နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ နောက်ဆုံးရ သတင်းများ (၄/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂါဘရီရယ်ကို အသည်းအသန် လိုက်ဦးမယ့် ဂျူဗင်တပ်စ်

စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အနေနဲ့ လက်ရှိ နွေရာသီမှာ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတဲ့ မားသီးယပ်စ် ဒီလစ်ဂျ် နေရာမှာ အစားထိုးဖို့ အတွက် နောက်ခံလူ တစ်ဦး ရှာဖွေနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ် ပစ်မှတ်ထားနေသူတွေထဲမှာ အာဆင်နယ်က ဂါဘရီရယ် မက်ဂဲလ်ဟေးစ် ထိပ်ဆုံးက ပါဝင်နေပြီး သတင်းတွေ အရ ဆိုရင် စီးရီးအေ ကလပ် ဘက်က အနည်းဆုံး ယူရို သန်း ၄၀နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အီတလီ နာမည်ကြီး သတင်းစာ La Gazzetta dello Sport မှာတော့ ဂျူဗင်တပ်စ်တို့ ဒီလစ်ဂျ် နေရာမှာ ရေရှည် အတွက် အစားထိုးဖို့ ဂါဘရီရယ် တစ်ဦးတည်းကို အသည်းအသန် လိုချင်နေတယ်လို့ ဖော်ပြထားပြီး အာဆင်နယ်နဲ့ သဘောတူညီမှုရဖို့ ခက်ခဲနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။ ဂါဘရီရယ်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ် ခံစစ်မှာ ဘန်ဝှိုက်နဲ့ တွဲဖက်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သလို မြောက်လန်ဒန် ကလပ် ကလည်း သူတို့ရဲ့ ဘရာဇီးလ် ခံစစ်မှူးဟာ ရောင်းရန်မဟုတ် ဆိုပြီး အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဂါဘရီရယ်ဟာ အာဆင်နယ်နဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ကစားသမား ကိုယ်တိုင် ကလည်း ဂန်းနား အဖြစ် ကစားနေရတာ ပျော်ရွှင်ကြောင်း ဝန်ခံထားသူ ဖြစ်ပါတယ်။ အိုးလေဒီ တို့ကတော့ ဂါဘရီရယ် လက်ရှိ ရနေတဲ့ တစ်နှစ်လုပ်ခ ယူရို ၂.၆ သန်းထက် ပိုများတဲ့ လုပ်ခလစာ တစ်ရပ်နဲ့ စွဲဆောင်လာဖွယ် ရှိနေပြီး ကစားသမားရဲ့ အေးဂျင့် အသစ် ဖြစ်တဲ့ ဂျီယန်လီယာနို ဘာတိုလူချီနဲ့ ရင်းနှီးမှု ကိုလည်း အသုံးချလာနိုင်ဖွယ် ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။


အနာဂတ်နဲ့ ပတ်သတ်လို့ ဘာဆို ဘာမှ မသေချာသေးတဲ့ မီလင်ကိုဗစ် ဆာဗစ်

လက်ရှိအချိန်ထိ ခိုင်မာတဲ့ ကမ်းလှမ်းမှုတွေ မရရှိသေးတာကြောင့် လာဇီယို ကွင်းလယ်လူ ဆာ့ဂျ် မီလင် ကိုဗစ် ဆာဗစ်ရဲ့ အနာဂတ်ဟာ ဘာဆိုဘာမှ ပြောလို့ မရသေးကြောင်း TUTTOmercatoWEB က ဖော်ပြလာပါတယ်။ အသက် ၂၇ နှစ် အရွယ် ဆာဘီးယား ကွင်းလယ်လူ မီလင်ကိုဗစ် ဆာဗစ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့က အဓိက စိတ်ဝင်စားနေပေမယ့် လာဇီယို လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏ ကိုတော့ ပေးချေလိုခြင်း မရှိကြဘူးလို့ သိရပါတယ်။

စီးရီးအေ ကလပ် ဘက်က ဆာဗစ်ကို အနည်းဆုံး ယူရို သန်း ၈၀ ရရှိမှာ ရောင်းချချင်နေပေမယ့် စိတ်ဝင်စားနေတဲ့ နှစ်သင်းစလုံး ကတော့ ယူရို ၅၅ သန်းထက် ပိုပြီး မပေးချင်ကြဘူးလို့ TUTTO က ဆက်လက် ဖော်ပြထားပါတယ်။
လာဇီယိုမှာပဲ နောက်ထပ် တစ်ရာသီ ဆက်ရှိနေဖို့ များနေတဲ့ မီလင်ကိုဗစ် ဆာဗစ်

စီးရီးအေ ကလပ် ဘက်က ဆာဗစ်ကို အနည်းဆုံး ယူရို သန်း ၈၀ ရရှိမှာ ရောင်းချချင်နေပေမယ့် စိတ်ဝင်စားနေတဲ့ နှစ်သင်းစလုံး ကတော့ ယူရို ၅၅ သန်းထက် ပိုပြီး မပေးချင်ကြဘူးလို့ TUTTO က ဆက်လက် ဖော်ပြထားပါတယ်။ ဆာဗစ်ဟာ လာဇီယိုနဲ့ ၂၀၂၄ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး သူကိုယ်တိုင်ကလည်း ဘယ်တုန်းကမှ အသင်း ပြောင်းဖို့ ပြောခဲ့ဘူးခြင်း မရှိသူ ဖြစ်ပါတယ်။

ဥရောပထိပ်သီး ကလပ် အများစုရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဆာဗစ်ဟာ ကိုင်ရို အင်မိုဘီလီ မပါနိုင်တဲ့ အချိန်မှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူရသလို နည်းပြ ဆာရီရဲ့ လက်အောက်မှာ ပုံမှန် ခြေစွမ်းပြနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဆာဗစ်ဟာ အစောပိုင်းက ယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ အသံထွက်ခဲ့သေးပေမယ့် လက်တလော မှာတော့ နယူးကာဆယ်၊ ချဲလ်ဆီး တို့နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ တချို့ သတင်းတွေ မှာတော့ ဆာဗစ် အနေနဲ့ လာဇီယိုမှာပဲ နောက်ထပ် တစ်ရာသီ ဆက်နေဖို့ ရှိနေတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။


ရီနာတို ဆန်းချက်စ် မရလို့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ချိတ်ဆက်လာတဲ့ အေစီမီလန်

စီးရီးအေ ချန်ပီယံ အေစီမီလန် ကတော့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် အက်စတွန်ဗီလာက ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ La Gazzetta dello Sport ရဲ့ ဖော်ပြချက် အရ အေစီမီလန်ရဲ့ ပစ်မှတ်တွေထဲမှာ အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ ထိပ်ဆုံးက ပါဝင်နေပြီး ရီနာတို ဆန်းချက်စ်ကို မရတဲ့နောက် လူးဝစ်ဇ် ဘက် မျှားဦးလှည့်လာခဲ့တာလို့ သိရပါတယ်။

အေစီမီလန် နည်းပြ စတက်ဖီနို ပီအိုလီဟာ ဘာစီလိုနာ အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့သွားတဲ့ ကတ်ဆေး နေရာမှာ အစားထိုးဖို့ အစောပိုင်းက လိုင်လီ ကွင်းလယ်က ရီနာတို ဆန်းချက်စ်ကို အဓိကထား ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီရဲ့ ကြားဖြတ် ကြိုးပမ်းမှုကြောင့် လက်‌လျှော့ခဲ့ရပြီးနောက် လူးဝစ်ဇ်ကို အရခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒေါက်ဂလပ်စ် လူးဝစ်ဇ်ဟာ ၂၀၂၃ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိ အပြောင်းအရွှေ့မှာသာ ဗီလာတို့ ရောင်းမထုတ်ခဲ့ရင် လာမယ့်နှစ် အကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမှာလည်း ဖြစ်ပါတယ်။ အက်စတွန်ဗီလာ နည်းပြ စတီဗင် ဂျရတ် ကတော့ အသင်းရဲ့ ခံစစ်နဲ့ တိုက်စစ်ကို အဓိက ချိတ်ဆက်ပေးနေသူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို နောက်ထပ် တစ်ရာသီ ဆက်ပြီး ထိန်းထားချင်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်