နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၆/၈/၂၀၂၂)

ဩဂုတ်လ ၆ ရက်နေ့ရဲ့ နောက်ဆုံးရ စီးရီးအေ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


လူးဝစ် အယ်လ်ဘာတို အသင်းက ထွက်ဖို့ ဆန္ဒရှိနေကြောင်း ဆာရီ ဝန်ခံ

မာရူဇီယို ဆာရီက တိုက်စစ်မှူး လူးဝစ် အယ်လ်ဘာတိုဟာ လာဇီယို ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။ အသက် ၂၉ နှစ် အရွယ် တိုက်စစ် ကစားသမားဟာ (၂၀၁၆) တည်းက စီးရီးအေ ကလပ် လာဇီယိုကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။ 

အယ်လ်ဘာတိုကို ခေါ်ယူဖို့ ဆီဗီလာ နည်းပြ ဂျူလန် လိုပက်တက်ဂီက စိတ်ဝင်စားနေပြီး ဒီနှစ်သင်းကြားမှာလည်း အပြောင်းအရွှေ့ ကိစ္စတွေ အတွက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကစားသမား ကိုယ်တိုင် ကလည်း ဆီဗီလာကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ 

ဒါပေမယ့် လာဇီယို ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) တောင်းဆိုထားပြီး ဒီပမာဏကို ပေးချေဖို့ ကတော့ ဆီဗီလာ အတွက် အခက်အခဲ ရှိနိုင်ပါတယ်။


ဇနီး ဖြစ်သူကို ဗြိတိန်မှာ ကျန်ခဲ့တဲ့ ကားတွေကို သွားသယ်ခိုင်းတဲ့ ပေါ့ဘာ

လက်ရှိ နွေရာသီမှာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ပေါလ် ပေါ့ဘာက ဗြိတိန်မှာ ကျန်ရှိခဲ့တဲ့ သူ့ရဲ့ ကားတွေကို အီတလီ နိုင်ငံ၊ တူရင်မြို့ဆီ ပြန်လည် ရွှေ့ပြောင်းခဲ့ပါတယ်။ 

စီးရီးအေ
အေစီမီလန်
အူဒီးနီးစ်
1X2 သရေ (Draw) @ 4.40
ဂိုးပေါ် 1.00 @ 1.88
ဂိုးပေါင်း 0-1 @ 3.55
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီလိုမျိုး ရွှေ့ပြောင်းတဲ့ နေရာမှာ ပေါ့ဘာရဲ့ ဇနီး ဇူလေက အနီးကပ် စောင့်ကြည့်ခဲ့ပြီး ပေါ့ဘာရဲ့ စိတ်ကြိုက်လို့ ဆိုနိုင်တဲ့ ပေါင် (၂) သိန်းခွဲတန်တဲ့ ဖရာရီ ကားလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပေါ့ဘာရဲ့ မာစီးဒီးစ်၊ ဘန်တလီ၊ ရိုးလ် ရိုက်စ် ကားတွေလည်း ပါဝင်ခဲ့ပြီး အော်ဒီ ကားတစ်စီးလည်း ပါဝင်လာခဲ့ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်မှာ ရရှိခဲ့တဲ့ ချဗရလက် ကားကိုတော့ ပေါ့ဘာ တစ်ယောက် ပြန်လည် ပေးအပ်ခဲ့ပုံ ရပါတယ်။ ပေါ့ဘာ ကတော့ လက်ရှိမှာ ဒူးဒဏ်ရာကြောင့် စီးရီးအေ ရာသီ အဖွင့်ပွဲတွေကို လွဲချော်ဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။


နာပိုလီ ဥက္ကဌကို ချဲလ်ဆီး နောက်ခံလူ ကူလီဘလီ ပြန်လည် ဝေဖန်

ချဲလ်ဆီး နောက်ခံလူ ကာလီဒူ ကူလီဘာလီက စီးရီးအေ အသင်းဟောင်း နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်ရဲ့ ပြောစကားတွေ အတွက် ပြန်လည် ဝေဖန် ချေပသွားခဲ့ပါတယ်။ 

ဒီလော်ရန်းတစ်က သူ့အနေနဲ့ အာဖရိက, ကစားသမားတွေကို ထပ်မံ မခေါ်ယူလိုတော့ကြောင်း၊ အကယ်၍ ခေါ်ယူမယ် ဆိုရင်လည်း သူတို့ အနေနဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ဝင်မကစားဘူးလို့ စာချုပ်မှာ တစ်ခါတည်း လက်မှတ် ထိုးထားရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒီလော်ရန်းတစ်ရဲ့ ပြောစကားက အငြင်းပွားဖွယ်ရာတွေ ရှိခဲ့ပြီး စီးရီးအေ နောက်ခံလူဟောင်း အိုင်ဗရီကို့စ် လက်ရွေးစင် ကူလီဘာလီက “ခင်ဗျား အနေနဲ့ အာဖရိကရဲ့ လက်ရွေးစင်အသင်းတွေကို ဒီလိုမျိုး ပြောလို့မရပါဘူး။ ဥရောပအသင်းတွေ အပေါ် လေးစားမှု ထားသလိုမျိုး အာဖရိက ဘက်က အသင်းတွေကို လည်း လေးစားရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ 

အာဖရိကဖလားပြိုင်ပွဲကို (၂) နှစ် တစ်ကြိမ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ကျင်းပလေ့ ရှိပြီး ဒီကာလဟာ ကလပ် အသင်းတွေ အတွက် အရေးကြီးတဲ့ အချိန်ကာလ ဖြစ်နေတာကြောင့် ဒီလော်ရန်းတစ်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်