာတီမီယို ဖရန်ချီမှာ ကစားခဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ နာပိုလီတို့ ၁ ကြိမ်သာ အနိုင်ရပြီး ၃ ပွဲ သရေ၊ ၁ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၆.၀၀ ဆ နဲ့ ဧည့်သည် အသင်းအတွက် ၁.၄၄ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဖီအိုရင်တီးနားတို့ ခြေပြန်မှန်လာတယ် ဆိုပေမယ့်လည်း နိုင်ပွဲယူနိုင်တဲ့ အခြေအနေမျိုးတော့ မရှိသေးဘူး။ နာပိုလီ ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှတ်လျော့လို့ မရတဲ့ အခြေအနေ ဖြစ်လို့ ပွဲတိုင်းကို အားထည့်ကစားနေတယ်။ စုဖွဲ့မှု အားကောင်းတဲ့ နာပိုလီကိုပဲ ပိုသဘောကျပါတယ်။ နာပိုလီ အနိုင်သေချာပါတယ်။ နှစ်သင်းပေါင်းသွင်းဂိုး ၃ ဂိုးနဲ့ အထက်ရှိနိုင်တယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.