နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာဇီယိုနဲ့ ဂိုးအများ ကိုပဲ မျှော်လင့်ရင်း အကျိုးအမြတ် ရှာဖွေသင့်တယ် | လာဇီယို – အတ္တလန္တာ (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

လာဇီယို – အတ္တလန္တာ

စီးရီးအေရဲ့ အလယ်အလတ် အဆင့် ရှိတဲ့ အသင်းတွေ ဖြစ်လို့ နိုင်ပွဲရဖို့ အတွက် အင်ပြည့်အားပြည့် အားစိုက် ကစားလာမှာပါ။ အထူးသဖြင့် အဆင့် ၄ နေရာမှာ ရှိနေတဲ့ အတ္တလန္တာရဲ့ ရုန်းအားအမှန်ကို မြင်တွေ့ရဖို့ရှိနေပါတယ်။ လာဇီယိုကလည်း ဒီရာသီ အိမ်ကွင်း ပွဲစဉ် ဆိုရင် ရလဒ်ပိုင်းက လက်ခံရနိုင်လောက်တဲ့ အခြေအနေ ရှိနေလို့ ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာပါ။ စီးရီးအေရဲ့ ထိပ်တန်းတိုက်စစ်မှူး ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ အသင်း နှစ်သင်း ဖြစ်လို့ ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာမှာတော့ သေချာပါတယ်။

စီးရီးအေ လက်ရှိ ချန်ပီယံ အင်တာမီလန်ကို အရေးနိမ့်ထားခဲ့ပေမယ့် လာဇီယိုရဲ့ ကစားပုံက ထင်သလောက် မဆိုးခဲ့ပါဘူး။ ရှုံးပွဲကြုံတွေ့ပြီး နောက်ပိုင်းမှာတော့ ပေးဂိုးမရှိ အနေအထား နဲ့အတူ နိုင်ပွဲပြန်ရထားတာက အဓိက သက်သေပါပဲ။ တိုက်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားသလို ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမားတွေ ကြောင့်လည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့တာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲရှုံး ၁ ပွဲသရေ ၃ ပွဲနိုင် ဆိုတဲ့ ရလဒ်မှာ နောက်ဆုံး ၂ ပွဲဆက်တိုက် ပေးဂိုးမရှိ နိုင်ပွဲ ရရှိထားပါတယ်။ တိုက်စစ်က ၁၁ ဂိုးသွင်းပြီး ခံစစ်က ၆ ဂိုးပဲ ပေးထားရတယ်ဆိုတဲ့ အနေအထားက လက်ခံနိုင်တဲ့ အခြေအနေပါ။ အက္ကာဘီ၊ ဇက်ကတ်ဂျ်နီ၊ ပက်ဒရိုတို့ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ဖို့ ရှိနေပြီး အက်ခ်ပရို ကတော့ နိုင်ငံပွဲ သွားကစားနေလို့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ အူဒီနိးစ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ဖို့ရှိနေပြီး အင်မိုဘီလီ၊ ဆာဗစ်၊ အယ်လ်ဘာတို၊ အန်ဒါဆင်၊ ဖီလစ်ပီတို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရဖို့ရှိနေပါတယ်။

အတ္တလန္တာ ကတော့ စီးရီးအေ အဆင့် ၄ နေရာမှာ ရှိနေတဲ့ အသင်းပီပီ ရလဒ်ပိုင်း တော်တော်လေးကို တည်ငြိမ်နေခဲ့တာပါ။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အတ္တလန္တာ

အတ္တလန္တာ ကတော့ စီးရီးအေ အဆင့် ၄ နေရာမှာ ရှိနေတဲ့ အသင်းပီပီ ရလဒ်ပိုင်း တော်တော်လေးကို တည်ငြိမ်နေခဲ့တာပါ။ ရိုးမားကို အိမ်ကွင်းမှာ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးတဲ့ နောက်ပိုင်း ပြန်လည် အားစိုက်ကစားခြင်းနဲ့ အတူ ရလဒ်ကောင်းတွေ ရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်း တည်ငြိမ်သလို ခံစစ်ပိုင်းကလည်း အမှားနည်းနေတဲ့ အနေအထားက ယုံကြည်ရလောက်တဲ့ အခြေအနေပါ။ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရလဒ် ရရှိထားပြီး ၄ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိထားပါဘူး။ တိုက်စစ်က ၉ ဂိုးသွင်းပြီး ခံစစ်က ၆ ဂိုး ပြန်ပေးထားရတာ ကတော့ လက်ခံနိုင်လောက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အဓိက တိုက်စစ်ကစားသမား ဖြစ်တဲ့ ဇာပါတာ ဒဏ်ရာပြဿနာ ရှိနေသလို အီလီဆစ်၊ ဂိုဆန်စ်၊ မာလီနော့ဗ်စကီးတို့ ကြံ့ခိုင်မှုပိုင်း လိုအပ်ချက်ကြောင့် သေချာပေါက် လွဲချော်ဖို့ ရှိနေပါတယ်။ အင်တာမီလန်ကို သရေကျခဲ့တဲ့ ပွဲစဉ်ကအတိုင်း ပွဲထွက်လာနိုင်ခြေများပါတယ်။ ပါဆာလစ်၊ မူရီရယ်၊ ပက်ဆီနာ၊ ဒီရွန်၊ ဒီမိုင်ရယ်၊ ပါလိုမီနိုတို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရဖို့များပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၄၈ ကြိမ်မှာ လာဇီယိုက ၂၂ ကြိမ်နိုင် အတ္တလန္တာက ၁၄ ကြိမ် ပြန်နိုင်ထားပြီး ၁၂ ကြိမ် သရေကျထား ခဲ့ပါတယ်။ အစဉ်အလာအရ အသာရထားတဲ့ လာဇီယို အနေနဲ့ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှု မှာတော့ ၂-၂ သရေရလဒ်နဲ့ပဲ ကျေနပ်ထားရတာပါ။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
လာဇီယို vs အတ္တလန်တာ1X2 လာဇီယို @ 2.87
ဇန်နဝါရီလ ၂၃ ရက်၊ မနက် ၂:၁၅ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၂.၉၃ ဆ၊ သရေအတွက် ၃.၅၅ ဆ၊ ဧည်သည့်အသင်း အတွက် ၂.၂၃ ဆ ကြေးဖွင့်ထားပါတယ်။ ခြေစွမ်းအရ သိပ်ပြီး ကွာဟမှုမရှိတဲ့ အသင်းနှစ်သင်းပါ။ တိုက်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတွေဖြစ်လို့ ဂိုးတစ်ဂိုးရဖို့ မခက်ခဲလောက်ပါဘူး။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ခြေ များပါတယ်။ ဂိုးများနိုင်တဲ့ ပွဲတစ်ပွဲပါ။ ရွေးချယ်မှု တစ်ခုအနေနဲ့ ပြောရရင်တော့ အဝေးကွင်းဆိုရင် အတ္တလန္တာခံစစ်ကို အနည်းငယ် စိုးရိမ်မိပါတယ်။ လာဇီယိုရဲ့ အိမ်ကွင်းက ထိပ်ပိုင်းအသင်းတိုင်းကို အခက်တွေ့အောင် ကစားနိုင်ထားတာပါ။ နည်းပြနှစ်ဦးရဲ့ ဗျုဟာနဲ့ ပွဲထွက်ကစားသမား ရွေးချယ်မှုအပိုင်းက အဓိက အဖြေ ဖြစ်လာနိုင်ပေမယ့် လာဇီယို ကိုပဲ ပိုပြီး အကြိုက်တွေ့မိပါတယ်။ ဂိုးအများနဲ့ လာဇီယိုကို ရွေးချယ် အားပေးစေချင်တယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်