အက်စ်ပန်ညို – ဆီဗီလာ
လာလီဂါ ချန်ပီယံဆု အတွက် ထိပ်ဆုံးက ရီးရဲယ်မက်ဒရစ်ကို လိုက်လံ ဖိအားပေးနေတဲ့ ဆီဗီလာတို့ အခုတစ်ပတ် မှာတော့ အက်စ်ပန်ညိုရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အက်စ်ပန်ညိုတို့ ၂၀၂၂ ခုနှစ်ကို ရောက်ကတည်းက ခြေစွမ်း တောက်လျောက် ပြန်ကျသွားခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။ လာလီဂါ နောက်ဆုံး ၅ ပွဲမှာ ရမှတ် ၂ မှတ်သာ ရှာဖွေနိုင်ခဲ့တဲ့ အက်စ်ပန်ညိုတို့ ပြီးခဲ့တဲ့ ကတ်တာလန် ဒါဘီ ပွဲစဉ် မှာတော့ ဘာစီလိုနာကို ၂ ဂိုးစီ သရေ ကစားထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ပွဲမှာတော့ အက်စ်ပန်ညိုတို့ ခြေစွမ်းပိုင်းက အပေါင်းလက္ခဏာ ဆောင်ခဲ့ပြီး လုခ်ဒီယောင်ရဲ့ နောက်ဆုံး မိနစ် ဂိုးကြောင့်သာ နိုင်ပွဲနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၈ နေရာက အလာဗက်စ်ကို ၈ မှတ်အထိ ဖြတ်ထားနိုင်လို့ တန်းဆင်းဇုန် ဖိအားတော့ ကင်းနေပါလိမ့်မယ်။ လက်ရှိ အသင်းမှာ မော်လာနက်စ် တစ်ဦးတည်း ညို့သကျည်း ဒဏ်ရာကြောင့် အနားယူနေရပြီး ကျန်အဓိက ကစားသမား အားလုံး ကတော့ ပွဲထွက်ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
အားလုံး သိတဲ့ အတိုင်း ဆီဗီလာ ကတော့ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရီးရဲယ်မက်ဒရစ်ကို အကောင်းဆုံး လိုက်လံ ဖိအားပေးထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ဗလင်စီယာ၊ ဆဲလ်တာဗီဂို၊ အိုဆာဆူနာ တို့နဲ့ ပွဲစဉ်တွေ မှာသာ ခြေမချော်ခဲ့ရင် ဆီဗီလာတို့ လက်ရှိမှာ ရီးရဲယ်မက်ဒရစ် ကိုတောင် ကျော်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။ လိုပက်တက်ဂီရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂၄ မှာတော့ အဲလ်ချီကို ၂ ဂိုးပြတ် အနိုင်ရရှိထားသလို ကြားရက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် Play-Off ရှုံးထွက် ပွဲစဉ် မှာလည်း ဒိုင်နမိုဇာဂရက်ဘ်ကို အန်တိုနီ မာစီရယ်၊ အိုကမ်ပို့စ် တို့ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ၃-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ သတင်းတွေ အရတော့ အခုလာမယ့် ပွဲကို လာမယ်လာ၊ ကိုရိုနာ၊ ရီကစ်ခ်၊ ဆူဆို၊ မွန်တီရယ် တို့ ဒဏ်ရာ ပြသနာတွေကြောင့် ကျိန်းသေပေါက် လွဲချော်မယ်လို့ သိရပါတယ်။ မာစီရယ်၊ အန်နက်ဆီရီ၊ အိုကမ်ပို့စ်၊ ဖာနန်ဒို၊ ဒီယေဂို ကားလို့စ်၊ ကွန်ဒေးနဲ့ ဘွန်နူ တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၇ ကြိမ်မှာ အက်စ်ပန်ညိုတို့ ၄ ကြိမ်သာ အနိုင်ရထားခဲ့ပြီး ဆီဗီလာ ကတော့ ၁၇ ကြိမ်အထိ အနိုင်ရရှိထားခဲ့ပါတယ်။ ဆီဗီလာတို့ အက်စ်ပန်ညိုနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ လာလီဂါ ၇ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ၅ ပွဲနိုင်၊ ၂ ပွဲသရေ ကျထားခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ဘောလုံးရာသီ လာလီဂါပထမအကျော့ ပွဲစဉ် မှာလည်း ဆီဗီလာတို့ အိမ်ကွင်းမှာ အန်နက်ဆီရီ၊ မီရာ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
အက်စ်ပန်ညို vs ဆီဗီလာ FC | 1X2 ဆီဗီလာ FC @ 2.25 | |
ဖေဖော်ဝါရီလ ၂၀ ရက်၊ ည ၇:၃၀ နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 မှာတော့ အက်စ်ပန်ညို အတွက် ၃.၄၀ ဆ၊ သရေ အတွက် ၃.၃၀ ဆ၊ ဆီဗီလာ အတွက် ၂.၂၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရ အက်စ်ပန်ညိုဟာ ဆီဗီလာ အတွက် ပြိုင်ဘက်ကောင်း မဟုတ်ပါဘူး။ ဆီဗီလာ တိုက်စစ်ဟာ နောက်ဆုံး ၂ ပွဲမှာ ၅ ဂိုး သွင်းထားတဲ့ အထိ ဂိုးမြူးနေလို့ ဒီပွဲမှာလည်း ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားနိုင်ချေ ရှိပါတယ်။ ဒါကြောင့် ဂိုးပေါင်းကို စဉ်းစားမနေပဲ ၂ ဆ ကျော်ရမယ့် ဆီဗီလာ တစ်ကွက်တည်း ကိုပဲ အပိုင် ရွေးချယ်သင့်ပါတယ်။
ခန့်မှန်းရလဒ် (၀-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.