နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝက်စ်ဟမ်းကို အနိုင်ယူပြီး ချန်ပီယံ အိမ်မက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၁-၀ ဝက်စ်ဟမ်း

စနေ့နေ့ညရဲ့ ပရီးမီးယားလိဂ် နောက်ကျပွဲ မှာတော့ လစ်ဗာပူးလ်တို့ အန်ဖီးလ်မှာ ဆာဒီယို မာနေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဝက်စ်ဟမ်းကို အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် တစ်ဖက်က မန်စီးတီးတို့ ပွဲကြပ်နေမှုကို အခွင့်ကောင်းယူနိုင်ခဲ့တာကြောင့် ကလော့ပ် အတွက်တော့ အဖိုးတန် နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

အရေးပါတဲ့ ပွဲစဉ် ဖြစ်လို့ နှစ်သင်းလုံး အဓိက ကစားသမားတွေနဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ကြပါတယ်။ လစ်ဗာပူးလ်ရဲ့ ၄-၃-၃ အခင်းအကျင်း မှာတော့ ဆာဒီယို မာနေး၊ မိုဟာမက် ဆာလာ၊ လူးဝစ် ဒီးရာ့ဇ်၊ ဖာဘင်ဟို၊ ဟန်ဒါဆင်၊ နာဘီကေတာ၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ ဗန်ဒိုက်ခ်၊ ကိုနာတေးနဲ့ အလီဆွန်တို့ ပါဝင်ခဲ့ကြပါတယ်။ ဝက်စ်ဟမ်း ကတော့ ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ အန်တိုနီယို တစ်ဦးတည်းကို အထောင်ထားပြီး တောင်ပံတွေမှာ ဗလာဆစ်နဲ့ ဘိုဝင်၊ ကွင်းလယ်နဲ့ ခံစစ်မှာ ဖော်နယ်စ်၊ လန်ဇီနီ၊ ဆိုရှက်ခ်၊ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဇူးမား၊ ဒေါ်ဆင်၊ ဂျွန်ဆင်နဲ့ ဂိုးမှာတော့ ဖေဘီယန်စကီးပဲ ပွဲထွက်လာခဲ့ပါတယ်။

ဘန်ဒက် လီဂါ
မွန်ချန်ဂလာဘတ်ချ်
ဟာသာဘာလင်
ပထမပိုင်း 1X2 မွန်ချန်ဂလာဘတ်ချ် @ 2.07
ဟာသာဘာလင် အာရှ ဟန်းဒီးကပ် +1.00 @ 2.09
ဂိုးပေါင်း 2-3 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဝက်စ်ဟမ်းတို့ ပထမအကျော့တုန်းကလိုမျိုး လစ်ဗာပူးလ်ကို ဒုက္ခပေးဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပေမယ့် အကောင်းဆုံး ပုံစံရနေခဲ့တဲ့ လစ်ဗာပူးလ်ကို ပွဲချိန်ပြည့် ယှဉ်ကစားဖို့ ခက်ခဲခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အပြန်အလှန် ထိုးဖောက်မှုတွေ မြင်တွေ့ခဲ့ရပေမယ့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာ ကတော့ အိမ်ရှင် လစ်ဗာပူးလ် တို့ပဲ ဖြစ်ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ညာနောက်ခံ အလက်ဇန္တား အာနိုးလ်ရဲ့ ဖန်တီး ပေးပို့မှုကို တိုက်စစ်မှူး ဆာဒီယို မာနေးက အလိုက်သင့် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပထမိုင်း ပြီးခါနီးမှာ ဝက်စ်ဟမ်းတို့ ချေပဂိုး ရဖို့ အနီးစပ်ဆုံး အခြေအနေ ပိုင်ဆိုင်ခဲ့ပေမယ့် ဖော်နယ်စ်ရဲ့ အပိုင်ကန်သွင်းမှုကို အာနိုးလ်နဲ့ အလီဆွန်တို့ အဆင့်ဆင့် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လူးဝစ် ဒီးရာ့ဇ်ရဲ့ အပိုင်ကန်ချက် ၂ ကြိမ် ဂိုးတိုင်ဘေးက ထွက်သွားခဲ့သလို ဆာလာရဲ့ ကန်ချက် ပျော့ခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ ကံကောင်းခဲ့ရပြီး လန်ဇီနီ အပိုင် အခွင့်အရေး ရခဲ့ပေမယ့်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင် မိုးပေါ်ထောင်ကန်ခဲ့လို့ ချေပဂိုးနဲ့လည်း ဝေးခဲ့ရပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ကလော့ပ် အနေနဲ့ ဂျိုတာ၊ မီလ်နာ၊ ကာတစ် ဂျုံးစ် တို့ကို ထည့်ပြီး အနိုင်ဂိုး ကိုပဲ ထိန်းသွားခဲ့တာကြောင့် ၁-၀ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်ခဲ့ရပြီး ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ အထိ ဆင်းသွားခဲ့ရတဲ့ ဝက်စ်ဟမ်း

လစ်ဗာပူးလ်တို့ တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တယ် ဆိုပေမယ့် ခြေစွမ်းအရတော့ ဝက်စ်ဟမ်းကို အဘက်ဘက်က အသာစီးရယူပြီး ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဆာလာ ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေခဲ့ပေမယ့် မာနေး၊ လူးဝစ် ဒီးရာ့ဇ် တို့ရဲ့ အတိုးအလှုပ်တွေက ဝက်စ်ဟမ်း ခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ထုံးစံ အတိုင်း ထရန့် အာနိုးလ် ကနေ စတင်တဲ့ တိုက်စစ် အရွေ့ဟာ ဒီနေ့ပွဲမှာလည်း အလုပ် ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းတို့ ပွဲချိန် အများစု ခံစစ်မှာသာ အချိန်ကုန်ခဲ့ရပါတယ်။ နောက်ပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာ ကြာပြီ ဖြစ်တဲ့ တိုက်စစ်မှူး အန်တိုနီယို ဒီနေ့ပွဲမှာလည်း ရုန်းကန်ခဲ့ရပြီး ဖော်နယ်စ်နဲ့ လန်ဇီနီ တို့ရဲ့ အပိုင်အခွင့်အရေး ဖြုန်းတီးမှုတွေက ဝက်စ်ဟမ်းကို ရှုံးပွဲတွေ့စေခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ လစ်ဗာပူးလ်တို့ ပြိုင်ပွဲစုံ ၁၂ ပွဲ ဆက်တိုက် အနိုင်ရရှိမှုနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးကို ၃ မှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်ခဲ့ရပြီး ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် အဓိက ပြိုင်ဘက်တွေထက် ပွဲပိုတွေ ကစားထားတာကြောင့် ဒေးဗစ်မွိုက်စ်ရဲ့ အသင်း အနေနဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်လည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ မတ်လ ၉ ရက်နေ့မှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ကစားဖို့ ရှိပြီး ဝက်စ်ဟမ်း ကတော့ ၁၁ ရက်နေ့မှာ ဆီဗီလာနဲ့ ယူရိုပါလိဂ် ရှုံးထွက် ပထမ အကျော့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်