နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တော်ကောက်ခံ ငှက်ကျားတို့ ပရီးမီးယားလိဂ် စင်မြင့်ထက်မှာ အမြင့်ပျံ အသုံးတော်ခံနိုင်မှာလား???

နယူးကာဆယ် ဆိုတဲ့ အမည် နာမက ဘောလုံး လောကသားတွေအကြား မစိမ်းတဲ့ အမည်တစ်ခု။ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာ အရှိဆုံး အသင်း တွေထဲက တစ်သင်း၊ နှစ်ပေါင်း ၁၂၉ နှစ် သက်တမ်း ရှိတော့မယ့် သမိုင်း မှတ်တမ်း ကြီးမားခဲ့တဲ့ အသင်း စသဖြင့် အမည် ဂုဏ်ပုဒ်တွေ အများကြီးရှိနေခဲ့တဲ့ အသင်းဆို ပိုမှန်ပါလိမ့်မယ်။ အထူးသဖြင့် အင်္ဂလန် ဘောလုံးလောကရဲ့ ဂန္ထဝင် ဆာဘော်ဘီရော့ဘ်ဆင်၊ ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် သွင်းဂိုး အများဆုံး ကစားသမား အလန်ရှီးယား အစရှိသူတွေနဲ့ မကင်းခဲ့တဲ့ အသင်း ဖြစ်ခဲ့တယ်။ တစ်ချိန်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းစားခဲ့ဖူးတယ်။ ထိပ်တန်း ကစားသမားတွေ ပေါ်ထွက်ခဲ့ဖူးတယ်၊ ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်း ခံရတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ဖူးတယ် ဆိုတာတွေက စာမျက်နှာပေါ်က ဖော်ပြ ချက်တွေထက် အသင်းရဲ့ သမိုင်းမှာ မှတ်ကျောက် တင်ထားနိုင်ခဲ့တဲ့ အရာတွေပါ။

နောက်ပိုင်း မှာ‌တော့ ချန်ပီယံဆုတွေကို မျှော်လင့်နိုင်ဖို့ထက် တန်းဆင်း၊ တန်းတက်နဲ့ အလယ်အလတ် အသင်း ဆိုတာထက် မပိုခဲ့ပါဘူး။ ဒါတွေကလည်း အသင်း ပိုင်ရှင်ဟောင်းမိုက်ခ် အက်ရှ်လေရဲ့ စီးပွားရေး ဆန်ဆန်ဆုံးဖြတ်မှု တလွဲတွေကြောင့် ဆိုတာ နယူးကာဆယ် ပရိသတ်တိုင်း လက်ခံထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ မိုက်ခ်အက်ရှ်လေ ရှိစဉ် ကာလတစ်လျှောက်လုံး ဆန္ဒထုတ်ဖော်မှု တွေပြုလုပ်ခဲ့သလို အသင်း ပိုင်ရှင် အပြောင်းအလဲဖြစ်ပေါ်ဖို့ အမြဲတစ်စေ တောင်းဆိုနေခဲ့တာပါ။ အခုတော့ အောင်ပွဲခံ ထုတ် ဖော်ဂုဏ်ယူရတဲ့ အထိ ဖြစ်ခဲ့တာကို ကြည့်ရင် ပရိသတ်တွေရဲ့ စိတ်ဆန္ဒ သဘောထားကို အတိုင်းသား တွေ့မြင်နေရတယ်လို့ ဆိုနိုင်ပါတယ်။

 

စိန့်ဂျိမ်းစ်ပတ်ခ်ရဲ့ မျှော်လင့်ခြင်းရောင်ခြည်သစ်

အစောပိုင်း ကာလတွေ ထဲက သတင်းတွေ ထွက်ခဲ့တဲ့ အတိုင်း ဆော်ဒီအာရေဗျ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက နယူးကာဆယ်ကို ဝယ်ယူလိုက်ပြီ ဆိုတဲ့ အတည်ပြုချက်က ဘောလုံးကမ္ဘာကို အကြီးမားဆုံး ရိုက်ခတ်သွားခဲ့တယ်။ အထူးသဖြင့် နယူးကာဆယ် ပရိသတ်တွေ အတွက် ပိုပြီး စိတ်လှုပ်ရှားစရာဖြစ်ခဲ့တယ်။ ဒီလို ဖြစ်ခဲ့တာကလည်း ပိုင်ဆိုင် အသစ် ဖြစ်လာမယ့် ဆော်ဒီ အာရေဗျ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဥက္ကဋ္ဌ ဘယ်ဆယ်လ်မန်ကြောင့် ဆိုရင် မမှားပါဘူး။ အရှေ့မှာ မိုးကျရွှေကိုယ် ဝုန်းခနဲ့ ထတောက်ခဲ့တဲ့ ချဲလ်ဆီး၊ မန်စီးတီး၊ ပီအက်စ်ဂျီတို့ ရှိနေခဲ့တဲ့ အတွက် ပရိ သတ်တွေက အခုလို မျှော်လင့်နေကြတာပါ။ မှတ်မှတ်ရရ ပြောရမယ် ဆိုရင် နယူးကာဆယ် ပရိသတ်တွေ အနေနဲ့ ဒီနေ့လို အခြေအနေမျိုးကို ၂၀၁၉ လောက် ကတည်းက မျှော်လင့်နေခဲ့ရတာပါ။ တကယ်တမ်း လက်တွေ့ဖြစ် လာတဲ့ အခါမှာတော့ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း ရှေ့မှာ လာရောက် အောင်ပွဲခံရတဲ့ အထိ ပရိသတ်တွေရဲ့ စိတ်ဆန္ဒ ပေါက်ထွက်မှုက တကယ်ကို လက်ဖျားခါတဲ့ အထိ ဖြစ်လာခဲ့တယ်။ ဒါကလဲ ဆော်ဒီအာရေဗျ ရင်း နှီးမြှုပ်နှံမှု ကုမ္ပဏီ ဥက္ကဋ္ဌ ဘယ်ဆယ်လ်မန်ရဲ့ စတာလင်ပေါင် ဘီလီယံ ၃၂၀ ကြောင့် ဆိုရင်ပိုပြီး မှန်ပါလိမ့်မယ်။ နဂိုကတည်းက ဘောလုံး အားကစားနည်း အပေါ် ရင်းနှီးမြှုပ်နှံမှုတွေ များ‌နေသလို ဘောလုံး အားကစားကို ပိုပြီး အားပေးတဲ့ ဆော်ဒီအာရေဗျ တို့ရဲ့ အရိပ်အောက်ကို ရောက်သွားတဲ့ နယူးကာဆယ်အတွက် ကတော့ ရှေ့လမ်းခရီးက တော်တော်လေးကို သာယာနေပြီလို့ ဆိုရမှာပါ။ သေချာတာ တစ်ခု ကတော့ နယူးကာဆယ် ပရိသတ်တွေအတွက် ကာလရှည် မက်ခဲ့ရတဲ့ အိပ်မက် အကောင်အထည် ပေါ်လာခဲ့သလို တစ်ချိန်က ရခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ရဲ့ထိပ်တန်း အဆင့် တစ်နေရာကို ပြန်ပြီး မျှော်လင့်နိုင်ခဲ့ပါပြီ။ ဗြိတိန် မီဒီယာတွေကတော့ ဒီအခြေအနေကို မိုက်ခ်အက်ရှ်လေရဲ့ လမ်းခွဲချိန်လို့ ညည်းတွား ဖော်ပြခဲ့သလို စိန့်ဂျိမ်းစ်ပတ်ခ်ရဲ့ မျှော်လင့်ချက် ရောင်ခြည် လို့လည်းတင်စား ဖော်ပြနေလေရဲ့။

 

အသင်း ပိုင်ရှင် အပြောင်းအလဲရဲ့နောက်ကွယ်က စိတ်ဝင်စားစရာ

ဆော်ဒီ အာရေဗျ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဥက္ကဋ္ဌ အနေနဲ့ အမှန်တကယ် စိတ်ဝင်စားခဲ့တဲ့ အသင်းက နယူးကာဆယ် အသင်း မဟုတ်ခဲ့ပါဘူး။ ဗြိတိန် လူမျိုးတွေရဲ့ လူမျိုးရေး ဝါဒ၊ စီးပွားရေး ဝါဒတွေကြောင့် ဘင်ဆယ်လ်မန် တစ်ယောက် ပရီးမီးယားလိဂ် အသင်း တစ်သင်းကို မဖြစ်မနေ ဝယ်ယူဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ။ အားလုံးသတိ ထားမိကြမှာပါ။ နယူးကာဆယ်ကို ဝယ်ယူဖို့ အတွက် ဆော်ဒီ အိမ်ရှေ့မင်းသား ကိုယ်တိုင် ထုတ်ဖော် ပြောဆိုထား ခဲ့တာက လွန်ခဲ့တဲ့ ၂နှစ် ဝန်းကျင် ကာလတွေ ကတည်းကပါ။ တကယ်တမ်း မှာတော့ မထင်မှတ်ဘဲ အချိန်ကြာမြင့် ခဲ့တဲ့အတွက် ပရိသတ်တွေနဲ့ အသင်း ပိုင်ရှင်ဟောင်း မိုက်ခ်အက်ရှ်လေ တို့အကြား ပဋိပက္ခဆန်ဆန်တွေတောင် ဖြစ်ခဲ့သေးတာပဲ။ တကယ်တမ်း နယူးကာဆယ် ပိုင်ရှင် အပြောင်းအလဲက ဗြိတိန်နိုင်ငံရဲ့နိုင်ငံရေး အခြေအနေ နဲ့တောင် အနည်းနဲ့အများ သွားပြီး ပတ်သတ်နေနိုင်တဲ့ အခြေအနေပါ။ သိထားကြတဲ့ အတိုင်း ဥရောပသမဂ္ဂ ကနေ နုတ်ထွက်ထားတဲ့ ဗြိတိန်နိုင်ငံ အတွက် ဆော်ဒီ အာရေဗျနိုင်ငံလို ကမ္ဘာ့ထိပ်တန်း နိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ အတွက် အခုလို ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ် ဆိုတာ ဗြိတိန် တို့အတွက် ရွှေဥ,ဥပေးနေတဲ့ ငန်း တစ်ကောင်လိုပါပဲ။ ကမ္ဘာ့ စံချိန်တင် ပရိသတ်၊ အမြင့်မားဆုံး ရုပ်သံထုတ်လွှင့်ခ၊ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေရဲ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းတွေ လာရောက် ရင်းနှီးမြှုပ်နှံနေတဲ့ ပရီးမီးယားလိဂ် မှာ အသင်း တစ်သင်း ပိုင်ဖို့ ဆော်ဒီအာရေဗျ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဥက္ကဋ္ဌ ဘယ်ဆယ်လ်မန် အနေနဲ့လည်း တစ်ဖက်မှာ တော်တော်‌လေးကို ရင်းနှီးခဲ့ရမှာပါ။ အစောပိုင်း ညှိနှိုင်းမှု အဆင်မပြေတာ တွေက နိုင်ငံ စီးပွားရေး အပေါ် အဓိက မူတည်ခဲ့တယ်လို့ ပြောရပါမယ်။ ကိုဗစ် ကာလ စီးပွားရေး ကျဆင်းမှုကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းမှု၊ အီးယူ ကနေ ထွက်ခွာခဲ့မှုကြောင့် ယူရို ငွေကြေး အခြေအနေ တွေက ဗြိတိန်ရဲ့ စတာလင်ပေါင်ကို တန်ဖိုးတက်ဖို့ အထိုက်အလျောက် ဖြစ်လာစေခဲ့ တယ်။ နိုင်ငံ ၂ နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ သက်ဆိုင်နေပေမယ့် အဓိက,ကတော့ အခွန်ပါ။ ဘင်ဆယ်လ်မန် ရဲ့ရင်းနှီးမြှုပ်နှံမှု ကနေ တဆင့် ကမ္ဘာ့ ထိပ်တန်းအသင်း အဖြစ် ငွေကုန်ကြေးကြခံ တည်ဆောက်မှု၊ ပြိုင်ဆိုင်မှု ပိုပြီး ပြင်းထန်လာမယ့် ပရီးမီးယားလိဂ် ကြောင့် ချီတုံ့ ချတုံ့ဖြစ်နေတဲ့ ဗြိတိန် အာဏာပိုင်တွေ အနေနဲ့ ခေါင်းငြှိမ့်လိုက်ရတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

 

နယူးကာဆယ်ကို ဘယ်လို ပုံစံအသစ်နဲ့ မြင်တွေ့ရမလဲ

ပရိသတ်တွေရဲ့ စိတ်ထဲ မှာတော့ စိတ်ကူးယဉ် အသင်းသစ်နဲ့ စိတ်ကူးယဉ် ကစားသမားတွေက အသီးသီးနေရာယူ နေကြပါပြီ။ ကမ္ဘာ့ထိပ်တန်း Troll ဝက်ဘ်ဆိုက်တွေ၊ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ဆိုရင်လဲ ပုံစံအမျိုးမျိုးနဲ့ စပြီး မြင်တွေ့နေရပါပြီ။ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်တဲ့ စီရော်နယ်ဒို၊ မက်ဆီတို့ နှစ်ဦးလုံးကို နယူးကာဆယ်မှာ မြင်တွေ့ခွင့်ရတော့ မှာလား၊ အမ်ဘာပေ၊ နေမာ၊ ဂရစ်ဇ်မန်း၊ ဟာလန်း အစရှိတဲ့ ထိပ်တန်း ကစားသမား တွေကို ပိုင်ဆိုင်ခွင့်ရတော့မလား စသဖြင့် မှတ်ချက်ပြုမှု တွေလည်း ထွက်ပေါ်နေခဲ့ပါပြီ။ ဒါပေမဲ့ တကယ့် လက်တွေ့ အခြေအနေ မှာတော့ အသင်း ဥက္ကဋ္ဌ ဖြစ်လာမယ့် ဘင်ဆယ်လ်မန် ကိုယ်တိုင်က အသင်းရဲ့အနာဂတ် အစီအစဉ်တွေကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။ တစ်ခု ထူးဆန်းတာကတော့ နယူးကာဆယ်ပရိသတ်တွေ အကြား အချစ်တော်ဖြစ်ခဲ့တဲ့ ကီဗင်ကီဂန်းနဲ့ အလန်ရှီးယား တို့ကိုတော့ အသင်း ရဲ့ သံတမန် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး ဖြစ်တယ်လို့ သတင်းထွက်ပေါ်မှုတွေ ရှိလာခဲ့ပါတယ်။ ဘောလုံးလောကရဲ့ နာမည်ကြီး သုံးသပ်သူတွေ ကတော့ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ ကာလမှာ နယူးကာဆယ် အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု ပေါ်လစီက စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ် လာလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေတာ ကတော့ အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားထက် နည်းပြ အဖွဲ့ကို အရင်ဦးဆုံး အပြောင်းအလဲ ပြုလုပ်နိုင်‌ချေက ပိုပြီးများပါတယ်။ သတင်း အရင်းမြစ်အများစုရဲ့ သုံးသပ်ချက်က ချဲလ်ဆီးအသင်း ပိုင်ရှင် အေဘရာမိုဗစ်ချ် ကနဦး အစက နည်းပြ ရာနီရေးရီကို အခွင့်အရေး ပေးခဲ့သလိုမျိုး မန်စီးတီးအသင်း ပိုင်ရှင် ရှိတ်မန်ဆာရဲ့ ပရီးမီးယားလိဂ် အစ နည်းပြ မာ့ခ်ဟုချ်ကို စိတ်ရှည်ပေးခဲ့သလိုမျိုး ဖြစ်လာနိုင်ခြေနည်းတယ်လို့ ဆိုနေကြတာပါ။ အဓိက,ကတော့ ဘင်ဆယ်လ်မန်ရဲ့ အင်ပါယာ ချဲ့ထွင်ခြင်း အစရဲ့ ကနဦးက ကစားသမားသစ် ခေါ်ယူမှုထက် နည်းပြ အပြောင်းအလဲ ဖြစ်လာဖို့က ပိုပြီးရာခိုင်နှုန်း များခဲ့တယ်လို့ ဗြိတိန် မီဒီယာတွေက သုံးသပ်ထားကြပါတယ်။ နယူးကာဆယ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အစောဆုံး ပစ်မှတ်ထားခံရမယ့် ကစားသမားက ဘယ်သူဖြစ်မလဲဆိုတာ ကိုတော့ လာမယ့် အပြောင်းအရွှေ့ကာလ တွေမှာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြောကြားရင်း…။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်