နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နောက်ဆုံးရ သတင်းများ (၂၃/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင် ၂၃ ရက်နေ့ ညပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘရိုက်တန် တိုက်စစ်မှူးကို ကမ်းလှမ်းလာတဲ့ ဆလာနီတာနာ

စီးရီးအေ ကလပ် ဆလာနီတာနာဟာ ဘရိုက်တန် တိုက်စစ်မှူး နီးလ် မော်ပေး အတွက် ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဆလာနီတာနာရဲ့ အဆိုပါ ကမ်းလှမ်းမှုကိုလည်း ဘရိုက်တန် ဘက်က အလေးအနက်ထား စဉ်းစားနေပါတယ်။

အသက် ၂၅ နှစ် အရွယ် အဆိုပါ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် မှာ အသင်း အတွက် ၈ ဂိုး သွင်းယူ ပေးနိုင်ခဲ့တဲ့ ကစားသမားပါ။ ဒါပေမယ့် မူပေး စာချုပ် သက်တမ်းက လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
1X2 ဖရန့်ဖတ် @ 5.20
ဘိုင်ယန်မြူးနစ် အာရှ အကျောပေး -1.50 @ 2.14
ဂိုး‌အောက် 3.25 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲ့ဒါကြောင့်လည်း ဘရိုက်တန်ဘက်က ဒီတိုက်စစ်မှူးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရဖို့ အတွက် လက်ရှိ နွေရာသီမှာတင် ရောင်းထုတ်ရမှာပါ။ လက်ရှိ ဘရိုက်တန် တိုက်စစ်မှာ ဝဲလ်ဘတ်၊ ထရော့ဆတ်၊ အန်ဒက်ဗ်၊ အန်စီဆိုတို့ ရှိနေတာကြောင့်လည်း ဆလာနီတာနာရဲ့ ကမ်းလှမ်းမှုကို ဘရိုက်တန် ဘက်က စဉ်းစားနေတာ ဖြစ်ပါတယ်။


ဝစ်ဂျ်နယ်ဒမ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ရိုးမား

စီးရီးအေ ကလပ် ရိုးမားဟာ ပီအက်စ်ဂျီမှာ ရုန်းကန်နေရတဲ့ နယ်သာလန် ကွင်းလယ်လူ ဝစ်ဂျ်နယ်ဒမ်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အငှားစာချုပ်မှာ ရိုးမား အနေနဲ့ ဝစ်ဂျ်နယ်ဒမ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်လည်း ပါရှိမှာ ဖြစ်ပါတယ်။ ဝစ်ဂျ်နယ်ဒမ်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ လီဗာပူး ကနေ ပီအက်စ်ဂျီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတာပါ။

စီးရီးအေ ကလပ် ရိုးမားဟာ ပီအက်စ်ဂျီမှာ ရုန်းကန်နေရတဲ့ နယ်သာလန် ကွင်းလယ်လူ ဝစ်ဂျ်နယ်ဒမ်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီဘားလားကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဝစ်ဂျ်နယ်ဒမ်ကိုပါ ထပ်မံ ခေါ်ယူဖို့ နီးစပ်နေတဲ့ ရိုးမား

ဒါပေမယ့် ဒီကစားသမားက ပုံမှန် ပွဲထွက်ခွင့် အတွက် ရုန်းကန်နေရတာကြောင့် လက်ရှိ နွေရာသီမှာတင် ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရိုးမားဟာ ဒီဘားလားကို ခေါ်ယူပြီးနောက် ကွင်းလယ် အတွက် ဝစ်ဂျ်နယ်ဒမ်ကို ပစ်မှတ် ထားလာတာ ဖြစ်ပြီး နောက်ထပ် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။


လာမယ့် ရာသီ စီးရီးအေ ချန်ပီယံ ဖြစ်ရေးဟာ တာဝန် တစ်ခု ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အယ်လီဂရီ

ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီက ပြီးခဲ့တဲ့ ရာသီမှာ ဖလားလက်မဲ့ ဖြစ်ခဲ့တဲ့နောက် လာမယ့် ရာသီမှာ စီးရီးအေ ချန်ပီယံဆုကို သေချာပေါက် ဆွတ်ခူးနိုင်ဖို့ တာဝန် ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

စီးရီးအေရဲ့ အအောင်မြင်ဆုံး ကလပ် ဟာ ၁၀ စုနှစ် တစ်ခု အတွင်း ပထမဆုံး ဖလား လက်မဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရတာကြောင့် လက်ရှိ နွေရာသီ မှာတော့ ပေါ့ဘာ၊ ဒီမာရီယာ၊ ဂလိုင်ဆင် ဘရီမာ တို့လို နာမည်ကျော် ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ အားဖြည့်ထားပါတယ်။

အသင်းရဲ့ ရာသီသစ် ရည်မှန်းချက်နဲ့ ပတ်သက်လို့ အယ်လီဂရီက “ဂျူဗင်တပ်စ်က အမြဲတမ်း အောင်မြင်မှုတိုင်းကို ဆွတ်ခူးချင်နေတဲ့ အသင်းပါ။ လက်ရှိ နွေရာသီမှာ ထိပ်တန်း ကစားသမား အချို့ ရောက်ရှိလာပြီး လူငယ် အချို့နဲ့လည်း ပေါင်းစပ် ထားပါတယ်။ ကျနော်တို့ ကောင်းမွန်တဲ့ ဖောင်ဒေးရှင်း တစ်ခုနဲ့ အစပြနိုင်တဲ့ ဒုတိယ ရာသီတစ်ခု ဖြစ်လာမှာပါ။ ဖလားလက်မဲ့ ရာသီတစ်ခုကို ၁၀ နှစ် အတွင်း ပထမဆုံး အကြိမ် ဖြတ်သန်းခဲ့ရပေမယ့် လာမယ့် ရာသီမှာ ကျနော်တို့ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့က တာဝန်တစ်ခုလိုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်