နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (လာလီဂါ)

အခုတစ်ခါ မှာတော့ SBOTOP ဘောလုံး ပရိသတ်တွေ အတွက် လာလီဂါ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ ကစားသမား အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


အနည်းဆုံး ကစားသမားသစ် ၄ ဦး ခေါ်ယူ အားဖြည့်ဦးမယ့် ဘာဆာ

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်း အနေနဲ့ အနည်းဆုံး ကစားသမားသစ် ၄ ဦး အထိ ခေါ်ယူ အားဖြည့်ဖို့ ရှိနေတယ်လို့ ဥက္ကဌ ဂျိုအန် လာပေါ်တာ က ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာတို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ငွေမသုံးခဲ့ရသမျှ လာမယ့် ရာသီ မှာတော့ ငွေသုံးကြမ်းပြပြီး လာလီဂါ အမှတ်ပေးချန်ပီယံဆုကို တကျော့ပြန် ကိုင်မြှောက်နိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ လက်တလော မှာတော့ ကန်တာလန် ထိပ်သီး အနေနဲ အေစီမီလန် ကွင်းလယ်လူ ဖရန့်ခ် ကတ်ဆေးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီး ချဲလ်ဆီး ဗဟိုခံစစ်မှူး အန်ဒရီရာ ခရစ္စတန်ဆန်ကို ခေါ်ယူနိုင်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘာစီလိုနာရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာ ချဲလ်ဆီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာနဲ့ အေဂျက်စ် ညာနောက်ခံလူ နျူဆာ မက်ဇ်‌ရောင်လီ တို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ El Periodico နဲ့ အင်တာဗျူးမှာ လာပေါ်တာရဲ့ ပြောကြားချက်အရ ကစားသမားသစ် ၄ ဦးကို စာချုပ်ချုပ်ဆိုနိုင်ဖို့ ရှိနေပြီး တိုက်စစ်၊ ကွင်းလယ်၊ ခံစစ် နေရာစုံကို အင်အားဖြည့်တင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ကြောင်း သိရပါတယ်။

တိုက်စစ် အတွက် ကိုတော့ ဒေါ့မန် တိုက်စစ်မှူး အာလင်းဟာလန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲ ဖြစ်သလို ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း ပီအက်စ်ဂျီ ကြယ်ပွင့် ကီလီယန် အန်ဘာပေးကို ချိတ်ဆက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဘေယန်မြူးနစ် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို ပေါင်သန်း ၆၀ အထိ ပေးပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ပေါင် ၄၂ သန်းလောက်နဲ့ ကနေဦး ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ဘာစီလိုနာ တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီ အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ နာမည်ကြီး AS ရဲ့ ဖော်ပြချက်အရ ဆိုရင် အသက် ၂၄ နှစ်အရွယ် ပြင်သစ် တောင်ပံ ကစားသမား အနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။


ဟာလန်း အတွက် ယူရို သန်း ၃၀၀ လောက် ကုန်ကျဖွယ် ရှိနေတဲ့ ရီးရဲယ်နဲ့ မန်စီးတီး

နောက်ဆုံးရ သတင်းတွေ အရ ဆိုရင် ဒေါ့မန် လူငယ် ကြယ်ပွင့် အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်းတွေ ထဲမှာ ရီးရဲယ်မက်ဒရစ်နဲ့ မန်စီးတီး နှစ်သင်းသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ Sport1 မှာတော့ ဘာစီလိုနာ အနေနဲ့ ဟာလန်းကို ခေါ်ယူဖို့ ငွေကြေး အင်အား မတတ်နိုင်တော့ဘူးလို့ လက်လျှော့သွားခဲ့ပြီလို့ ဖော်ပြထားခဲ့ပါတယ်။ အသက် ၂၁ နှစ် အရွယ် နော်ဝေ တိုက်စစ်မှူးကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ယူရို သန်း ၃၀၀ (ပေါင်သန်း ၂၅၀/ဒေါ်လာ သန်း ၃၃၀) လောက် အပြီးသတ် ပေးချေရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လီဗာပူးလ်
1X2 သရေ @ 3.30
မန်ချက်စတာစီးတီးအာရှ ဟန်းဒီးကပ် -0.50 @ 2.09
ဂိုးပေါ် 2.75 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲယ်မက်ဒရစ်နဲ့ မန်စီးတီး တို့ဟာ ဟာလန်းရဲ့ ၅ နှစ်စာ လုပ်ခ လစာ အတွက်ချည်းပဲ ယူရို ၁၇၅ သန်း၊ ဟာလန်းရဲ့ ဖခင် ဖြစ်သူ အဲလ်ဖီနဲ့ မီနို ရွိုင်းအိုလာ အတွက် အေးဂျင့်ခ ယူရို သန်း ၄၀ ကနေ ၅၀ ကြား ပေးချေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ့မန်နဲ့ စာချုပ် ဖျက်သိမ်းကြေး ကလည်း ယူရို ၇၅ သန်း ကနေ ယူရို သန်း ၉၀ ကြား ပေးချေရဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒေါ့မန် ကတော့ ဟာလန်းရဲ့ စာချုပ် ဖျက်သိမ်းကြေး အတွက် ယူရို သန်း ၅၀ သာ ရရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် လာလီဂါ ထိပ်သီး အနေနဲ့ ဒေါ့မန်က အာလင်းဟာလန်း တစ်ဦးတည်းကို စိတ်ဝင်စားနေခဲ့တာ မဟုတ်ပဲ အင်္ဂလန် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ် ကိုပါ မျက်စိကျနေတယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ရီးရဲယ်မက်ဒရစ်ဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ် အသင်းတွေနဲ့ အပြိုင် ချိတ်ဆက်နေပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ပေါ့ဘာကို ခေါ်ယူဖို့ ကာလရှည်ကြာ စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်ပြီး ပြင်သစ် ကစားသမား အနေနဲ့ ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်တာကြောင့်လည်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့ပြန်တာ ဖြစ်ပါတယ်။


လော်တာရို မာတီနက်ဇ်ကို စိတ်ဝင်စားနေတဲ့ အက်တလက်တီကို

ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ တို့နဲ့ အပြိုင် အက်တလက်တီကို မက်ဒရစ် ကလည်း လာမယ့် နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဓိက အထောင် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူလိုနေတာ ဖြစ်ပြီး လက်တလော မှာတော့ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် ဘက်ကို မျှားဦးလှည့်လာခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန် ဘက်ကလည်း လော်တာရို မာတီနက်ဇ်ကို ရောင်းထုတ်လိုနေပြီး ဂျူဗင်တပ်စ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့် ပေါ်လို ဒီဘားလားနဲ့ အစားဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။ မကြာသေးတဲ့ အချိန်ကလည်း အက်တလက်တီကို မက်ဒရစ်တို့ လီဗန်တေး တိုက်စစ်မှူး ကမ်ပါးနားကို ခေါ်ယူဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်