နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂန္တဝင် တို့ရဲ့ မှတ်ချက်ပေး ပြောစကားများ | ပရီးမီးယားလိဂ်

အခုတစ်ခါ မှာတော့ ပရီးမီးယားလိဂ် ဂန္တဝင် ကစားသမားကြီးတွေ သူတို့ ကစားခဲ့တဲ့ အသင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ မှတ်ချက်ပေး ပြောကြားချက် တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

“ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်ဝနေရင် ဂန်းနားတို့ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်တယ်” – ပေါလ်မာဆင်

အဓိက ကစားသမားတွေသာ ဒဏ်ရာတွေ ကင်းစင်ပြီး ကြံ့ခိုင်မှု ပြည့်ဝနေရင် အာဆင်နယ်တို့ ရာသီ အကုန်မှာ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်တယ်လို့ ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က သုံးသပ်လိုက်ပါတယ်။ ရာသီ အစမှာ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဘန်ဝှိုက် ၊ ဂါဘရီယဲလ် ၊ အော်ဘာမီယန်း ၊ သောမက်စ် ပါတေးတို့ မပါဘဲ ပွဲတွေ တောက်လျောက် ကစားခဲ့ရပြီး ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် လက်ရှိ မှာတော့ ဂရန်းနစ် ချာကာ ကလွဲလို့ ဒဏ်ရာရ ပွဲပယ် ကစားသမား မရှိတော့တာ တွေ့ရပါတယ်။

ပေါလ်မာဆင်က “အဓိက ကစားသမားတွေသာ ကြံ့ခိုင်မှု ပြည့်ဝနေရင်၊ အပတ်တိုင်း ကစားနိုင်ရင် အာဆင်နယ် တို့မှာ ထိပ်ဆုံး လေးသင်းထဲ ဝင်ရောက်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ သူတို့တွေ ဒီရာသီမှာ ဥရောပပွဲ ကစားဖို့ မရှိပါဘူး။ ဒါကြောင့် recover ယူဖို့နဲ့ လေ့ကျင့်ဖို့ အချိန်တွေ ရနေပါတယ်။

အာဆင်နယ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် မရတာ ဒီနှစ် နဲ့ဆို ၅ နှစ်ဆက် ရှိသွားခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ၂၅ နှစ်တာ ကာလ အတွင်း ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲ ကစားခွင့်နဲ့ လွဲချော်ထားခဲ့ရပါတယ်။

 

“ဆိုးလ်ရှား အနေနဲ့ မာစီရယ်ကို အခုထက် ပိုပြီး ချစ်ခင် ဖေးမပေးဖို့ လိုအပ်တယ်” – ရှရင်ဂမ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တက်ဒီ ရှရင်ဂမ်က အသင်းရဲ့တိုက်စစ်မှူး အန်တိုနီ မာစီရယ် အနေနဲ့ နည်းပြ ဆိုးလ်ရှားရဲ့ အားပေး ထောက်ခံမှုနဲ့ ချစ်ခင် ဖေးမမှုတွေ ပိုပြီး လိုအပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် (၂၅) နှစ် အရွယ် မာစီရယ်လ်ဟာ ထွန်းတောက်လာမယ့် ဥရောပကြယ်ပွင့်တစ်ဦး သတ်မှတ်ခံခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ ယူနိုက်တက်မှာ ပုံစံကောင်းတွေ ပျောက်ဆုံးသွားခဲ့ပြီး ပုံမှန် လက်ရှိမှာ ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်နေရပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ်၊ ကာဗာနီ၊ ဆန်ချို၊ ဂရင်းဝုဒ်၊ လင်ဂတ် တို့ ရှိနေတာကြောင့်လည်း မာစီရယ် အနေနဲ့ ဒီနှစ် ပရီးမီးယားလိဂ်မှာ အရံခုံ မှာသာ ထိုင်နေခဲ့ရတာ ဖြစ်ပါတယ်။
ပုံမှန် ပွဲထွက်ခွင့် မရလို့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေတဲ့ မာစီရယ်

ရှရင်ဂမ်က “မာစီရယ်ရဲ့ ဖြစ်ရပ်က ဟာရီကိန်း၊ အေဘရာဟမ် တို့လို ဗဟို တိုက်စစ်မှူးတွေရဲ့ အဖြစ်နဲ့ အတူတူပါပဲ။ တကယ်လို့ ခင်ဗျား အနေနဲ့ ချစ်ခင်လေးစားမှုတွေ မရဘူး၊ လိဂ်ဖလား မှာပဲ အခွင့်အရေးရမယ်၊ ပရီးမီးယားလိဂ်မှာ ဝင်ကစားခွင့် မရဘူး ဆိုရင် ခင်ဗျား အပေါ် ဖိအား ဖြစ်လာပါလိမ့်မယ်။ မာစီရယ် ရှေ့မှာ အခြား ကစားသမားတွေ ရှိနေပြီး အခွင့်အရေး ပေးမှပဲ ရအောင် ယူနိုင်မယ့် အနေအထားကို ရောက်နေပါတယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ်၊ ကာဗာနီ၊ ဆန်ချို၊ ဂရင်းဝုဒ်၊ လင်ဂတ် တို့ ရှိနေတာကြောင့်လည်း မာစီရယ် အနေနဲ့ ဒီနှစ် ပရီးမီးယားလိဂ်မှာ အရံခုံ မှာပဲ ထိုင်နေခဲ့ရတာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်