နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီ အဖွင့်ပွဲမှာတင် ပျားတုပ်သွားတဲ့အာတေးတားနဲ့ ဂန်းနားများ (ဘရန့်ဖို့ဒ် ၂-၀ အာဆင်နယ်) | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဘရန့်ဖို့ဒ် ၂ – ၀ အာဆင်နယ်

(ကာနို့စ် ၂၂’၊ နော့ဂတ် ၇၃’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁)ရဲ့ အစောဆုံးပွဲ မှာတော့ အာဆင်နယ်တို့ တန်းတက် စိတ်ပျက်စရာ ခြေစွမ်းနဲ့ ဘရန့်ဖို့ဒ်ကို ၂ ဂိုးပြတ် ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ ၄၅ နှစ်တာ ကာလ အတွင်း  အဖွင့်ပွဲမှာ တန်းတက် အသင်းကို ပထမဦးဆုံး အကြိမ် ရှုံးနိမ့်ခဲ့မှု အတွက် အဓိက တာဝန်ရှိခဲ့တဲ့ အာတေးတား ကတော့ ထုတ်ပယ်ခံရဖို့ ရေပန်းစားနေတဲ့ ပရီးမီးယားလိဂ် နည်းပြ စာရင်းမှာ ထိပ်ဆုံး နေရာကို ရောက်ရှိလာခဲ့ပါတယ်။

 

ပွဲစဉ် အကျဉ်း

အခုပွဲ မှာတော့ အာတေးတားရဲ့ အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ အတူ ဂိုးမှာ လန်နို၊ နောက်တန်းမှာ မာရီ၊ ဝှိုက်၊ ချမ်ဘာစ်၊ တီယာနီ၊ ကွင်းလယ်မှာ ရှာကာ၊ လိုကွန်ညာ၊ တောင်ပံတွေမှာ မာတင်နယ်လီ၊ ပေပေနဲ့ နောက်ချန် တိုက်စစ် နေရာမှာတော့ စမစ်ရိုးဝ်ကို အသုံးပြုခဲ့ပါတယ်။ အော်ဘာမီယန်းနဲ့ လာကာဇက်တို့ လွဲချော်ခဲ့တာကြောင့် အထောင် တိုက်စစ် နေရာမှာတော့ အကယ်ဒမီထွက် လူငယ်ကစားသမားလေး ဘယ်လိုဂန်းကို ပွဲထွက်စေခဲ့ပါတယ်။ ဘရန့်ဖို့ဒ် မှာတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အမ်ဘူမို၊ တိုနီ၊ နော့ဂတ်၊ အိုယန်ကာ၊ ကာနို့စ်၊ အေရား၊ ဂျန်ဆန်၊ ပင်ကော့ခ်၊ ရာယာ တို့ ပါဝင်လာခဲ့ပြီး ၃-၅-၂ ကစားကွက်နဲ့ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ပါတယ်။ ပွဲပြီး အချက်အလက်တွေ အရ အာဆင်နယ်တို့ ဂိုးပေါက် ကန်ချက် ၂၂ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၄ ကြိမ်သာ ရှိခဲ့ပြီး ဘရန့်ဖို့ဒ် ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှု ၈ ကြိမ်မှာ ဂိုးပေါက် ၃ ကြိမ်တည့်ပြီး သွင်းဂိုး ၂ ဂိုး ရရှိခဲ့တာ တွေ့ရပါတယ်။ ဘရန့်ဖို့ဒ် အတွက် သွင်းဂိုးတွေ ကိုတော့ ကာနို့စ်နဲ့ နောဂတ် တို့က ပွဲချိန် ၂၂ မိနစ်နဲ့ ၇၃ မိနစ် တို့မှာ သွင်းယူပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲဦးထွက် ထိုက်တန်တဲ့ နိုင်ပွဲနဲ့ အတူ ဘရန့်ဖို့ဒ်တို့ ၃ မှတ် စတင်ရရှိခဲ့ပြီး အာဆင်နယ် ကတော့ စိတ်ပျက်စရာ ရှုံးပွဲနဲ့ အတူ အမှတ်ပေးဇယား အောက်ပိုင်းကို တန်းပြီး ဆင်းသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ်ကို၇၄နှစ်အကြာမှာတကျော့ပြန်တက်လှမ်းလာနိုင်ခဲ့တဲ့ဘရန့်ဖို့ဒ်တို့အာဆင်နယ်ကိုအနိုင်ရရှိခဲ့တာဟာလာမယ့်ပွဲစဉ်တွေအတွက်ကျိန်းသေပေါက်ခွန်အားတစ်ရပ်ဖြစ်သွားပါလိမ့််မယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ပိုင်းမှာရပ်တည်နေတဲ့ ဘရန့်ဖို့ဒ်

ပြီးခဲ့တဲ့ ရာသီက အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မီခယ် အာတေးတားရဲ့ အသင်းက ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ပေမယ့် ဘာမှတော့ သိပ်ပြီး ထူးမခြားလာခဲ့တာ တွေ့ရပါတယ်။ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူအားဖြည့်ထားတဲ့ ကစားသမားတွေ ကလည်း အားကိုးလို့ မရခဲ့သလို အော်ဘာမီယန်းနဲ့ လာကာဇက်တို့ ပါဝင်လာနိုင်ခြင်း မရှိတာ ကလည်း အာဆင်နယ် အတွက် ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတဝယ်။ဘန်ဝှိုက်ကို ခေါ်ဖို့ပေါင်သန်း ၅၀ အထိ သုံးခဲ့တာ တကယ်ပဲ တန်ရဲ့လား ဆိုပြီးတောင် ပြန်တွေးရတဲ့အထိ ကစားသမားရဲ့ စွမ်းဆောင်ရည်က လုံးဝကို အားရစရာ မရှိခဲ့ပါဘူး။ အတေးတားက နည်းစနစ်ဗျူဟာပိုင်း ကနေ စပြီး တစ်ဦးချင်း စွမ်းဆောင်ရည်၊ အသင်းလိုက် ကစားပုံနဲ့ အဆုံးသတ် သေချာမှု တွေမှာ အသင်းကြီး တစ်သင်းရဲ့ အဆင့်အတန်းမျိုး မရှိခဲ့တဲ့ အာဆင်နယ်တို့ ၂ ဂိုးပြတ်နဲ့ ရှုံးတာ တကယ့်ကို ကံကောင်းတယ်လို့ ဆိုရပါမယ်။ တကယ်တော့ ဒီနှစ်သင်း ကစားတဲ့ အချိန်မှာ ကွာခြားသွားတဲ့ အဓိကအချက်က စိတ်ဓာတ်ပိုင်း ဖြစ်ပါတယ်။ နည်းပြ သောမက်စ် ဖရန့်ခ် အပါအဝင် ဘရန့်ဖို့ဒ် ကစားသမားတွေရဲ့ စိတ်ဓာတ်က အမြင့်ဆုံးမှာ ရှိနေခဲ့သလို ကွင်းလုံးပြည့် ပရိသတ်တွေရဲ့ ပွဲချိန်ပြည့် လက်ခုပ်တီး အားပေးသံတွေ ကလည်း တကယ့်ကို အားရစရာ ကောင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကို ၇၄ နှစ် အကြာမှာ တကျော့ပြန် တက်လှမ်းလာနိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ အာဆင်နယ်ကို အနိုင်ရရှိခဲ့တာဟာ လာမယ့် ပွဲစဉ်တွေအတွက် ကျိန်းသေပေါက် ခွန်အားတစ်ရပ် ဖြစ်သွားပါလိမ့််မယ်။ အာဆင်နယ် ကတော့ ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်နိုင်ဖို့ ဆိုရင် အဘက်ဘက်က ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီလို့ပဲ ဆိုချင်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ ပရီးမီးယားလိဂ် ပွဲစဉ်(၂) အဖြစ် အခုလာမယ့် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီ ပွဲစဉ် ကစားဖို့ ရှိပြီး ဘရန့်ဖို့ဒ် ကတော့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်