နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နံနက်ခင်း သတင်းများ (၁/၈/၂၀၂၂)

အခုတစ်ခါ မှာတော့ ဩဂုတ်လ ၁ ရက်နေ့ နံနက်ခင်းရဲ့ နောက်ဆုံးရ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပါရီဒက်စ်ကို တရားဝင် ကမ်းလှမ်းဖို့ အသင့် ဖြစ်နေတဲ့ ဂျူဗင်တပ်စ်

Calciomercatoရဲ့ ဖော်ပြချက် အရ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ ပီအက်စ်ဂျီ ကွင်းလယ် ဖန်တီးရှင် လီယိုနာဒို ပါရီဒက်စ် အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

ဂျူဗင်တပ်စ်ဟာ ဒူးဒဏ်ရာရသွားတဲ့ ပေါလ် ပေါ့ဘာမှာ အစားထိုးဖို့ ကွင်းလယ် ကစားသမား တစ်ဦး အပူတပြင်း ရှာဖွေနေပြီး ဘာစီလိုနာမှာ အဆင်မပြေ ဖြစ်နေတဲ့ မီရာလမ် ပီယာနစ် ကလည်း တူရင်ကို ပြန်လာဖို့ အတွက် မကြာသေးခင် အချိန်ကပဲ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ် ကတော့ ရေရှည် အတွက် ပိုပြီး အဆင်ပြေနိုင်မယ့် ပါရီဒက်စ် ကိုသာ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ် အရွယ် အာဂျင်တီးနား ကွင်းလယ်လူဟာ ရိုးမားနဲ့ အမ်ပိုလီတို့မှာ ၄ ရာသီကြာ ကစားခဲ့ဖူးတာကြောင့် စီးရီးအေ အတွေ့အကြုံ ရှိပြီး နည်းပြ မက်စ် အယ်လီဂရီရဲ့ နံပါတ် ၁ ပစ်မှတ် ဖြစ်နေတာကြောင့်လည်း ရက်ပိုင်း အတွင်း အပြောင်းအရွှေ့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

ပါရီဒက်စ် ကိုယ်တိုင် ကလည်း ပီအက်စ်ဂျီ နည်းပြသစ် ဂယ်တီယာရဲ့ အစီအစဉ်ထဲမှာ ပါဝင်ဖို့ မသေချာတာကြောင့် စီးရီးအေ ကလပ်ကို ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပြီး အဓိက, ကတော့ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလား ကစားချင်တာကြောင့် ပုံမှန် ပွဲထွက်ခွင့်ရချင်နေတာ ဖြစ်ပါတယ်။


ဂျူဗီနဲ့ အင်တာ အကြောင်းမပြန်ရင် ဝက်စ်ဟမ်းကို ပြောင်းမယ့် ကော့စတစ်

ဒါပေမယ့် နောက်ပိုင်းမှာ စီးရီးအေ ထိပ်သီး အင်တာမီလန်က ဝင်ရောက် ကမ်းလှမ်းခဲ့သလို ဝက်စ်ဟမ်း ကလည်း ခေါ်ယူဖို့ ကြိုုးပမ်းနေတဲ့ အထဲ ပါဝင်လာခဲ့ပါတယ်။
ဝက်စ်ဟမ်း အသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရထားတဲ့ ဖိလစ် ကော့စတစ်

အီတလီ သတင်းထောက် အဲလ်ဖရက်ဒို ပီဒူလာရဲ့ ဖော်ပြချက် အရ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် ဘက်က ၄၈ နာရီ ကနေ ၇၂ နာရီ အတွင်း အကြောင်းမပြန်ရင် ဖရန့်ဖတ် တောင်ပံ ကစားသမား ဖိလစ် ကော့စတစ်ဟာ ဝက်စ်ဟမ်း အသင်းကို ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ကော့စတစ်ကို‌ ခေါ်ယူဖို့ အရင်ဆုံး ချိတ်ဆက်ခဲ့တဲ့ အသင်းက ဂျူဗင်တပ်စ် ဖြစ်ပြီး ဆာဘီးယား လက်ရွေးစင်နဲ့လည်း ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရထားပြီးပါပြီ။ ဒါပေမယ့် နောက်ပိုင်းမှာ စီးရီးအေ ထိပ်သီး အင်တာမီလန်က ဝင်ရောက် ကမ်းလှမ်းခဲ့သလို ဝက်စ်ဟမ်း ကလည်း ခေါ်ယူဖို့ ကြိုုးပမ်းနေတဲ့ အထဲ ပါဝင်လာခဲ့ပါတယ်။

လောလောဆယ် ကော့စတစ်ကို ခေါ်ယူဖို့ အင်တာမီလန်တို့ အနည်းငယ် သွေးအေးနေပြီး ဒီအခြေအနေကို ဂျူဗင်တပ်စ်တို့ အခွင့်ကောင်းယူလို့ ရပေမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရပါတယ်။ ဖရန့်ဖတ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကနေ သိရတဲ့ သတင်းတွေအရ ကော့စတစ်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းတို့ အခြေအနေကောင်းနေပြီး အကယ်၍ စီးရီးအေ နှစ်သင်းသာ ၄၈ နာရီ ကနေ ၇၂ နာရီ အတွင်း အကြောင်းမပြန်ရင်တော့ ဖရန့်ဖတ် ကြယ်ပွင့် အနေနဲ့ လန်ဒန် ကလပ် ကိုပဲ ရွေးချယ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဝက်စ်ဟမ်းတို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားသည့် တိုင်အောင် ကော့စတစ် ကတော့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် တို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းချင်နေသေးတယ်လို့ သိရပါတယ်။

လာလီဂါ
ဂီတာဖေး
အက်တလက်တီကို
1X2 အက်တလက်တီကို @ 1.97
ဂိုးပေါ် 2.00 @ 1.96
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မာရီ အတွက် စတင် ဆွေးနွေးနေတဲ့ မွန်ဇာ

စီးရီးအေ တန်းတက် ကလပ် မွန်ဇာ ကတော့ အာဆင်နယ် အသင်းက အရောင်း စာရင်းတင်ထားတဲ့ ပါဘလို မာရီကို ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ ပြလုပ်နေတယ်လို့ သိရပါတယ်။

သတင်းထောက် မွန်တာရီယိုရဲ့ အဆိုအရ မွန်ဇာဟာ ပါဘလို မာရီကို အပြီးသတ် ခေါ်ယူဖို့ အတွက် အာဆင်နယ်နဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီလို့ သိရပါတယ်။ အသက် ၂၈ နှစ် အရွယ် စပိန် နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီက အူးဒီးနီးစ်မှာ အငှားထွက်ကစားရာမှာ ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အူးဒီးနီးစ်နဲ့ အငှားစာချုပ် ပြည့်ပြီးလို့ အာဆင်နယ်ကို ပြန်လည် ရောက်ရှိချိန်မှာလည်း နည်းပြ အာတေးတားရဲ့ ပထမဦးစားပေး ကစားသမား မဟုတ်တာကြောင့် စီရီးအေကို ပြန်လည် ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေသူလည်း ဖြစ်ပါတယ်။ ပါဘလို မာရီဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ တူရကီ ကလပ် ဖီနာဘာချီရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ထားခဲ့ပါသေးတယ်။ ဒီကစားသမားဟာ အီတလီ ကလပ် တစ်ခုခု ကိုပဲ ပြောင်းရွှေ့ချင်နေတဲ့ သဘောရှိပြီး တန်းတက် အသင်းပေမယ့် ပြင်ဆင်မှုတွေ အသေအချာ ပြုလုပ်ထားတဲ့ မွန်ဇာကို ရွေးချယ်သွားနိုင်ချေ ရှိပါတယ်။ မွန်ဇာဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဂျီယန်လူကာ ကပ်ရာရီ၊ ပက်ဆီနာ၊ ဖီလစ်ပို ရာနော့ချီယာ၊ စတက်ဖီနို ဆန်ဆီ တို့ကို ခေါ်ယူ အားဖြည့်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်