နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမှတ်ပေးဇယား ထိပ်ဆုံးက နာပိုလီကို ပထမဦးဆုံး ရှုံးပွဲတွေ့သွားစေခဲ့တဲ့ အင်တာ (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

အင်တာမီလန် ၃-၂ နာပိုလီ

မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အင်တာမီလန်နဲ့ နာပိုလီတို့ရဲ့ ပွဲကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် အင်တာမီလန်တို့ ဆန်စီရိုမှာ ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ စီးရီးအေ အမှတ်ပေးဇယား ကို ဦးဆောင်နေတဲ့ အသင်းကြီး ၂ သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ ပွဲချိန်တစ်လျှောက် အကြိတ်အနယ် ကစားသွားခဲ့ကြပြီး အဆုံးသတ်ပိုင်း အားသာခဲ့တဲ့ အင်တာမီလန်တို့ အဖိုးတန် ၃ မှတ် ရရှိသွားခဲ့တယ် လို့ပဲ ဆိုရပါမယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အင်တာမီလန်တို့ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး နာပိုလီ ကတော့ ၄-၃-၂-၁ ကစားကွက်နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ အင်တာမီလန် ဘက်မှာ ကော်ရီယာ၊ မာတီနက်ဇ်၊ ဘရိုဇိုဗစ်၊ ချလနောဂလူ၊ ဘာရယ်လာ၊ ပယ်ရီဆစ်၊ ရှခရီညာ တို့နဲ့ လူစုံခဲ့ပြီး နာပိုလီ ဘင်မှာလည်း အော်စီမန်၊ အင်ဆစ်ဂ်ညာ၊ လိုဇာနို၊ ဇီလင်းစကီး၊ ကူလီဘာလီ၊ ဒီလော်ရန်ဇို၊ အော့စ်ပီနာ တို့နဲ့ ပွဲထွက်လာပါတယ်။

နှစ်သင်းလုံး ကစားသမားကောင်းတွေ အပြည့် ပါ၀င်လာခဲ့လို့ ပွဲကို အပြိုင်အဆိုင် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆိုင်မွန် အင်ဇာဂီရဲ့ အသင်းက နာပိုလီ ထက် ပိုပြီး အချိတ်အဆက် မိခဲ့ပါတယ်။ ဘယ်တောင်ပံက ချလနောဂလူနဲ့ ပယ်ရီဆစ် တို့ရဲ့ တွဲလုံးတွေ ကနေ တစ်ဆင့် တိုက်စစ်က မာတီနက်ဇ် ဆီကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပြီး ဘရိုဇိုဗစ်၊ ဒါမီယန်နဲ့ ကော်ရီယာ တို့လည်း လုပ်အားနှုန်း တော်တော်လေး ကောင်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တာ ကတော့ နာပိုလီ အသင်း ဖြစ်ပြီး ကွင်းလယ်လူ ဇီလင်းစကီးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အင်တာမီလန်တို့ ချေပဂိုး ရဖို့အားစိုက်လာတာကြောင့် နာပိုလီ နောက်ခံလူတွေ အမှားများလာခဲ့ပြီး ပွဲချိန် ၂၅ မိနစ် မှာတော့ ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့ရပါတယ်။ ပင်နယ်တီ ကိုတော့ ကွင်းလယ်လူ ချလနောဂလူ က အကောင်းဆုံး အဆုံးသတ်ပေးခဲ့လို့ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ အဲ့နောက် ပထမပိုင်း ပြီးခါနီးမှာ အိမ်ရှင် အင်တာတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး တောက်လျောက် ခြေစွမ်းပြနေတဲ့ ချလနောဂလူရဲ့ ပေးပို့မှု ကနေ အိုင်ဗန် ပယ်ရီဆစ်က သွင်းယူ‌ေပးခဲ့တာ ဖြစ်ပါတယ်။

နာပိုလီ ကတော့ ဒီရာသီ အတွက် စီးရီးအေ ပထမဦးဆုံး ရှုူံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒုတိယ နေရာက အေစီမီလန်နဲ့ ရမှတ်တူ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ နာပိုလီ

ဒုတိယပိုင်း ပြန်လည် စတင်ချိန် မှာလည်း အင်တာမီလန်တို့ပဲ ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၁ မိနစ်မှာ လော်တာရို မာတီနက်ဇ် က တတိယ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်  နာပိုလီတို့ ချေပဂိုးတွေ ရဖို့ ထပ်မံ ကြိုးပမ်းလာခဲ့ပြီး ဒရိုင်းမာတန်စ်က တစ်ကိုယ်တော် စွမ်းရည်နဲ့ ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ၃-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ တစ်ဖက်နဲ့ တစ်ဖက် ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အင်တာမီလန်တို့ အဖိုးတန် ၃ မှတ် ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ထိပ်ဆုံးက နာပိုလီနဲ့ ၄ မှတ်ကွာ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပုံစံကောင်း ရနေတဲ့ အသင်းတွေ ပီပီ အမှားမခံစတမ်း ကစားသွားခဲ့ကြပေမယ့် ကွင်းလယ်ပိုင်း အားသာခဲ့တဲ့ အင်တာမီလန်တို့ နိုင်ပွဲ ရအောင် ယူသွားနိုင်ခဲ့တယ် လို့ပဲ ဆိုရပါမယ်။ ချလနောဂလူ ကတော့ ပွဲထွက်ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ တာဝန် အကျေဆုံး ကစားပေးနေခဲ့ပြီး ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားလို့လည်း သတ်မှတ်ရပါမယ်။ နာပိုလီ ကတော့ ဒီရာသီ အတွက် စီးရီးအေ ပထမဦးဆုံး ရှုူံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒုတိယ နေရာက အေစီမီလန်နဲ့ ရမှတ်တူ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။


လာမယ့် ပွဲစဉ်များ

အင်တာမီလန် တို့ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရှက်တာဒိုးနတ်စ်နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ကစားဖို့ ရှိနေပြီး နာပိုလီ ကတော့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ စပါးတက်ခ်မော်စကိုနဲ့ ယူရိုပါလိဂ် ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်