နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ နောက်ဆုံးရ သတင်းများ (၂၂/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လူကာကူဟာ အင်တာမီလန်ကို ကြီးကြီးမားမား ပြောင်းလဲစေနိုင်သူလို့ သုံးသပ်လိုက်တဲ့ ဇိုလာ

ရိုမယ်လူ လူကာကူဟာ အင်တာမီလန် အသင်းကို ကြီးကြီးမားမား ပြောင်းလဲစေလိမ့်မယ်လို့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျီယန် ဖရန်ကို ဇိုလာက သုံးသပ်လိုက်ပါတယ်။ စီးရီးအေ ထိပ်သီး အင်တာမီလန် အသင်း အနေနဲ့ တိုက်စစ်မှူးဟောင်း လူကာကူကို တစ်ရာသီ အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ သဘောတူညီမှု ရရှိထားပြီး ယူရို ၈ သန်း+အပိုဆုကြေး ပေးချေသွားရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ဂန္တဝင် ဇိုလာက လူကာကူ အနေနဲ့ သူရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့တဲ့ အင်တာမီလန်ကို ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ ကစားသမား ဖြစ်ပြီး တစ်ရာသီလုံး ခက်ခဲခဲ့သမျှ အတွက် အလင်းရောင် တစ်ခု ဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးတို့ လူကာကူကို ခေါ်ယူခဲ့စဉ်က ၄ နှစ်ခွဲ စာချုပ် ချူပ်ဆိုထားတာ ဖြစ်ပြီး တစ်နှစ်ကို ယူရို ၂၅ သန်း ပေးချေရမှာ ဖြစ်တာကြောင့် အင်တာမီလန်ထံ အငှားပြန်ချမှု ကနေ ရရှိတဲ့ ယူရို ၈ သန်းက တော်တော်လေး နည်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးတို့ အခုနှစ်မှာ လူကာကူ အတွက် ပေါင် ၁၇ သန်း ပေးချေဖို့ ကျန်ရှိနေပြီး အင်တာမီလန်နဲ့ လုပ်ခလစာ တစ်ဝက်စီ ပေးချေရဦးမှာ ဖြစ်ပါတယ်။

လက်ရှိမှာ လူကာကူဟာ ကမ္ဘာ့တန်ဖိုး အကြီးဆုံး အငှားချကစားသမား ဖြစ်လာခဲ့တဲ့ လူကာကူ ဟာ လာမယ့် တစ်ပတ် အတွင်း ဆေးစစ်မှု ခံယူသွားမှာ ဖြစ်ပြီး စာချုပ်အရတော့ ၁ နှစ် သက်တမ်း ကုန်ဆုံးချိန်မှာ အပြီးသတ် ဝယ်ယူခွင့်တော့ မပါဝင်ဘူးလို့ သိရပါတယ်။ လူကာကူ အနေနဲ့ စီးရီးအေ မှာ ကစားခဲ့စဉ်က အင်တာမီလန် အတွက် တစ်ရာသီ အတွင်း ၄၄ ပွဲမှာ ဂိုး ၃၀ သွင်းပြီး ဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ဝေးကွာနေတဲ့ စကူဒက်တို ချန်ပီယံဆုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘယ်ဂျီယံ တိုက်စစ်မှူး အနေနဲ့ နီရာဇူရီ တို့ အတွက် ၁၁၈.၇၇ မိနစ်တိုင်း တစ်ဂိုး သွင်းနိုင်ခဲ့တာလို့လည်း ပြောလို့ ရပါတယ်။ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ချိန် မှာတော့ လူကာကူ အနေနဲ့ တစ်ရာသီလုံး ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားရာမှာ ၁၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့လည်း ပုဂ္ဂိုလ်ရေး အရ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် အင်တာမီလန်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဝူဗာဟမ်တမ်
1X2 ဝူဗာဟမ်တမ် @ 3.20
လိဒ် ယူနိုက်တက် အာရှ အကျောပေး -0.25 @ 2.00
ဂိုး‌အောက် 2.25 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂူဒက်စ်ကို စောင့်ကြည့်နေပြီး ဖရာတက်ဆီကို ခေါ်ယူဖို့ နီးစပ်နေတဲ့ ရိုးမား

ရိုးမား အသင်း အနေနဲ့ ဗလင်စီယာ ကနေ ထွက်ခွာဖို့ များနေတဲ့ တိုက်စစ်မှူး ဂွန်ဆာလို ဂူဒက်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အီတလီ သတင်းထောက် အဲလ်ဖရက်ဒို ပက်ဒဲလ်လာရဲ့ အဆိုအရ ရိုးမားတို့ အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီ ကစားသမား ဂူဒက်စ်ကို အဓိက ပစ်မှတ် အဖြစ် စောင့်ကြည့်နေပြီး ဆာဆွယ်လို အသင်းက ဒေးဗစ် ဖရာတက်ဆီကို ခေါ်ယူဖို့လည်း နီးစပ်နေပြီလို့ သိရပါတယ်။

သတင်းတွေ အရ ဂူဒက်စ်ဟာ ဗလင်စီယာ အသင်းနဲ့ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ကစားသမား အနေနဲ့ အခု နွေရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ တချို့ သတင်းတွေ မှာတော့ ကစားသမား ရိုးမားနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီချက် ရရှိထားပြီးလို့ ဖော်ပြလျက်ရှိပြီး ဗလင်စီယာ ဘက်ကတော့ ယူရို ၃၅ သန်း အလိုရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက ရိုးမား အတွက် ယူရိုပါကွန်ဖရင့်လိဂ် ချန်ပီယံဆု ရယူပေးထားနိုင်တဲ့ နည်းပြ ဂျိုဆေး မော်ရင်ဟို အနေနဲ့ သူရဲ့ နိုင်ငံတူ ကစားသမား ဂူဒက်စ်ကို တော်တော်လေး သဘောကျနေတယ်လို့ သိရပြီး အသင်းရဲ့ ဒါရိုက်တာ ဖြစ်တဲ့ သီယာဂို ပင်တို ကိုလည်း အရခေါ်ယူပေးဖို့ တွန်းအားပေးလျက် ရှိကြောင်း သိရပါတယ်။

အစောပိုင်းက ဂူဒက်စ်ကို နောက်ထပ် စီးရီးအေ ကလပ် တစ်ခု ဖြစ်တဲ့ ဖီအိုရင်တီးနား ကလည်း စိတ်ဝင်စားခဲ့သေးပေမယ့် ဗလင်စီယာ နည်းပြသစ် ဖြစ်လာတဲ့ ဂတ်တူဆိုကြောင့် နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဂတ်တူဆိုဟာ ဖြစ်နိုင်ရင် ဂူဒက်စ်ကို ဗလင်စီယာ မှာပဲ ဆက်ပြီး ထိန်းထားချင်နေတယ်လို့ သိရပါတယ်။


ဒီဘားလားကို အခုချိန်အထိ ချိတ်ဆက်ရခြင်း မရှိသေးတဲ့ အေစီမီလန်

စီးရီးအေ ချန်ပီယံ အေစီမီလန် အသင်း အနေနဲ့ ဂျူဗင်တပ်စ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို လက်ရှိ အချိန်ထိ ချိတ်ဆက်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဂျူဗင်တပ်စ် အသင်းမှာ ၇ နှစ်ကြာ ကစားပြီးနောက် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ပေါ်လို ဒီဘားလား

စီးရီးအေ ချန်ပီယံ အေစီမီလန် အသင်း အနေနဲ့ ဂျူဗင်တပ်စ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို လက်ရှိ အချိန်ထိ ချိတ်ဆက်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ သတင်းတွေ မှာတော့ အေစီမီလန်တို့ မြို့ခံပြိုင်ဘက် အင်တာမီလန်က အရင်ဆုံး ချိတ်ဆက်ထားခဲ့တဲ့ အာဂျင်တီးနား ကစားသမားကို ကြားဖြတ် ခေါ်ယူမယ်လို့ ဖော်ပြခဲ့ပေမယ့် လက်ရှိ အချိန်ထိ ဆက်သွယ်ထားခြင်း မရှိသေးတာ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဂျီယန်လူကာ ဒီမာဇီယိုက ဒီဘားလား ဟာ မသေချာသေးတဲ့ အင်တာမီလန်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေမှာ မဟုတ်ပဲ နောက်ထပ် အသင်းတွေ ရှာဖွေသွားမှာ ဖြစ်ပေမယ့် အေစီမီလန် သာမက ရိုးမား ကတော့ အခုချိန်ထိ ချိတ်ဆက်လာခြင်း မရှိသေးဘူးလို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှုးဟာ အင်တာမီလန် အသင်းနဲ့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့် ကစားသမားရဲ့ လိုအပ်ချက်နဲ့ အသင်း ဘက်က ကမ်းလှမ်းမှု အကြားမှာ အနည်းငယ် ညှိနှိုုင်းစရာတွေ ရှိနေတာကြောင့် သဘောတူညီမှု မရရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဘားလားဟာ ဂျူဗင်တပ်စ် အသင်း အတွက် ၇ နှစ် အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၂၉၃ ပွဲ ကစားပေးခဲ့ရာမှာ ၁၁၅ ဂိုး သွင်းယူပေးခဲ့ပြီး ပြီးခဲ့တဲ့ ရာသီ နောက်ဆုံး ပွဲစဉ်မှာ အသင်းကနေ ထွက်ခွာဖို့ တရားဝင် ကြေညာထားခဲ့သူ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်