နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်မိုဘီလီရဲ့ ဂိုးတွေနဲ့အတူ စီးရီးအေ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ လာဇီယို (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ဆမ်ဒိုးရီးယား ၁ – ၃ လာဇီယို

နိုင်ပွဲ လိုအပ်နေတဲ့ အသင်းတွေဖြစ်လို့ အမှားမခံတမ်း ပြင်ဆင်လာခဲ့ကြပါတယ်။ အထူးသဖြင့် ဖီအိုရင်တီးနားကို ဂိုးပြတ် အရေးနိမ့်ထားခဲ့တဲ့ ဆမ်ဒိုးရီးယားတို့ အိမ်ကွင်းမှာ အမှတ်ပြည့်ရဖို့ အာရုံစိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ လာဇီယိုရဲ့ တိုက်စစ်ပိုင်း ခြေစွမ်းပြမှုကြောင့် အိမ်ကွင်းမှာပဲ ၃ ဂိုးပြတ် ရှုံးပွဲတစ်ပွဲ ထပ်ပြီး ရင်ဆိုင်ခဲ့ရတာပါ။ အပြန်အလှန် သွင်းဂိုး၊ အနီကတ်၊ အဝါကတ်တွေ နဲ့အတူ ပရိသတ်စိတ်ကြိုက် စီးရီးအေ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ရှေ့ပွဲစဉ်တွေမှာ အသီးသီး ရှုံးပွဲ တွေ့ထားလို့ နိုင်ပွဲရဖို့ အားစိုက်လာကြပါတယ်။ ပက်ဒရို၊ ဇက်ကာနီ၊ အင်မိုဘီလီ၊  ဆာဗစ်၊ အက္ကာဘီ၊ ဖီလစ်ပီ တို့နဲ့အတူ လာဇီယိုတို့ လူစုံခဲ့ပါတယ်။ ၄-၄-၂ အခြေပြု ပွဲထွက်လာတဲ့ ဆမ်ဒိုးရီးယား ကတော့ ဂတ်ဘီယာဒီနီ၊ ကွာဂလီရယ်လာ၊ အက်ခ်ဒဲလ်၊ ကန်ဒရီဗာ၊ ဖာရာရီ၊ ဗာရီတို့ကို ပွဲထွက်အဖြစ် အသုံးပြုခဲ့ပါတယ်။ ပွဲအစမှာတင် အထနှေးနေတဲ့ အိမ်ရှင်အသင်းရဲ့ အခြေအနေကို လာဇီယိုတို့ အခွင့်ကောင်း ယူနိုင်ခဲ့ပါတယ်။ ဒီလို အခွင့်အရေး ယူနိုင်ခဲ့လို့လည်း အဝေးကွင်းနိုင်ပွဲ ရရှိခဲ့တာပါ။ ပွဲအစ ၇ မိနစ်မှာတင် ဆာဗစ်က ဘယ်ခြေနဲ့ ကန်သွင်းပြီး လာဇီယို အတွက် ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ ဂိုးပေးလိုက်ရပေမယ့် အိမ်ရှင်အသင်းရဲ့ တုံ့ပြန်မှုက လာဇီယို အတွက် ဖိအား ကြီးကြီးမားမား မရှိစေခဲ့ပါဘူး။ ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်နေတဲ့ လာဇီယိုတို့ ဂိုးရဖို့ အခွင့်အရေးများစွာ ထပ်ပြီး ရရှိခဲ့ပါတယ်။ တကယ်တမ်းမှာလည်း နောက်ထပ် မိနစ် ၂၀ အတွင်း သွင်းဂိုး ၂ ဂိုး ထပ်ပြီး ရရှိခဲ့တာပါ။ ပွဲချိန် ၁၇ မိနစ်နဲ့ ၃၇ မိနစ်တို့တွေမှာ တိုက်စစ်မှူး အင်မိုဘီလီက နှစ်ဂိုးဆက်တိုက် ရယူ ပေးခဲ့ပြီးတဲ့နောက် လာဇီယိုတို့ အနိုင်ပြတ်သားဖို့ ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ကြံ့ခိုင်မှု အသားပေးကစားခဲ့တဲ့ ဆမ်ဒိုးရီးယားတို့ ဒုတိယပိုင်း ပြန်စစချင်း ကစားသမား ၃ ဦးအထိ တစ်ခါတည်း လူစားလဲခဲ့ပါတယ်။ အဲ့ဒီနောက် ကစားပုံ အနည်းငယ် ပြန်ကောင်းလာတဲ့ ဆမ်ဒိုးရီးယားတို့ အခွင့်အရေးတွေ ပြန်ရလာခဲ့တယ်လို့ ဆိုရမှာပါ။ လာဇီယို ကလည်း ဒုတိယပိုင်း ပြန်စကတည်းက အင်မိုဘီလီကို လူစားလဲပြီး ရရှိထားတဲ့ ဂိုးတွေကို ထိန်းသိမ်းဖို့ အားစိုက်လာခဲ့ပါတယ်။ ဆမ်ဒိုးရီးယားရဲ့ တိုက်စစ်မြှင့် ကစားပုံနဲ့ လာဇီယိုရဲ့ ကြံ့ခိုင်မှုအသားပေး ကစားပုံကြောင့် ပွဲဆူခဲ့ပြီး ကွင်းလယ်ဒိုင်ကိုယ်တိုင် ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ လာဇီယို ကွင်းလယ် ကစားသမား ဆာဗစ် နှစ်ဝါ တစ်နီနဲ့ အထုတ်ခံခဲ့ရသလို တစ်ပွဲလုံး အဝါကတ် ၈ ကတ်၊ အနီကတ် ၁ ကတ်အထိ မြင်တွေ့ခဲ့ရတာပါ။ တစ်ယောက်လျော့ လာဇီယို အနေနဲ့ လက်ကျန် ပွဲချိန်တွေကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲချိန် ၈၉ မိနစ်မှာ ဂတ်ဘီယာဒီနီရဲ့ ဂိုးကိုပါ ခွင့်ပြုပေးခဲ့ရပါတယ်။ နောက်ပိုင်း ပွဲချိန်တွေ မှာတော့ ခံစစ်ပိုင်း ကိုပဲ ပိုပြီး အားစိုက်ခဲ့တဲ့ လာဇီယိုကြောင့် ဆမ်ဒိုးရီးယားတို့ ဂိုးထပ်မရခဲ့ဘဲ ပွဲအပြီးမှာ ၁-၃ ဂိုးရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အစဉ်အလာရှိ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် နည်းပြ နှစ်ဦးအကြား ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အားပြိုင်မှု ကိုပါ မြင်ခဲ့ရတာပါ။ နှစ်သင်းလုံးမှာ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားတွေ ပါဝင်ခဲ့ပေမယ့် ဂိုးရရှိခြင်း အပိုင်းကတော့ နည်းပြတွေရဲ့ ဗျူဟာအပေါ် မူတည်ခဲ့တာပါ။ တကယ်တမ်းမှာလည်း အထနှေးတတ်တဲ့ အိမ်ရှင်အသင်းရဲ့ အားနည်းချက်ကို လာဇီယိုတို့ အခွင့်ကောင်း ယူနိုင်ခဲ့ပါတယ်။ အင်မိုဘီလီ၊ ဇက်ကာနီ တို့ရဲ့ ရုန်းအားက အိမ်ရှင် ဆမ်ဒိုးရီးယား အတွက် အိပ်မက်ဆိုး ဖြစ်ခဲ့တာပါ။ အပြန်အလှန် သွင်းဂိုးတွေ နဲ့အတူ ပရိသတ်အကြိုက် ပွဲစဉ်ဖြစ်ခဲ့သလို အနီကတ်၊ အဝါကတ်တွေကြောင့် အီတလီ ပရိသတ်တွေရဲ့ သည်းခြေကြိုက် ဖြစ်ခဲ့ပြန်ပါတယ်။ ရှေ့မှာ ကစားခဲ့တဲ့ စီးရီးအေ ပွဲတွေမှာ ရှုံးပွဲကိုယ်စီ ရှိထားလို့ ရလဒ်ကောင်းဖို့ အားစိုက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့  လာဇီယိုရဲ့ နည်းဗျူဟာနဲ့ ပွဲအပေါ် ချဉ်းကပ်မှုက ပိုပြီး ကောင်းခဲ့တယ်လို့ပဲ ဆိုရမှာပါ။


လာမယ့်ပွဲစဉ်များ

ဆမ်ဒိုးရီးယား အနေနဲ့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ ဂျီနိုအာရဲ့ အိမ်ကွင်းကို သွားရောက် ရဖို့ရှိနေပြီး လာဇီယို ကတော့ ကြားရက်မှာ ယူရိုပါလိဂ် အုပ်စုပွဲစဉ် အဖြစ် ဂါလာတာဆာရေးကို ဧည့်ခံကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်