စပီဇီယာ – ဖီအိုရင်တီးနား
စီးရီးအေ ပွဲစဉ် ၂၅ ရဲ့ နောက်ကျပွဲ တစ်ပွဲ အဖြစ် စီပီဇီယာနဲ့ ဖီအိုရင်တီးနားတို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၂ နာရီ ၁၅ မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နောက်ပိုင်း ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ ဖီအိုရင်တီးနားတို့ ခြေပြန်တက်နေတဲ့ စပီဇီယာရဲ့ ကွင်းမှာ ရလဒ်ကောင်း ပြန်လည် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
စပီဇီယာဟာ စီးရီးအေ အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေပြီး အထက် မရောက်၊ အောက်မရောက် ဖြစ်နေတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ စီးရီးအေ ပွဲစဉ် ၂၄ ပွဲ ကစားပြီးချိန် အထိ ၇ ပွဲ နိုင်၊ ၅ ပွဲ သရေ၊ ၁၂ ပွဲ ရှုံး၊ ရမှတ် ၂၆ မှတ် ရရှိထားပြီး တန်းဆင်းဇုန်နဲ့ ၆ မှတ် ကွာဟနေလို့ ဖိအားလည်း သိပ်မရှိတဲ့ အနေအထား ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း အရ ဆိုရင်တော့ မဆိုးဘူး ဆိုတာထက် အကောင်းဆုံး ပုံစံ တစ်ခု ရနေတယ်လို့တောင် ပြောလို့ ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၇ ပွဲမှာ ဟဲလက်စ်ဗီရိုနာ တစ်သင်းတည်းကို ရှုံးထားပြီး နာပိုလီ၊ ဂျီနိုအာ၊ အေစီမီလန်၊ ဆမ်ဒိုးရီးယား တို့လို အသင်းတွေကို အနိုင်ရထားတာကို ကြည့်ခြင်းအားဖြင့် စပီဇီယာဟာ အသင်းကြီးတွေနဲ့ ဆိုရင် ဒုက္ခပေးနိုင်စွမ်း အပြည့် ရှိနေတဲ့ အသင်းလို့ သတ်မှတ်လို့ ရပါတယ်။ လက်ရှိမှာ ဘက်စတိုနီ တစ်ဦးတည်း ဒဏ်ရာ ပြသနာ ရှိနေပြီး ကျန် အဓိက ကစားသမား တော်တော်များများ ပွဲထွက်နိုင်ဖို့ ရှိနေတာ ကလည်း စပီဇီယာ အတွက် အားသာချက် ဖြစ်လာဖို့ ရှိနေပါတယ်။
ဖီအိုရင်တီးနား ကတော့ ဗလာဟိုဗစ် ထွက်ခွာသွားပြီး နောက်ပိုင်း စီးရီအေ ပွဲစဉ်တွေမှာ ပြန်လည် ရုန်းကန်နေရပေမယ့် ကိုပါအီတလီယာ မှာတော့ အတ္တလန္တာကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။ စီးရီးအေ ပွဲစဉ် ၂၂ မှာ ဂျီနိုအာကို ၆ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲမှာတော့ တန်းဆင်းဇုန်ထဲက ကက်ဂလီယာရီနဲ့ သရေကျပြီး လာဇီယို ကိုတော့ ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ဥရောပဝင်ခွင့် တစ်နေရာ အတွက် ၆ မှတ် အထိ ကွာဟနေလို့ လက်ကျန် ပွဲစဉ်တွေမှာ အာရုံစိုက်ဖို့ လိုအပ်နေတာ ကလည်း ဖီအိုရင်တီးနား အတွက် တွန်းအား တစ်ရပ် ဖြစ်လာဖို့ ရှိနေပါတယ်။ ပြသနာက ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ လူးကပ်စ် တော်ရိုင်းယားနဲ့ ဘွန်နာဗန်တူရာတို့ ပွဲပယ် ပြစ်ဒဏ် ထိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးချင်း အမှားတွေ လုပ်တတ်ပြီး ခံစစ် ကစားသမားတွေရဲ့ ပေါ့လျော့မှုက ရလဒ်ပိုင်းကို ထိခိုက်နေစေတယ်လို့ ပြောလို့ ရတာကြောင့် ဗင်ဆန်ဇို အီတလီယာနိုရဲ့ အသင်း အနေနဲ့ ဒီအချက်တွေကို ပြင်ဆင်လာနိုင်မယ် ဆိုရင်တော့ နိုင်ပွဲ ရဖို့ မခက်ခဲနိုင်ပါဘူး။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ်မှာ ဖီအိုရင်တီးနားက ၂ ကြိမ်နိုင်ပြီး ၁ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ အခုနှစ် ဘောလုံးရာသီ စီးရီးအေ ပထမအကျော့ အဖြစ် အာတီမီု ဖရန်ချီ ကွင်းက တွေ့ဆုံမှု မှာတော့ ၃-၀ ပြတ် ရလဒ်နဲ့ ဖီအိုရင်တီးနားတို့ ဗလာဟိုဗစ်ရဲ့ ဟက်ထရစ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
စပီဇီယာ – ဖီအိုရင်တီးနား | အချိန်ပြည့် 1X2 ဂိုးပေါ် ၂.၅၀ @ ၁.၇၃ ဆ | |
ဖေဖော်ဝါရီလ ၁၅ ရက်၊ မနက် ၂:၁၅ နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 မှာတော့ စပီဇီယာ အတွက် ၃.၆၀ ဆ၊ သရေ အတွက် ၃.၅၀ ဆ၊ ဖီအိုရင်တီးနား အတွက် ၁.၉၇ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာ အနည်းဆုံး ဂိုးပေါင်း ၃ ဂိုးနဲ့ အထက် ရှိခဲ့တဲ့ အချက်ရယ်၊ နောက်ဆုံး ၅ ပွဲမှာ နှစ်သင်းလုံး ဂိုးပေါင်း ပေါ်ခဲ့တဲ့ အချက်ရယ်ကြောင့် ဒီပွဲမှာ ဂိုးပေါ် ၂.၅၀နဲ့ ၂.၇၅ နှစ်ခုလုံးကို သဘောကျနေပါတယ်။ ရွေးချယ်မှု တစ်ခု အနေနဲ့ ဆိုရင်တော့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား အများစု ပါဝင်နေတဲ့ ဖီအိုရင်တီးနားကိုပဲ ရွေးချယ်ထားချင်ပါတယ်
ခန့်မှန်းရလဒ် (၁-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.