နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုပါအမေရိကချန်ပီယံဆုကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ၇ ကြိမ်မြောက် ဘယ်လွန်ဒေါဆုရရှိဖို့ ရေပန်းစားနေပြန်တဲ့ မက်ဆီ

နှစ်စဉ် ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတစ်ဦးကိုရွေးချယ် ချီးမြှင့်လေ့ရှိတဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲကြီးကတော့ မကြာခင်မှာကျင်းပဖို့ ရှိနေပါတယ်။ကိုဗစ် ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့တဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲအခမ်းအနားကတော့ အခုနှစ်မှာကျိန်းသေပေါက် ပြန်လည် ကျင်းပနိုင်ဖို့ ရှိကြောင်းကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အစောပိုင်းကတည်းကကြေညာထားပြီးဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်ကစပြီးပြင်သစ်ဘောလုံးမဂ္ဂဇင်းကတာဝန်ယူကျင်းပတဲ့ ဘယ်လွန်ဒေါဆုကိုအများဆုံးပိုင်ဆိုင်ထားတဲ့ ကစားသမားကတော့ ဘာစီလိုနာနဲ့ အာဂျင်တီးနားနာမည်ကျော် တိုက်စစ်မှူးလီယွန်နယ် မက်ဆီဖြစ်ပြီး ၆ ကြိမ် အထိပိုင်ဆိုင်ထားခဲ့ပါတယ်။ လက်ရှိမှာလည်းအာဂျင်တီးနားလက်ရွေးစင် အသင်းကိုပါအမေရိကချန်ပီယံဆုကိုင်မြှောက် နိုင်ဖို့ အတွက် အဓိကစွမ်းဆောင်ပေးခဲ့တဲ့ မက်ဆီအနေနဲ့ ဘယ်လွန်ဒေါဆုကို ၇ ကြိမ်မြောက် စံချိန်တင် ရရှိနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ်၊ ယူရို ၂၀၂၀၊ ကိုပါအမေရိကစွမ်းဆောင်ရည်တွေပေါ်မူတည်ပြီးတော့ Goal.com၊ 90 Minနဲ့ The Sun သတင်းတွေမှာဖော်ပြထားချက်အရဘယ်လွန်ဒေါဆုအတွက် ရေပန်းအစားဆုံးကစားသမားတွေကတော့…
 
၁ | လီယွန်နယ် မက်ဆီ (ဘာစီလိုနာ)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ၃၃ ဂိုး၊ ဖန်တီးမှု ၁၄ ကြိမ်၊ ကိုပါအမေရိကနဲ့ ကိုပါဒယ်ရေးဖလား

ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် နိုင်ငံတကာချန်ပီယံဆုအဖြစ် အာဂျင်တီးနားလက်ရွေးစင် အသင်းနဲ့  ၂၀၂၁ ခုနှစ် ကိုပါအမေရိကဖလားကိုင်မြှောက်နိုင်ခဲ့အပြီးမှာတော့လီယွန်နယ် မက်ဆီဟာဘယ်လွန်ဒေါဆုအတွက် ထိပ်ဆုံးကရေပန်းစားနေသူဖြစ်ပါတယ်။မက်ဆီအနေနဲ့ နောက်ဆုံးပေးအပ်ခဲ့တဲ့ ဘယ်လွန်ဒေါဆုကိုရရှိခဲ့ခြင်းနဲ့ ပတ်သတ်ပြီးအငြင်းပွားစရာရှိခဲ့ပေမယ့် ဒီနှစ် မှာတော့ အငြင်းပွားဖွယ်မရှိပိုင်ဆိုင်သင့်တဲ့ ကစားသမားဖြစ်ကြောင်းထောက်ခံအားပေးသူများစွာရှိနေခဲ့ပါတယ်။ကိုပါအမေရိကဖလားမှာပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးကစားသမားဆုတွေရရှိခဲ့တဲ့ မက်ဆီအနေနဲ့ ၇ ကြိမ်မြောက် ဘယ်လွန်ဒေါဆုရရှိဖို့ အကောင်းဆုံးအခြေအနေမှာရှိနေပြီးဒီဇင်ဘာလမှာကျင်းပမယ့် ဆုပေးပွဲမှာထပ်ပြီးအောင်ပွဲခံနိုင်ဦးမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

 
၂ | ရောဘတ်လီဝမ်ဒေါစကီး (ဘေယန်မြူးနစ်)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ၃၄ ဂိုး၊ ဖန်တီးမှု ၄ ကြိမ်၊ ဘွန်ဒက်စ်လီဂါနဲ့ ကလပ်ကမ္ဘာ့ဖလား

အမှန်တကယ်တော့ မနှစ်ကသာဘယ်လွန်ဒေါ ဆုပေးပွဲကျင်းပဖြစ်ခဲ့ရင် ချွင်းချက်မရှိကျိန်းသေပေါက် ပိုင်ဆိုင်ခွင့် ရမယ့် ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် အတွင်းပြိုင်ပွဲစုံ ၃၄ ဂိုး၊ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးဘေယန်မြူးနစ်နဲ့ အတူဘွန်ဒက်စ်လီဂါနဲ့ ကလပ် ကမ္ဘာ့ဖလားတို့ကိုရရှိခဲ့တဲ့ လီဝမ်ဒေါစကီးအနေနဲ့ ဘယ်လွန်ဒေါဆုအတွက် ထိပ်ဆုံးကရေပန်းစားနေသူတွေထဲမှာပါဝင်နေဆဲဖြစ်ပါတယ်။အကယ်၍ ယူရို ၂၀၂၀ မှာသာလီဝမ်ဒေါစကီးရဲ့ ပိုလန် အသင်းသာအဆင့် တစ်ခုထိတက်လှမ်းနိုင်ခဲ့ရင် အခုထက်ပိုပြီးရေပန်းစားနိုင်မှာလည်းဖြစ်ပါတယ်။
 
၃ | ဂျော်ဂျင်ဟို (ချဲလ်ဆီး)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ၅ ဂိုး၊ ဖန်တီးမှု ၂ ကြိမ်၊ ယူရို ၂၀၂၀နဲ့ ချန်ပီယံလိဂ်ဖလား

ဂျော်ဂျင်ဟိုဟာပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာရော၊ ချန်ပီယံလိဂ် မှာရောအကောင်းဆုံးကစားသမားမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အီတလီယူရို ၂၀၂၀ ချန်ပီယံဖြစ်ဖို့နဲ့ ချဲလ်ဆီးချန်ပီယံလိဂ် ဖလားရရှိဖို့ အတွက် အဓိကအကျဆုံးကစားသမားဆိုရင်တော့ ကျိန်းသေပေါက် ဂျော်ဂျင်ဟိုကိုပဲရွေးချယ်ရမှာဖြစ်ပါတယ်။ ယူရို ၂၀၂၀ မှာအီတလီရဲ့ မိုဒရစ်လို့ ချီးကျူးရလောက်အောင် နိုင်ငံအသင်းကိုချန်ပီယံဆုဆီကိုအကောင်းဆုံးဦးဆောင်သွားခဲ့သူဖြစ်လို့ အခုနှစ် အတွက် ဘယ်လွန်ဒေါဆုပိုင်ဆိုင်သွားခဲ့မယ် ဆိုရင် အံ့ဩစရာတော့ မရှိပါဘူး။
 
၄ | အန်ဂိုလိုကန်တေ (ချဲလ်ဆီး)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ဖန်တီးမှု ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား

ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ဖလားရရှိဖို့ အတွက်အဓိကကျတဲ့ နေရာကစွမ်းဆောင်ပေးခဲ့တဲ့ အန်ဂိုလိုကန်တေဟာနိုင်ငံအသင်းနဲ့လည်းယူရို ၂၀၂၀ မှာခြေစွမ်းပြခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲပြင်သစ်ဟာရှုံးထွက်အဆင့် ကနေပဲလက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။ဒီအချက်ကြောင့်ပဲကန်တေဟာဘယ်လွန်ဒေါဆုအတွက် ရေပန်းစားအစားဆုံးကနေအဆင့် ၄ နေရာအထိလျော့ကျသွားခဲ့ရသူဖြစ်ပါတယ်။

ကိုပါအမေရိကဖလားမှာပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆု၊ဂိုးသွင်းအများဆုံးကစားသမားဆုတွေရရှိခဲ့တဲ့မက်ဆီအနေနဲ့၇ကြိမ်မြောက်ဘယ်လွန်ဒေါဆုရရှိဖို့အကောင်းဆုံးအခြေအနေမှာရှိနေပြီးဒီဇင်ဘာလမှာကျင်းပမယ့်ဆုပေးပွဲမှာထပ်ပြီးအောင်ပွဲခံနိုင်ဦးမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
ကစားသမားဘဝပထမဦးဆုံးနိုင်ငံတကာဆုဖလားအဖြစ် ကိုပါအမေရိကဖလားကိုင်မြှောက်ခွင့်ရခဲ့တဲ့ မက်ဆီ

 
၅ | ရိုမယ်လူလူကာကူ (အင်တာမီလန်)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ၂၂ ဂိုး၊ ဖန်တီးမှု ၇ ကြိမ်၊ စီးရီးအေ

ရိုမယ်လူလူကာကူအနေနဲ့ အင်တာမီလန် နဲ့အတူစီးရီးအေအမှတ်ပေးချန်ပီယံဆုရရှိခဲ့တာကလွဲရင် ဘယ်လွန်ဒေါဆုရရှိဖို့ အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်‌တော့ ပြသထားနိုင်ခြင်းတော့ မရှိသေးပါဘူး။ လူကာကူအနေနဲ့ ယူရို ၂၀၂၀ မှာလည်းအောင်မြင်မှုမရရှိခဲ့တဲ့ အတွက် လာမယ့် အောက်တိုဘာလမှာကစားမယ့် နေးရှင်းလိဂ် နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာခြေစွမ်းပြနိုင်၊ မပြနိုင်နဲ့ ဘယ်လ်ဂျီယံတို့ ချန်ပီယံဖြစ်နိုင်၊ မဖြစ်နိုင် အပေါ်မူတည်ပြီးဘယ်လွန်ဒေါဆုကို မျှော်လင့်ရမယ့် အခြေအနေဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၁ ခုနှစ် ဘယ်လွန်ဒေါဆုအတွက် ရေပန်းအစားဆုံးကစားသမား ၅ ဦးကိုဖော်ပြခဲ့တာဖြစ်ပြီးသူတို့လိုပဲရေပန်းအစားဆုံးစာရင်းမှာပါဝင်နေသူတွေကိုဆက်လက် ဖော်ပြရမယ်ဆိုရင်…

၆ | ကီလီယန် အန်ဘာပေး (ပီအက်စ်ဂျီ)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ၂၉ ဂိုး၊ ဖန်တီးမှု ၇ ကြိမ်၊ Coupe de Franceနဲ့Trophee des ဖလား
 
၇ | ကီဗင် ဒီဘရိုင်းနား (မန်ချက်စတာစီးတီး)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ၁၀ ဂိုး၊ ဖန်တီးမှု ၁၀ ကြိမ်၊ ပရီးမီးယားလိဂ်နဲ့ ခရာဘောင်ဖလား
 
၈ | ခရစ္စတီယာနိုရော်နယ်ဒို (ဂျူဗင်တပ်စ်)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ၂၇ ဂိုး၊ ဖန်တီးမှု ၇ ကြိမ်၊ ကိုပါအီတလီယာနဲ့ အီတလီစူပါဖလား
 
၉ | အာလင်းဟာလန်း (ဒေါ့မန်)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ၂၅ဂိုး၊ ဖန်တီးမှု၉ကြိမ်၊ ပိုကယ်ဖလား
 
၁၀ | ဖက်ဒရစ်ကိုခီယေဇာ (ဂျူဗင်တပ်စ်)

၂၀၂၁ ခုနှစ်အတွင်းစွမ်းဆောင်မှု – ၁၄ ဂိုး၊ ဖန်တီးမှု၅ကြိမ်၊ ယူရို ၂၀၂၀ကိုပါအီတလီယာနဲ့ အီတလီစူပါဖလား
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်