နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ နောက်ဆုံးရ သတင်းများ (၂၄/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နာပိုလီတို့ ဒီဘားလားကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်တဲ့ ကန်နဗားရိုး

နာပိုလီ အသင်း အနေနဲ့ ဂျူဗင်တပ်စ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် အာဂျင်တီးနား တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ကမ်းလှမ်းသင့်တယ်လို့ အီတလီ ဂန္တဝင် ဖေဘီယို ကန်နဗားရိုးက တိုက်တွန်းလိုက်ပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ ဂျူဗင်တပ်စ်မှာ ၇ နှစ်ကြာ ကစားပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာထားခဲ့ပြီး အင်တာမီလန် အပါအဝင် ဥရောပ ထိပ်တန်း ကလပ် အများစုရဲ့ စောင့်ကြည့်ခြင်း ခံနေသူလည်း ဖြစ်ပါတယ်။

ကန်နဗားရိုးက Corriere dello Sport နဲ့ အင်တာဗျူးမှာ “ကျွန်တော်သာ သူတို့နေရာမှာ ဆိုရင် ဒီဘားလား အလွတ်နဲ့ ထွက်ခွာမယ် ဆိုတာ သိကတည်းက ကမ်းလှမ်းမိမှာပါ။ ဒီဘားလား ဟာ သူ့စိတ်ကြိုက် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သလို အသင်း တစ်သင်းကို အမြန်ဆုံး ရှာဖွေဖို့လည်း တွေးထားမှာပါ။ ထပ်ပြောပါမယ်။ ကျွန်တော်သာ နာပိုလီ အသင်း ဆိုရင် ဒီဘားလားကို စဉ်းစားမှာပါ။ ရှေ့ဆက်ဖို့ သူဘယ်လောက်အထိ စိတ်အားထက်သန်တယ် ဆိုတာ သိရဲ့လား။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ကန်နဗားရိုးက ဒီဘားလားကို သူကြီးပြင်းလာတဲ့ အီတလီ မှာပဲ ဆက်ရှိနေဖို့ မျှော်လင့်နေပြီး အာဂျင်တီးနား ကစားသမားဟာ စိတ်ဝင်စားစရာ ကောင်းပေမယ့် ထင်သလောက်တော့ မရိုးရှင်းဘူးလို့ သုံးသပ်ပါတယ်။ ဒါ့အပြင် နာပိုလီ အသင်း အနေနဲ့ အသင်းခေါင်းဆောင် ကူလီဘာလီကို အတတ်နိုင်ဆုံး ဆက်ထိန်းထားဖို့ ဘာမဆို ရင်းနှီးသင့်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဒီဘားလားဟာ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်နဲ့ ဖြတ်သန်းခဲ့တဲ့ ၇ နှစ် အတွင်း ပြိုင်ပွဲစုံ ၂၉၃ ပွဲ ကစားပေးခဲ့ရာမှာ ၁၁၅ ဂိုး သွင်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ တချို့ သတင်းတွေ မှာတော့ ဒီဘားလားကို ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ အန်တိုနီယို ကွန်တီရဲ့ စပါး၊ ဒီယေဂို ဆီမြွန်နီရဲ့ အက်တလက်တီကို မက်ဒရစ် အသင်းတို့ ထိပ်ဆုံးက ပါဝင်နေကြောင်း ဖော်ပြလျက် ရှိပါတယ်။


ဇန်နီယိုလို အတွက် အနည်းဆုံး ယူရို သန်း ၅၀ လိုချင်နေတဲ့ ရိုးမား

ရိုးမားမှာ အနာဂတ် မသေမချာ ဖြစ်နေတဲ့ တောင်ပံ ကစားသမား ဇန်နီယိုလို ကိုတော့ စီးရီးအေ ထိပ်သီးတွေ ဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန် အသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သတင်းထောက် အဲလ်ဖရက်ဒို ပက်ဒဲလ်လာရဲ့ အဆိုအရ ရိုးမား ဒါရိုက်တာ သီယာဂို ပင်တိုနဲ့ နီကိုလို ဇန်နီယိုလိုရဲ့ အေးဂျင့် ဖြစ်သူ ကလော်ဒီယို ဗီဂိုရယ်လီ တို့ဟာ မီလန် မြို့လည်က စားသောက်ဆိုင် တစ်ခုမှာ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
ခရစ္စတယ်ပဲလေ့စ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 2.82
ဘရိုက်တန် အာရှ အကျောပေး -0.25 @ 2.04
ဂိုး‌ပေါ်် 2.25 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တချို့ သတင်းတွေမှာတော့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဇန်နီယိုလို ကို အရင်ဆုံး စိတ်ဝင်စားခဲ့တဲ့ ဂျူဗင်တပ်စ် ကတော့ ပီအက်စ်ဂျီက အိန်ဂျယ်ဒီမာရီယာရဲ့ အဖြေကို စောင့်နေပြီး အေစီမီလန် ကတော့ ငွေဘယ်လောက် သုံးမလဲ ဆိုတာ တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ရိုးမား ကတော့ ကွင်းလယ် ဖန်တီးရှင် ဇန်နီယိုလို အတွက် အနည်းဆုံး ယူရို သန်း ၅၀+အပိုဆုကြေး များစွာ ရမှ ရောင်းချချင်နေပြီး ဂျူဗင်တပ်စ် ဘက်ကတော့ ကစားသမား တစ်ဦးကို အလိုက်ပေးပြီး ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ် အလိုက်ပေး ကမ်းလှမ်းသွားမယ့် ကစားသမား ကတော့ မက်ကင်နီ သို့မဟုတ် အာသာ ဖြစ်ဖို့ များနေပြီး ဆက်စပ် သတင်းတွေ မှာတော့ အိုးလေဒီတို့ ဆာဆွယ်လိုရဲ့ တောင်ပံ ကစားသမား ဒိုမီနီကို ဘာရက်ဒီ ကိုလည်း စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း ဖော်ပြလျက် ရှိပါတယ်။


လူကာယိုဗစ်ကို အငှားနဲ့ ခေါ်ယူနိုင်တော့မယ့် ဖီအိုရင်တီးနား

ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူး လူကာယိုဗစ် အနေနဲ့ စီးရီးအေ ကလပ် ဖီအိုရင်တီးနား အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အီတလီ သတင်းစာ လာနေဇီယွန်ရဲ့ ဖော်ပြပါတယ်။ သတင်းတွေ အရ ဆိုရင် လူကာယိုဗစ်ကို ကမ်းလှမ်းခဲ့တဲ့ အသင်းပေါင်း ၁၀ သင်းလောက် ရှိပေမယ့် ဆာဘီးယား တိုက်စစ်မှူး ကတော့ ဖီအိုရင်တီးနား ကိုပဲ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ လူကာယိုဗစ်ဟာ အငှားနဲ့ပဲ ဖီအိုရင်တီးနား အသင်းထံ ပြောင်းရွှေ့မှာ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် သဘောတူညီချက်တော့ မပါဝင်ဘူးလို့ သိရပါတယ်။

ဖီအိုရင်တီးနားက ဆာဘီးယား အသင်းဖော် နီကိုလာ မီလန်ကိုဗစ်ဟာ အပြောင်းအရွှေ့ အတွက် အရေးပါခဲ့ပြီး နည်းပြ ဗင်ဆန်ဇို အီတလီယာနိုရဲ့ လက်အောက်မှာ ကစားခြင်းကြောင့် ကစားသမားဘဝ ပြန်လည် အသက်ဝင်လာစေနိုင်ကြောင်း လူကာယိုဗစ်ကို တိုက်တွန်းစကား ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဖီအိုရင်တီးနား အသင်း အနေနဲ့ ဟာသာဘာလင် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ခရစ္စတော့ဖ် ပီယာတက်ခ်ရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် အပြီးသတ် မခေါ်ယူပဲ အခြား တိုက်စစ်မှူး တစ်ဦးကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ တခြား သတင်းတွေ မှာတော့ ဖီအိုရင်တီးနားတို့ နီကိုလာ မီလန်ကိုဗစ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဆွေးနွေးနေတယ်လို့ သိရပြီး အသင်းဘက် ဆက်ထိန်းထားချင်ပေမယ့် ကစားသမား ကတော့ ချန်ပီယံလိဂ် ကစားချင်နေတာကြောင့် ဖလောရန့်စ် ကို စွန့်ခွာချင်နေတယ်လို့လည်း သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်