နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်ရှင် အနိုင် သေချာတယ်။ ဂိုးပြတ်/မပြတ်ပဲ စောင့်ကြည့်ရမယ် | ရိုးမား – ဂျီနိုအာ (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

ရိုးမား vs ဂျီနိုအာ 

ဥရောပဝင်ခွင့်ရဖို့ အားစိုက်နေတဲ့ ရိုးမား အနေနဲ့ အခုတစ် စီးရီးအေ ပွဲစဉ် ၂၄ မှာတော့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဂျီနိုအာကို အိမ်ကွင်း အိုလံပီကိုမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ 

စီးရီးအေ ပွဲစဉ် ၂၀ မှာ အေစီမီလန်၊ ၂၁ မှာ ဂျူဗင်တပ်စ်ကို နှစ်ပွဲဆက် ရှုံးပြီး နောက်ပိုင်း ရိုးမားတို့ ပြိုင်ပွဲစုံ ၃ ပွဲဆက် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ စီးရီးအေ ပွဲစဉ် ၂၃ ပွဲ ကစားထားချိန်မှာ ၁၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၉ ပွဲ ရှုံးထားတဲ့ မော်ရင်ဟိုရဲ့ အသင်းက ရာသီ အကုန်မှာ ဥရောပ ဝင်ခွင့် မျှော်လင့်ချက် ရှိနေလို့ လက်ကျန် ပွဲစဉ်တွေကို ကျိန်းသေပေါက် အာရုံစိုက်ပြီး အမှားလည်း ခံမှာ မဟုတ်ပါဘူး။ ရိုးမားရဲ့ လက်ရှိ ခြေစွမ်းကို ကြည့်မယ် ဆိုရင် အခွင့်အရေး ဖန်တီးမှု အားကောင်းပြီး တောင်ပံ တိုက်စစ်၊ တန်ပြန် တိုက်စစ်၊ Set Piece တွေကနေ ဂိုးရရှိမှု အပိုင်းတွေမှာ တော်တော်လေး အားရစရာ ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး ရပြီးချိန်တိုင်း ချေပဂိုးတွေ ပြန်ပေးရတဲ့ အခြေအနေကိုတော့ သတိပြုရပါလိမ့်မယ်။ နောက်ပြီး ရိုးမားတို့ ဒီပွဲ ပြီးရင် အင်တာမီလန်နဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲ ကစားဖို့ ရှိနေတာကြောင့် အပြည့်အဝ အားစိုက် ထုတ်ပါ့မလား ဆိုတာ စဉ်းစားစရာတော့ ရှိနေပါတယ်။ ဒါပေမယ့် ရိုးမားရဲ့ ပွဲထွက်လူစာရင်း ကိုတော့ တမ်မီ အေဗရာဟမ်၊ ဇန်နီယိုလို၊ မန်စီနီ၊ ဗီနာ၊ မက်ခီတာရန်၊ အီဘာနက်ဇ်၊ ခရစ္စတန်တီ၊ ကားစ်ဒေါ့ပ်၊ အိုလီဗီယာ၊ စမောလင်း၊ ပက်ထရီစီယို တို့နဲ့ အတောင့်တင်းဆုံး မြင်တွေ့ရဖို့ ရှိနေပါတယ်။

စီးရီးအေ
အင်တာမီလန်
အေစီမီလန်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဒီရာသီ ဂျီနိုအာရဲ့ အခြေအနေ ကတော့ ခပ်ဆိုးဆိုပါပဲ။ စီးရီးအေ ပွဲစဉ် ၂၃ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲသာ အနိုင်ရထားပြီး ၂ ပွဲ သရေ၊ ၁၇ ပွဲ အထိ ရှုံးနိမ့်ထားတာကြောင့် အဆင့် ၁၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နည်းပြ အန်ဒရီ ရှက်ဗ်ချန်ကို ကို ထုတ်ပယ်ခဲ့ပြီး လိုက်ပ်ဇစ် လူငယ်အသင်း နည်းပြ အလက်ဇန္တား ဘလက်ဆင်နဲ့ အစားထိုးခဲ့ချိန် မှာတော့ ကစားပုံရော၊ ရလဒ်ပိုင်းမှာ တိုးတက်လာတာ တွေ့ရပါတယ်။ ဆောင်းရာသီ အားလပ်ရက် မတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အူးဒီးနီးစ်ကို ဂိုးမရှိ သရေကျခဲ့တာက နည်းပြသစ်နဲ့ ဂျီနိုအာကို စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။ အခုပွဲ ကိုတော့ ဂျီနိုအာ ဗဟိုခံစစ် ကစားသမား ခရစ်ဆီတိုနဲ့ တောင်ပံက ကမ်ဘီယာဆို တို့ကလွဲရင် ကျန် အဓိက ကစားသမား အားလုံး ပွဲထွက်နိုင်ဖို့ ရှိ‌နေတယ်လို့ သိရပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၂၀၁၀ နောက်ပိုင်း စီးရီးအေ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၃ ကြိမ်မှာ ရိုးမားက ၁၇ ကြိမ်အထိ အနိုင်ရထားပြီး ဂျီနိုအာ က ၃ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ရိုးမားတို့ ဂျီနိုအာကို နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရထားပြီး အဲ့ဒီ ၄ ပွဲမှာ ၃ ပွဲက ဂိုးပြတ် ရလဒ်တွေနဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ စီးရီးအေ ပထမအကျော့ ဂျီနိုအာ အိမ်ကွင်းမှာ ရိုးမားတို့ လူစားဝင် လူငယ် တောင်ပံ ကစားသမား ဖီးလစ် အဖီနာ ဂျီရန်ရဲ့ နောက်ကျ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ 

??
ရိုးမား vs ဂျီနိုအာ အချိန်ပြည့် ဂိုးအောက် ၃.၀၀ @ ၁.၈၅ ဆ
ဖေဖော်ဝါရီလ ၅ ရက်၊ ည ၈:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ ပေါက်ကြေးအရ ရိုးမား အတွက် ၁.၃၄ ဆ၊ ဂျီနိုအာ အတွက် ၈ ဆ၊ သရေ အတွက် ၄.၉၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ မော်ရင်ဟိုရဲ့ အသင်းက အဘက်ဘက်မှာ အသာရနေပေမယ့် နည်းပြသစ် လက်အောက်မှာ အသင်းလိုက် ကစားပုံ တိုးတက်လာပြီး ခံစစ်လည်း ပိုပြီး ကျစ်လျစ်လာတဲ့ ဂျီနိုအာကြောင့် မျှော်လင့်ထားသလို သွင်းဂိုးတွေ အများကြီး မြင်တွေ့ရမယ် မထင်ပါဘူး။ ရိုးမားတို့ နိုင်ရင်လည်း ၂-၀ လောက်နဲ့ပဲ နိုင်သွားဖို့ ရှိနေလို့ ၂.၀၀ ဆ နီးပါး ရနိုင်မယ့် ဂိုးပေါင်း အောက် တစ်ခုခုကို အဓိကထား ရွေးချယ်စေချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၀) 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်