နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးရဲ့ မှော်ဆန်တဲ့ ပြန်လာနိုင်မှုကို ဘန်ဇီမာရဲ့ နောက်ကျဂိုးနဲ့ ရပ်တန့်နိုင်ခဲ့တဲ့ ရီးရဲယ် | ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် ၂-၃ ချဲလ်ဆီး

(အချိန်ပို၊ နှစ်ကျော့ပေါင်းရလဒ် ၅-၄)

ဘာနေဗျူးမှာ ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကတော့ အားလုံး မျှော်လင့်ထားတဲ့ အတိုင်း အကြိတ်အနယ်ရှိခဲ့ပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ ပရိသတ်ရဲ့ အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၀ မိနစ်လောက် အထိ ဧည့်သည်တို့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေ ကောင်းခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ် အတွက် လိုအပ်နေတဲ့ ဂိုးတွေကို ရိုဒရီဂိုနဲ့ ဘန်ဇီမာ တို့က ပွဲပြီးခါနီးမှ သွင်းယူပေးခဲ့လို့ ချဲလ်ဆီးတို့ အသည်းကွဲခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အန်ဆယ်လော့တီရဲ့ အသင်းက ခံစစ်က ဒဏ်ရာပြသနာ ရှိနေတဲ့ မီလီတောင် နေရာမှာ နာချို ဖာနန်ဒက်စ်ကို သုံးခဲ့တာက လွဲရင် ပထမအကျော့က လူစာရင်း အတိုင်း အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပါတယ်။ ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ရင်ဆိုင်လာခဲ့ပြီး တိုက်စစ်မှာ ကာရင်မ်ဘန်ဇီမာ၊ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ဗယ်ဗာဒီ၊ ကွင်းလယ်မှာ တိုနီခရူးစ်၊ ကတ်ဆီမီရို၊ မိုဒရစ်၊ ခံစစ်မှာ ဖာလန်း မန်ဒီ၊ အလာဘာ၊ နာချိုနဲ့ ကာဗာဟယ်၊ ဂိုး မှာတော့ ကော့တ်တွာ ပါဝင်လာခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ပုံမှန် ပွဲထွက်နေကျ ခံစစ် ၃ ယောက်တန်း အခင်းအကျင်း အစား ၄-၃-၁-၂ ကို အသုံးပြုခဲ့ပြီး ဂိုးမှာ မန်ဒီ၊ နောက်တန်းမှာ ဆေးလ်ဗား၊ ရူဒီဂါ၊ ရိစ်ဂျိမ်းစ်၊ မားကို့စ် အလွန်ဆို၊ ကွင်းလယ်မှာ ကန်တေ၊ ကိုဗာချစ်၊ လော့ဖ်တပ်စ်ချိခ်၊ မေဆန်မောင့်၊ တိုက်စစ်မှာတော့ တီမိုဗာနာနဲ့ ကိုင်ဟာဗက်ဇ်ကို တွဲဖက်ပေးခဲ့ပါတယ်။ 

မဖြစ်မနေ ဂိုးသွင်းနိုင်ဖို့ လိုအပ်ခဲ့တဲ့ ချဲလ်ဆီးတို့ ပွဲစကတည်းက တိုက်စစ် ဖွင့်လာခဲ့ပြီး ရီးရဲယ်မက်ဒရစ် ကတော့ ပွဲကို ထိန်းချုပ်နိုင်ဖို့ပဲ အခြေအနေကြည့် ကစားခဲ့ပါတယ်။ မေဆန်မောင့်ရဲ့ ပွဲချိန် ၁၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုး က ချဲလ်ဆီး တစ်သင်းလုံးကို အားတက်သွားစေခဲ့ပြီး နောက်ပိုင်း ပွဲချိန်တွေမှာလည်း ရီးရဲယ်မက်ဒရစ် ဘက်ကို ထိုးဖောက် တိုက်စစ်ဆင်နိုင်ဖို့ ကြိုးပပ်းခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် ကတော့ ဒီနေ့ပွဲမှာ တော်တော်လေး ငြိမ်သက်နေခဲ့ပြီး ကစားသမားတွေ အနေနဲ့လည်း ပထမအကျော့တုန်းကလောက် အားထုတ်မှု မရှိခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ချဲလ်ဆီးတို့ ဒုတိယပိုင်းမှာလည်း တိုက်စစ် ဖိဖိစီးစီး ကစားနိုင်ခဲ့ပြီး အပိုင်အခွင့်အ‌ရေးတွေကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

၀-၃ ဆိုတဲ့ ရလဒ်ဟာ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ဖို့ လုံလောက်တဲ့ ရလဒ် ဖြစ်ခဲ့ပေမယ့် ပွဲပြီးခါနီး ပေါ့ဆမှု တချို့နဲ့ VAR ဆုံးဖြတ်ချက်က လက်ရှိ ချန်ပီယံ တို့ကို ဆုံးရှုံးမှု ကြီးမားသွားစေခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ် အတွက် ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ချဲလ်ဆီး

ပွဲချိန် ၅၁ မိနစ်မှာ ရူဒီဂါ က ဒုတိယဂိုး၊ ၇၅ မိနစ် မှာ တီမိုဗာနာ က တတိယဂိုးတွေ ကို အသီးသီး သွင်းယူပေးခဲ့ကြပြီး ချဲလ်ဆီးတို့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။ တီမိုဗာနာရဲ့ ဂိုး မတိုင်ခင် မားကို့စ် အလွန်ဆို ဂိုးသွင်းခဲ့သေးပေမယ့် VAR က အငြင်းပွားဖွယ် ပယ်ဖျက်ခဲ့တာကြောင့် ရီးရဲယ်တို့ ကံကောင်းခဲ့ရပါသေးတယ်။ ချဲလ်ဆီးတို့ မိနစ် ၈၀ လောက်အထိ နောက်တစ်ဆင့် တက်ဖို့ သေချာသလောက် ရှိနေခဲ့ပေမယ့် ၅ မိနစ် အကြာမှာ မိုဒရစ်ရဲ့ တိကျတဲ့ ကန်တင်ပေးပို့မှု ကနေ ရိုဒရီဂိုက မြေမကျ ပိတ်သွင်းခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ ချေပဂိုး ပြန်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၄-၄ ရလဒ် ဖြစ်သွားခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ နှစ်သင်းလုံး အမှားအယွင်း အနည်းဆုံးနဲ့ သတိထား ကစားခဲ့ကြပေမယ့် ၉၆ မိနစ် မှာတော့ ဗင်နီးစီးယပ်စ် မတင်ပေးလိုက်တဲ့ ဘောလုံးကို ကာရင်မ် ဘန်ဇီမာက ခေါင်းတိုက်ပြီး ရီးရဲယ်မက်ဒရစ် အတွက် အနိုင်ဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ အဲ့နောက် ချဲလ်ဆီးတို့ ဂိုးရဖို့ ထပ်ပြီး ကြိုးစားခဲ့ပေမယ့် ကိုင်ဟာဗက်ဇ်နဲ့ ဂျော်ဂျင်ဟို တို့ရဲ့ ထိုးဖောက်မှုတွေ ဂိုးလွန်ဘော အဖြစ်နဲ့သာ အဆုံးသတ်ခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ နှစ်ကျော့ပေါင်း ၅-၄ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပထမအကျော့ အိမ်ကွင်းမှာ ၂ ဂိုးပြတ် ရှုံးနိမ့်ထားသည့် တိုင်အောင် ဒုတိယအကျော့ ဘာနေဗျူးမှာ အကောင်းဆုံး ကစားပြီး ပွဲပြီးခါနီး ၁၀ မိနစ် အလိုထိ ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တဲ့ တူချယ်ရဲ့ ချဲလ်ဆီး ကိုတော့ အရင်ဆုံး ချီးကျူးရပါလိမ့်မယ်။ ၀-၃ ဆိုတဲ့ ရလဒ်ဟာ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ဖို့ လုံလောက်တဲ့ ရလဒ် ဖြစ်ခဲ့ပေမယ့် ပွဲပြီးခါနီး ပေါ့ဆမှု တချို့နဲ့ VAR ဆုံးဖြတ်ချက်က လက်ရှိ ချန်ပီယံ တို့ကို ဆုံးရှုံးမှု ကြီးမားသွားစေခဲ့တာ ဖြစ်ပါတယ်။ ဘာပဲပြောပြော နောက်တစ်ဆင့် မတက်နိုင်ခဲ့သည့် တိုင်အောင် မှော်ဆန်ဆန် ပြန်လာနိုင်ခဲ့သေးတဲ့ တူချယ် အသင်းရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ နည်းဗျူဟာ၊ ကြိုးစား အားထုတ်မှုတွေ ကတော့ တော်တော်လေး လေးစားစရာ ကောင်းခဲ့ပြီး ခြင်္သေ့ စိတ်ဓာတ် ဘာနေဗျူး ကနေ ခေါင်းမော့ပြီး ပြန်လာနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ 

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
နော်ဝစ်မြို့
1X2 မန်ချက်စတာ ယူနိုက်တက် @ 1.24
ဂိုးပေါ် 2.00 @ 2.28
ဂိုးပေါင်း 2-3 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အမှန်တိုင်း ပြောရရင် ရိုဒရီဂို ချေပဂိုး မသွင်းယူနိုင်ခင် အထိ ရီးရဲယ်မက်ဒရစ်ရဲ့ ခြေစွမ်းဟာ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အဘက်ဘက်မှာ အားရစရာ မရှိခဲ့သလို ကစားသမားတွေရဲ့ နိုင်လို စိတ်ကိုလည်း မမြင်ခဲ့ရပါဘူး။ အဓိက ကတော့ ပထမအကျော့မှာ ၁-၃ ရလဒ်နဲ့ နိုင်ထားတဲ့ အပြင် ဒုတိယအကျော့ အိမ်ကွင်း အားသာချက်လည်း ရှိခဲ့လို့ ရီးရဲယ်တို့ ပေါ့ဆခဲ့ပုံပါပဲ။ ဒါပေမယ့် ပြိုင်ဘက်ကို လျှော့တွက်မိလို့ မထင်မှတ်ပဲ ရေကြီးသွားချိန်မှာ အချိန်မှီ ပြန်ပြီး အဖတ်ဆယ်နိုင်ခဲ့တာ ကိုတော့ ချီးကျူးရမှာ ဖြစ်သလို မိုဒရစ်ရဲ့ ဖန်တီးမှုကလည်း အိမ်ရှင်တို့ အတွက် အဓိက ကျခဲ့တယ်လို့ မြင်ပါတယ်။ ဒါ့အပြင် အသက်ကြီးမှ ပညာစုံ ထုတ်ပြနေတဲ့ နှစ်ချို့ဝိုင် ဘန်ဇီမာ ကိုလည်း နောက်ထပ် တစ်ကြိမ် ထပ်မံ ချီးကျူးရဦးမှာ ဖြစ်ပြီး အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှူးကြီး အနေနဲ့ ၁၆ သင်း အဆင့် မှာရော၊ ကွာတားဖိုင်နယ် အဆင့်မှာပါ ရီးရဲယ်မက်ဒရစ် အသင်း နောက်တစ်ဆင့် တက်ရေး အတွက် အဆုံးအဖြတ် ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မည်သို့ပင် ဆိုစေကာမူ ချန်ပီယံလိဂ် ဘုရင်ကြီးနဲ့ လက်ရှိ ချန်ပီယံ တို့ရဲ့ အားပြိုင်ပွဲ ကတော့ နှစ်ကျော့စလုံး အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်ခဲ့ပြီး ဒီပွဲ ကိုတော့ အခုနှစ် ဘောလုံးရာသီ အတွက် အကောင်းဆုံး တွေ့ဆုံမှု စာရင်းထဲ မဖြစ်မနေ ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ် တို့ ဧပြီလ ၁၈ ရက်နေ့မှာ ဆီဗီလာနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိပြီး ချဲလ်ဆီး ကတော့ ၁၇ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်