နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါး)

ဇူလိုင်လ ၂၂ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ စိတ်ဝင်စားဖွယ် ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းတွေကို စုံစုံလင်လင် စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခုတစ်ခါ မှာတော့ SBOTOP ပရိသတ်တွေ အနေနဲ့ မန်ချက်စတာစီးတီး၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး အသင်းတွေရဲ့ အပြောင်းအရွှေ့ ဈေးကွက်လှုပ်ရှားမှုတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
 

မန်ချက်စတာစီးတီး

Goal.com ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အနေနဲ့ အဂွဲရိုးကို ဘာစီလိုနာ အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးခဲ့ရပြီး နောက်ပိုင်း တိုက်စစ်မှူး တစ်ဦး အသည်းအသန် ရှာဖွေနေပြီး နောက်ဆုံး ဖော်ပြထားတဲ့ သတင်းတွေ မှာတော့ ဟာရီကိန်း၊ အာလင်းဟာလန်း၊ လူကာကူ၊ ဂရစ်ဇ်မန်း၊ ရောဘတ်လီဝမ်ဒေါစကီး တို့ထဲက တစ်ဦးကို အရခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ နည်းပြ ပပ်ဂွာဒီယိုလာ ကတော့ အသင်း အတွက်  တိုက်စစ်မှူးသစ် ခေါ်ယူဖို့ မလိုအပ်ဘူးလို့ စပိန်နာမည်ကြီး မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောကြားထားခဲ့ပေမယ့် လက်တလော အပြောင်းအရွှေ့ကာလ မှာတော့ အသံတွေ ကျယ်ကျယ်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဝုဖ်ဘတ် အသင်းကို ရောက်ရှိသွားတဲ့ အသက် ၂၂ နှစ် အရွယ် ဂျာမနီ တိုက်စစ်မှူး လူးကပ်စ် မီချာရဲ့ ဖွင့်ဟချက်အရ ဆိုရင် မန်စီးတီး တို့ ဟာရီကိန်းနဲ့ အာလင်း ဟာလန်း တို့ နှစ်ဦးကို အသည်းအသန် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထူးခြားချက်က ဝက်စ်ဘရွန်း၊ အဲဗာတန်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက် အသင်းတို့မှာ ကစားသွားခဲ့တဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ကိုလည်း ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ အပြိုင် စိတ်ဝင်စားနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ လက်ရှိ တိုက်စစ်မှူး ဖာရန်း တောရက်စ်‌ရဲ့ ပြောကြားချက်အရ ဆိုရင် ဘာစီလိုနာ တိုက်စစ်မှူး အန်တွန်နီ ဂရစ်ဇ်မန်း ဟာလည်း မန်စီးတီးထံ ပြောင်းရွှေ့လာနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေသလို ဂျက်ဂရီးလစ်ရှ်၊ ရောဘတ်လီဝမ်ဒေါစကီး တို့လည်း စီးတီးရဲ့ ပစ်မှတ် စာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

အသင်း ကနေ ထွက်ခွာနိုင်ဖွယ်ရှိတဲ့ ကစားသမား စာရင်းမှာတော့ တောင်ပံကစားသမား ရီယက်ဒ် မားရက်ဇ်၊ ရာဟင်မ် စတာလင်၊ ဂါဘရီရယ် ဂျီဆုစ် တို့ ၃ ဦး ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြခဲ့တဲ့ မားရက်ဇ် ကိုတော့ ကလပ် ဘက်က စာချုပ်သက်တမ်း တိုးဖို့ ပြင်ဆင်နေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေတယ်လို့ သိရပါတယ်။ စတာလင် ကိုတော့ ကစားသမားသစ် ခေါ်ယူမှုရဲ့ အစိတ်အပိုင်း အနေနဲ့ ထည့်သွင်း အသုံးပြုဖို့ ရှိနေတယ်လို့ သိရပြီး ဂါဘရီရယ် ဂျီဆုစ် ကတော့ ဂျူဗင်တပ်စ်နဲ့ သတင်းတွေ ထွက်နေဆဲ ဖြစ်ပါတယ်။

 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – စကော့ ကာဆန်

အထွက် – ဆာဂျီယို အဂွဲရိုး၊ အဲရစ်ဂါစီယာ၊ ဒန်နီရယ် ဂရင်မ်ရှော၊ တေလာဟားဝုဒ် ဘဲလစ်၊ ဂျိမ်းစ် ထရက်ဖို့ဒ် (အငှား)၊ ယာဗင် ဘာဇူနူ(အငှား)၊ လီဝစ် ဖီအိုရီနီ (အငှား)၊ အလက်ဇန္ဒား ရော်ဘတ်ဆန် (အငှား)၊ ကော်လမ်ဒွိုင်းလ်၊ လူးကပ်စ် မီချာ
 

ချဲလ်ဆီး

ချဲလ်ဆီး အနေနဲ့ ကလည်း အဓိက တိုက်စစ်မှူး တစ်ဦး အပူတပြင်း ရှာဖွေ နေရတဲ့ အသင်း ဖြစ်ပြီး လက်ရှိအချိန် အထိတော့ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ကစားသမား တစ်ဦးမှတော့ အဆင်ပြေပြေ ခေါ်ယူထားနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ နောက်ဆုံး ဖော်ပြထားတဲ့ သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်အနေနဲ့ ဟာလန်း အတွက် ပေါင်သန်း ၁၀၀ ကျော်နဲ့ ထပ်မံ ကမ်းလှမ်းသွားဖို့ ရှိနေသလို ဘေယန်မြူးနစ်က ရောဘတ်လီဝမ်ဒေါစကီး ကိုလည်း ပေါင်သန်း ၅၀ နဲ့ မန်ချက်စတာမြို့ခံနှစ်သင်းနဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့ ဈေးကွက်မှာ လစ်ဗာပူးလ်၊ ဘာစီလိုနာ တို့နဲ့ နာမည်ကြီးနေတဲ့ အက်တလက်တီကို မက်ဒရစ်က ဆာအူးလ် နီဂွက်စ်ကို ကြားဖြတ် ခေါ်ယူဖို့ သတင်းတွေ ထွက်နေခဲ့ပြန်ပါတယ်။ ကွင်းလယ် မှာတော့ ဝက်စ်ဟမ်းက ဒက်ကလန် ရိုက်စ်ကို ‌ကြိုးပမ်းနေတယ်လို့ သိရပြီး စတုဂတ် တိုက်စစ်မှူး ဆာဆာ ကလက်ဂျ်ဇစ် ကတော့ ချဲလ်ဆီးရဲ့ ပစ်မှတ် စာရင်းထဲမှာ ပါဝင်လာခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ချဲလ်ဆီး အနေနဲ့ ဂျူဗင်တပ်စ် တောင်ပံ ကစားသမား ဖက်ဒရစ်ကို ခီယေဇာကို ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်း ခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဘာစီလိုနာ တိုက်စစ်မှူး အန်တွန်နီ ဂရစ်ဇ်မန်း ကိုလည်း ကြိုးပမ်းဖို့ အစီအစဉ် ရှိနေတယ်လို့ Daily Express မှာ ဖော်ပြပါတယ်။ ဒါ့အပြင် အင်တာမီလန် က ရိုမယ်လူ လူကာကူကို ခေါ်ယူဖို့ အတွက် သတင်းတွေ ငြိမ်သက်သွားခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ ပစ်မှတ်ထားနေတဲ့ စာရင်းထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။ သောမက်စ် တူဟယ် အနေနဲ့ ခံစစ်ပိုင်း အတွက် ကိုတော့ ဆီဗီလာ အသင်းရဲ့ လူငယ် ဗဟို ခံစစ်မှူး ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူဖို့ အသင်းထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ကွန်ဒေး ကိုတော့ တော့တင်ဟမ်ဟော့စပါး အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပြီး ချဲလ်ဆီးက ကြားဖြတ် ခေါ်ယူနိုင်ဖို့ အဆင်သင့် ရှိနေတာ ဖြစ်ပါတယ်။

အသင်းကနေ ထွက်ခွာဖို့ သတင်းထွက်နေသူတွေ ကတော့ အားလုံးသိပြီးကြတဲ့ အတိုင်း တိုက်စစ်မှူး တမ်မီအေဗရာဟမ်၊ ကော်နာ ဂါလယ်ဂါ၊ ဟန်နရီ လောရန့်စ် တို့ပဲ ဖြစ်ပါတယ်။
 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

ကစားသမားသစ် တော်တော်များများ ခေါ်ယူဖို့ ရှိနေတဲ့ တော့တင်ဟမ်ဟော့စပါး
ပရီးမီးယားလိဂ် ကလပ်ဆီ အငှားနဲ့ ရောက်ရှိလာတဲ့ အတ္တလန္တာ ဂိုးသမား ဂိုလီနီ

အဝင် – မရှိသေး

အထွက် – ဖီကာယို တွန်မိုရီ (အေစီမီလန်၊ ပေါင် ၂၅ သန်း)၊ ဝီလီ ကာဘယ်လီယို၊ အစ်ဇီ ဘရောင်း၊ ဂျမဲလ် ဘလက်ခ်မန်း၊ ပီရီအက်ခ်ဝါအီလင်ဘီ၊ ဒန်နီလို ပန်တစ်၊ ဗစ်တာမော့ဆက်စ်၊ အိုလီဗီယာ ဂျီရူး၊ မာ့ခ်ဂူဟီ၊ နေသန်ဘက်စ်တာ (အငှား)၊ ဘီလီ ဂီလ်မော (အငှား)၊ ဂျူအန် ကတ်စတီလို (အငှား)၊
 

တော့တင်ဟမ်ဟော့စပါး

နောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ ပရီးမီးယားလိဂ် မြောက်လန်ဒန် ကလပ် အနေနဲ့ ဆီဗီလာ လူငယ်တောင်ပံ ကစားသမား ဘရိုင်ယန် ဂေလ် ကို အဲရစ်ခ် လာမယ်လာနဲ့ ဒဲ့အလဲအလှယ် ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် အီတလီ စီးရီးအေ ကလပ် အတ္တလန္တာရဲ့ ဂိုးသမား ပီယာလီဂီ ဂိုလီနီ ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သလို နောက်ခံလူ ရိုမဲရိုး ကို ခေါ်ယူဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ် အသင်းက ပြန်လည် ကြိုးပမ်းလာဖွယ်ရှိနေတဲ့ ရီနာတို ဆန်းချက်စ် ကို ခေါ်ယူနိုင်ဖို့လည်း မျှော်လင့်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

အသင်းက ထွက်ခွာဖို့ သတင်းကြီးနေတဲ့ သူကတော့ အားလုံး သိပြီးကြတဲ့ အတိုင်း ဟာရီကိန်းပဲ ဖြစ်ပြီး နည်းပြ ဖြစ်သူ နူနို အက်စ်ပီရီတို ဆန်တိုနဲ့ အသင်း တာဝန်ရှိသူတွေ ကတော့ အသက် ၂၇ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး ကိုတော့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လိုလားနေတဲ့ သဘောမှာ ရှိပါတယ်။
 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – မရှိသေး

အထွက် – ဒန်နီရို့စ် (အလွတ်)၊ ပေါ်လို ဂက်ဇာနီဂါ၊ ကာဇီးယား စတာလင်၊ ဂျူအန်ဖွိုက်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်