နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | စီးရီးအေ

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းအထိ နောက်ဆုံး ရရှိသမျှ စီးရီးအေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နေပဲလ်မြို့ကို လုံးဝ စွန့်ခွာသွားတဲ့ ထာဝရ ဂိုးသွင်းရှင်

စီးရီးအေ ကလပ် နာပိုလီရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ဒရီးစ် မာတန်စ် ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာသွားပြီလို့ နည်းပြ လူစီယာနို စပယ်လက်တီက ပြောကြားလာခဲ့ပါတယ်။ စပယ်လက်တီက သူ့ရဲ့ ပထမဦးဆုံး ရာသီကြို သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုသွားခဲ့တာ ဖြစ်ပြီး အသင်း အတွက် ကာလရှည်ကြာ ပေးဆပ် ကစားသွားခဲ့သူတွေ ကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

အသက် ၃၅ နှစ် အရွယ် ဘယ်ဂျီယံ တိုက်စစ်မှူး မာတန်စ်ဟာ ၂၀၁၃ ခုနှစ်က နယ်သာလန် ကလပ် ပီအက်စ်ပွီ အင်ဟိုဗင် ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် နေပဲလ် ကလပ်မှာ ၈ နှစ် ကျော်ကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ မာတန်စ်ဟာ နာပိုလီ အတွက် ၉ ရာသီ အတွင်း ပြိုင်ပွဲစုံ အရပ်ရပ် ၃၉၇ ပွဲ ကစားပြီး ၁၄၈ ဂိုး သွင်းကာ ဂိုးဖန်တီးမှု အကြိမ် ၉၀ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ မာတန်စ်ဟာ နာပိုလီ အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပြီး သူ့ရဲ့ သွင်းဂိုး အရေအတွက်နဲ့ သိပ်မကွာတဲ့ အင်ဆစ်ဂ်ညီ၊ ဟမ်ဆစ်ခ်နဲ့ ဒီယေဂို မာရာဒိုနာ တို့ကလည်း လက်ရှိမှာ သူ့ရဲ့ စံချိန်ကို ချိုးဖျက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်က ဒရီးစ် မာတန်စ်ရဲ့ ထွက်ခွာမှုနဲ့ ပတ်သတ်လို့ မာတန်စ်ဟာ ဒီလ အစောပိုင်း စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပေမယ့် အသင်း ဘက်က ကာလတို သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ကြောင်း ဒါပေမယ့်လည်း ထင်သလောက် အဆင်မပြေခဲ့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ လက်တလော အသင်း လက်မဲ့ ဖြစ်နေတဲ့ မာတန်စ် ကို ခေါ်ယူဖို့ စီးရီးအေ ကလပ် လာဇီယို၊ ဘယ်ဂျီယံ ကလပ် ရွိုင်ရယ် အန့်ဝပ်နဲ့ လီဂူးဝမ်း ကလပ် မာဆေးလ်တို့က အပြိုင်အဆိုင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် မာတန်စ်ဟာ နာပိုလီနဲ့ လမ်းခွဲပြီးနောက် အီတလီ ကနေပါ ထွက်ခွာချင်နေတာကြောင့် လာဇီယိုကို ပြောင်းရွှေ့ဖို့ မဖြစ်နိုင်သလောက် ရှိသွားခဲ့ပါတယ်။


တိုက်စစ် အတွက် အူးဒီးနီးစ်က ဒယ်လိုဖူကို ခေါ်ယူထားခဲ့တဲ့ နာပိုလီ

လီဂူး၀မ်း
ကလာမောင့်
ပဲရစ် စိန့် ဂျာမိန်း
1X2 သရေ @ 4.70
ဂိုးအောက် 3.25 @ 2.07
ပထမပိုင်း ဂိုးပေါ် 1.50 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆက်စပ် သတင်းတွေအရ နာပိုလီတို့ အဓိက ကစားသမား နှစ်ဦး ထွက်ခွာသွားလို့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အူးဒီးနီးစ်က ဘာစီလိုနာ ကြယ်ပွင့်ဟောင်း ဂျရတ် ဒယ်လိုဖူကို အစားထိုး ခေါ်ယူထားတယ်လို့ သိရပါတယ်။

Il Mattinoရဲ့ ဖော်ြပချက်ရ အသက် ၂၈ နှစ် အရွယ် စပိန် ကစားသမား အတွက် နာပိုလီနဲ့ အူးဒီးနီးစ် အကြား ယူရို ၁၆ သန်းနဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ဒယ်လိုဖူ အနေနဲ့ မကြာခင် အချိန်တွင်း နေပဲလ်မြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း နာပိုလီရဲ့ ကစားသမား အချို့ ထွက်ခွာသွားပြီးမှ ဒယ်လိုဖူရဲ့ အပြောင်းအရွှေ့ လုပ်ငန်းစဉ် ပြီးဆုံးမယ်လို့ သိရပါတယ်။ နာပိုလီတို့ စပိန် တိုက်စစ်မှူးကို ကာလရှည်ကြာ ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး နည်းပြ စပယ်လက်တီ အနေနဲ့ ကမ်းလှမ်းမှုတွေ အများကြီးထဲကမှ ဒယ်လိုဖူ ကိုပဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။


ဝိုင်ဂျ်နယ်ဒမ်ကို ခေါ်ယူဖို့ နီးစပ်နေတဲ့ ရိုးမား

စီးရီးအေ ထိပ်သီး ရိုးမား အသင်း ကတော့ ပီအက်စ်ဂျီမှာ နေရာမရ ဖြစ်နေတဲ့ နယ်သာလန် ကွင်းလယ်လူ ဂျော်ဂျီနီယို ဝစ်ဂျ်နဲလ်ဒမ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ အီတလီ အခြေစိုက် Calciomercato က ဖော်ပြလာပါတယ်။
ပီအက်စ်ဂျီမှာ မပျော်ရွှင်တာကြောင့် စီးရီးအေ ကလပ် ရိုးမား အသင်းကို ပြောင်းရွှေ့ကစားမယ့် ဝစ်ဂျ်နဲလ်ဒမ်

စီးရီးအေ ထိပ်သီး ရိုးမား အသင်း ကတော့ ပီအက်စ်ဂျီမှာ နေရာမရ ဖြစ်နေတဲ့ နယ်သာလန် ကွင်းလယ်လူ ဂျော်ဂျီနီယို ဝစ်ဂျ်နဲလ်ဒမ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ အီတလီ အခြေစိုက် Calciomercato က ဖော်ပြလာပါတယ်။ ရိုးမားတို့ လစ်ဗာပူးလ် ကွင်းလယ် လူဟောင်းကို ခြေစွမ်းပေါ် မူတည်ပြီး အပြီးသတ် ဝယ်ယူခွင့် ပါရှိတဲ့ တစ်ရာသီနဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဝစ်ဂျ်နဲလ်ဒမ်ဟာ လစ်ဗာပူးလ် မှာတုန်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး အဖြစ်တောင် သတ်မှတ်ခံခဲ့ရပေမယ့် လီဂူးဝမ်း ကလပ် မှာတော့ ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေတာကြောင့် မပျော်မရွှင် ဖြစ်နေသူပါ။ ပြင်သစ်ကို ရောက်ရောက်ချင်း ရာသီ မှာတင်ပဲ ဝစ်ဂျ်နဲလ်ဒမ် အနေနဲ့ ပီအက်စ်ဂျီရဲ့ ပထမလူစာရင်းမှာ ၁၈ ကြိမ်သာ ပါဝင် ကစားခွင့်ရခဲ့ပြီး မာကို ဗာရက်တီ၊ ဒန်နီလို ပရဲရား တို့ရဲ့ အနောက် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသူလည်း ဖြစ်ပါတယ်။

ဒါကြောင့် အေးဂျင့် ဖြစ်သူက ဝစ်ဂျ်နဲလ်ဒမ်ရဲ့ ကစားသမားဘဝ ပြန်လည် ရှင်စေရေး အတွက် စီးရီးအေ ကလပ် အေစီမီလန်နဲ့ ရိုးမား တို့ကို ပြိုင်တူ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ စီးရီးအေ ချန်ပီယံ အေစီမီလန် ကတော့ အခြားသော ပစ်မှတ်တွေ ရှိနေတာကြောင့် ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ပေမယ့် မော်ရင်ဟိုရဲ့ ရိုးမား ကတော့ လက်ခံခဲ့ပါတယ်။ ရိုးမားတို့ ဝို ဝစ်ဂျ်နဲလ်ဒမ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူသွားမှာ ဖြစ်ပြီး စာချုပ် သက်တမ်း ပြည့်သွားချိန် မှာလည်း ယူရို သန်း ၂၀ နဲ့ အပြီးသတ် ဝယ်ယူခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။ အငှားနဲ့ လာကစားနေတဲ့ တစ်ရာသီ အတွင်း ဝစ်ဂျ်နဲလ်ဒမ်ရဲ့ တစ်နှစ် လုပ်ခ ယူရို ၈ သန်းရဲ့ တစ်ဝက် ကိုလည်း ရိုးမား ဘက်က ပေးချေသွားမယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်