နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆီဗီးလ်မှာ ဟမ်းမားတို့ မျှော်လင့်နိုင်တာ သရေ အပြင် မပိုဘူး | ဆီဗီလာ – ဝက်စ်ဟမ်း (ယူရိုပါလိဂ် ပွဲကြိုသုံးသပ်ချက်)

ဆီဗီလာ – ဝက်စ်ဟမ်း

ချန်ပီယံလိဂ် အပြီးမှာတော့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး စပိန် ထိပ်သီး ဆီဗီလာတို့ ဝက်စ်ဟမ်းကို ရာမွန်ဆန်းချက်ဇ် ပစ်ဇ်ဟွမ် ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ လက်ရှိ ရာသီမှာ ပုံစံကောင်းရနေတဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

ဆီဗီလာတို့ ဇန်နဝါရီလ အလယ်လောက် အထိ ခြေစွမ်းပိုင်း တည်ငြိမ်ခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ အနည်းငယ် ပြန်ကျလာခဲ့ပြီး ရလဒ်ပိုင်းလည်း တောက်လျောက် မတည်မငြိမ် ဖြစ်နေပါတယ်။ ချန်ပီယံလိဂ် ကစားခွင့် ရခဲ့ပေမယ့် ယူရိုပါလိဂ် နဲ့ပဲ ကံစပ်တဲ့ ဆီဗီလာတို့ ဒီနှစ် မှာတော့ Play-Off အဆင့် ကနေ စတင် ကစားခဲ့ရတာ ဖြစ်ပါတယ်။ Play-Off မှာ ခရိုအေးရှား ကလပ် ဒိုင်နမိုဇာဂရက်ဘ်ကို နှစ်ကျော့ပေါင်း ၃-၂ ရလဒ်နဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ ဆီဗီလာတို့ ဒီအဆင့် မှာတော့ ခြေစွာနေတဲ့ ဝက်စ်ဟမ်းနဲ့ စောစောစီးစီး တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ ဆီဗီလာတို့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ နိုင် ၃ ပွဲသာ ရရှိထားပြီး ၅ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပြီး လာလီဂါ မှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးက ရီးရဲယ်မက်ဒရစ်နဲ့ ၈ မှတ် အထိ ကွာဟနေခဲ့ပါတယ်။ တစ်ချက် ရှိတာက လိုပက်တက်ဂွီ အသင်းရဲ့ ဒီရာသီ အိမ်ကွင်း ခြေစွမ်း ဖြစ်ပြီး ချန်ပီယံလိဂ်မှာ လိုင်လီကို ရှုံးနိမ့်ခဲ့တဲ့ ပွဲကလွဲရင် ကျန် အိမ်ကွင်း ပွဲစဉ် အားလုံး မရှုံးအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ကွင်းလယ်က ဒီလာနီနဲ့ တောင်ပံက ရီကစ်နဲ့ ဘယ်နောက်ခံလူ ရီကစ်ခ်တို့ လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ လူးကပ်စ် အိုကမ်ပို့စ်၊ ရာဖာမီရာ၊ ကိုရိုနာ၊ ရာကီတစ်၊ ဖာနန်ဒို၊ ဂျော်ဒန်၊ ကွန်ဒေး၊ ဂူဒယ်လီ၊ အကူနာ၊ နားဗက်စ်၊ ဘွန်နူတို့ပဲ ပါဝင်လာဖွယ် ရှိနေပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
နော်ဝစ်မြို့
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

နောက်ဆုံး နှစ်ရာသီ အတွင်း အကောင်းဆုံး ခြေစွမ်းတွေနဲ့ မြင်တွေ့နေရတဲ့ ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်း ဟာလည်း လက်တလော မှာတော့ ခြေစွမ်း ပြန်ကျနေပြီး ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ အသင်းပါ။ မနှစ်က ပရီးမီးယားလိဂ် တစ်ခုတည်းကို အာရုံစိုက်ခဲ့ရပေမယ့် ဒီနှစ် မှာတော့ ယူရိုပါလိဂ်ပါ တွဲကစားနေရတဲ့ အတွက် ပွဲပန်းနေပုံရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ပရီးမီးယားလိဂ် အဆင့် ၆ နေရာကို ပြန်ရောက်နေခဲ့သလို လာမယ့် ရာသီ ဥရောပဝင်ခွင့် ရဖို့လည်း မရေရာ မသေချာ ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ဆောက်သမ်တန်ကို ဂိုးပြတ် ရှုံးနိမ့်ပြီး အက်ဖ်အေဖလား ကနေ ထွက်ခွာထားခဲ့ရသလို ပြီးခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ပွဲမှာလည်း ရှုံးနိမ့်ထားခဲ့ပါတယ်။ အဓိက ကတော့ မစ်ချယ် အန်တိုနီယို ဦးဆောင်တဲ့ တိုက်စစ်က ဂိုးသွင်း ခြေစွမ်း ကျဆင်းနေခဲ့တာ ဖြစ်ပြီး Final Third ကစားပုံ ကောင်းပေမယ့် အဆုံးသတ် အပိုင်း ကတော့ တော်တော်လေး အားနည်းနေခဲ့တာ တွေ့ရပါတယ်။ ညာနောက်ခံလူ ဝလာဒီမာ ကူဖယ် ဒဏ်ရာရနေတာ ကလည်း အသင်း အတွက် အခြေအနေ တစ်ခု အထိ သက်ရောက်မှု ရှိနေခဲ့ပြီး အခုလာမယ့် ပွဲကိုလည်း ကျိန်းသေပေါက် လွဲချော်ဦးမယ်လို့ သိရပါတယ်။ ဒေးဗစ် မွိုက်စ် အနေနဲ့ အခုပွဲမှာ ၄-၂-၃-၁ အခင်းအကျင်းကိုပဲ အသုံးပြုလာနိုင်ပြီး ပွဲထွက်လူစာရင်း မှာတော့ အန်တိုနီယို၊ ဖော်နယ်စ်၊ လန်ဇီနီ၊ ဗလာဆစ်၊ ရိုက်စ်၊ ဆိုရှက်ခ်၊ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဒေါ်ဆန်၊ ဖက်ဒရစ်ခ်၊ အာရီယိုလာ တို့ ပါဝင်လာဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မနှစ်က ပရီးမီးယားလိဂ် တစ်ခုတည်းကို အာရုံစိုက်ခဲ့ရပေမယ့် ဒီနှစ် မှာတော့ ယူရိုပါလိဂ်ပါ တွဲကစားနေရတဲ့ အတွက် ပွဲပန်းနေပုံရပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားတဲ့ ဝက်စ်ဟမ်း

ဥရောပအဆင့် အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ဆီဗီလာ အတွက် ၂.၁၀ ဆ၊ သရေ အတွက် ၃.၁၀ ဆ၊ ဝက်စ်ဟမ်း အတွက် ၃.၆၀ ဆ ကြေးဖွင့်ထားပါတယ်။ လက်ရှိမှာ နှစ်သင်းလုံး ခြေစွမ်းပိုင်း အနည်းငယ် ယိမ်းယိုင်နေကြပါတယ်။ Final Third ကစားပုံ ကောင်းပြီး တိုက်စစ် ကစားသမား ကောင်းတွေ ကိုယ်စီ ပိုင်ဆိုင်ထားလို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဥရောပ ပြိုင်ပွဲ အတွေ့အကြုံ အပိုင်းမှာ ဝက်စ်ဟမ်းတို့ ဆီဗီလာကို ယှဉ်ဖို့ မဖြစ်နိုင်လို့ ဒေးဗစ် မွိုက်စ်ရဲ့ အသင်း အနေနဲ့ စပိန်မြေမှာ အမြင့်ဆုံး သရေလောက်ပဲ မျှော်လင့်နိုင်မယ် ထင်ပါတယ်။ ဒါကြောင့် ဆီဗီလာ ဘက်မှာပဲ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။


ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်