နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခံစစ် အမှားတွေကြောင့် အိမ်ကွင်း ရှုံးပွဲ တွေ့ခဲ့ရတဲ့ ဂျူဗင်တပ်စ် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ဂျူဗင်တပ်စ် ဝ – ၁ အတ္တလန္တာ

စီးရီးအေ အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်လှမ်းဖို့ ရည်ရွယ်နေတဲ့ ဂျူဗင်တပ်စ်တို့ အခုတစ်ပတ် မှာတော့ ခြေစွမ်းပိုင်း လိုအပ်ချက် များစွာနဲ့ အတူ အိမ်ကွင်း ရှုံးပွဲ တွေ့ခဲ့ပါတယ်။ အတ္တလန္တာ ကတော့ လိုအပ်တဲ့ အနိုင် ရလဒ်ကို ရအောင် ယူနိုင်ခဲ့တယ် လို့ပဲ ဆိုရမှာပါ။ စီးရီးအေ ပွဲစဉ် ၁၄ အပြီး မှာတင်ပဲ ရှုံးပွဲ ၅ ပွဲ အထိ ရှိလာခဲ့တဲ့ ဂျူဗင်တပ်စ်တို့ ဥရောပဝင်ခွင့် ရဖို့ အတွက်ပဲ အားစိုက်ရဖို့ များသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဂျူဗင်တပ်စ်တို့ ဒီနေ့ပွဲမှာ ဒိုင်ဘာလာ၊ မိုရာတာ၊ ချီယေဇာ၊ ရာဘီယော့တ်၊ လိုကာတယ်လီ တို့နဲ့ လူစုံထုတ် ကစားခဲ့ပေမယ့် ထင်သလောက် အလုပ် မဖြစ်ခဲ့ပါဘူး။ ဂတ်စပါရီနီရဲ့ အတ္တလန္တာ ကတော့ ၃-၄-၂-၁ အခြေခံပြီး ဇာပါတာ၊ ပက်ဆီနာ၊ မာလီ နော့ဗ်စကီ၊ ဒီရွန်၊ ဇာပါကော်စတာ တို့နဲ့ လူစုံခဲ့ပါတယ်။ ပွဲအစတည်းက အပြန်အလှန် တိုက်စစ်ဆင်မှု နဲ့အတူ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ မိုရာတာ၊ ဒိုင်ဘာလာ အတွဲကလည်း ဒီမိုင်ရယ် ဦးဆောင်တဲ့ အတ္တလန္တာ နောက်တန်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ကြာလာတာနဲ့ အမျှ ဂျူဗင်တပ်စ်တို့ ခံစစ်ပိုင်းကို ပိုပြီး အားစိုက်ခဲ့ရပါတယ်။ ဒူဗန် ဇာပါတာ အတ္တလန္တာ အတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့တဲ့ ပွဲချိန် မိနစ် ၃၀ နောက်ပိုင်း ကျမှပဲ ဂျူဗင်တပ်စ်တို့ ပွဲကို ပိုပြီး အားစိုက်လာခဲ့တာ ဖြစ်ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု ၅၉-၄၁ အထိ အသာရခဲ့သလို ဂိုးပေါက်ကန်သွင်းမှု ၁၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အတ္တလန္တာ နောက်တန်းက အမှားအယွင်း အနည်းဆုံးနဲ့ တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ထင်မှတ်မထားတဲ့ အခြေအနေတွေကနေ တဆင့် အတ္တလန္တာတို့ တိုက်စစ် ဆင်ခဲ့တာတွေ ကလည်း တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်မှာတော့ နှစ်သင်းလုံး အမှားစောင့် ကစားခဲ့ကြတဲ့ အတွက် ပွဲအနည်းငယ် အေးသလို ဖြစ်ခဲ့ပါတယ်။ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြပေမယ့် နှစ်ဖက် တိုက်စစ်မှူးတွေ အားလုံး အသုံးမချနိုင်ခဲ့လို့ ပွဲပြီးမှာ ဂျူဗင်တပ်စ်တို့ ဝ-၁ ဂိုး ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ အနိုင်ရခဲ့တဲ့ အတ္တလန္တာ အသင်းကတော့ ထိပ်ဆုံး ၄ သင်းနေရာကို ဆက်လက် သိမ်းပိုက် ထားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။


ပွဲပြီးသုံးသပ်ချက

ဂျူဗင်တပ်စ်တို့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ တန်းတက် ဆလာနီတာနာနဲ့ ကစားဖို့ ရှိနေပြီး အတ္တလန္တာ ကတော့ အိမ်ကွင်းမှာ ဗီနီဇီယာကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အတ္တလန္တာ

နည်းပြ နှစ်ဦးရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ ခံစစ်နဲ့ အတ္တလန္တာရဲ့ တိုက်စစ်တို့ အားပြိုင်ခဲ့ကြတာပါ။ ကစားသမား  အင်အား ကွာခြားမှုမရှိတဲ့ အခြေအနေမှာ အတ္တလန္တာတို့က ပိုပြီး ကောင်းခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်စစ်ခြင်း အားပြိုင်မှုမှာ မိုရာတာ၊ ဒိုင်ဘာလာ တို့ထက် ဇာပါတာက ပိုပြီး အလုပ် ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် ခံစစ် ကစားသမားတွေရဲ့ ခြေစွမ်းပြမှုကြောင့် သွင်းဂိုး အနည်းကိုပဲ မြင်တွေ့ခဲ့ရပါတယ်။ အတ္တလန္တာ ကတော့ ပိုင်ဆိုင်ထားတဲ့ ကစားသမား အင်အားနဲ့ပဲ ရသင့်ရထိုက်တဲ့ အမှတ် ၃ မှတ်ကို အရ ယူနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ တန်းတက် ဆလာနီတာနာနဲ့ ကစားဖို့ ရှိနေပြီး အတ္တလန္တာ ကတော့ အိမ်ကွင်းမှာ ဗီနီဇီယာကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်