နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြိုသုံးသပ်ချက် | ဂျူဗင်တပ်စ် – ရိုးမား (စီးရီးအေ)

ဂျူဗင်တပ်စ် – ရိုးမား

အခုတစ်ပတ် စီးရီးအေ ပွဲစဉ် (၃) ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် ဂျူဗင်တပ်စ်က ရိုးမားကို အလိုင်ရန့်ဇ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ လက်တလော အမှတ်ပေးဇယား အထက်အောက် ရပ်တည်နေတဲ့ စီးရီးအေ ထိပ်သီး နှစ်သင်း ကစားမယ့် ပွဲစဉ် ဖြစ်နေတာကြောင့် ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် မြင်တွေ့ရဖို့တော့ ရှိနေပါတယ်။

ဂျူဗင်တပ်စ် ကတော့ စီးရီးအေ အဖွင့်ပွဲမှာ ဆာဆွယ်လိုကို ၃ ဂိုးပြတ် အနိုင်ရခဲ့လို့ ဟုတ်မလိုလို ရှိခဲ့ပေမယ့် နောက်ပွဲမှာတော့ ဆမ်ဒိုးရီးယားကို ဂိုးမရှိ သရေပဲ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် တူရင် ကလပ်ရဲ့ ပရိသတ်တွေက မက်စ် အယ်လီဂရီကို ရာထူး ကနေ ထုတ်ပယ်ဖို့တောင် တောင်းဆိုနေကြပြီး ဒီပွဲ ရလဒ်ဟာ အီတလီ လူမျိုး နည်းပြရဲ့ အနာဂတ် အတွက် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဆာဆွယ်လိုနဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အိန်ဂျယ် ဒီမာရီယာ တစ်ယောက် ဒဏ်ရာကြောင့် အနားယူလိုက်ရတာက ဂျူဗင်တပ်စ်ရဲ့ တိုက်စစ် ကစားအားကို သိသိသာသာ ကျဆင်းသွားခဲ့ပြီး ဆမ်ဒိုးရီးယားနဲ့ ပွဲမှာဆိုရင် အထောင် တိုက်စစ်က ဗလာဟိုဗစ်လည်း ကြောင်ပျောက်ခဲ့ပါတယ်။ တောင်ပံ ကစားသမားသစ် ဖိလစ် ကော့စတစ် အနေနဲ့ အီတလီမြေမှာ အသားကျဖို့ လိုအပ်နေသေးသလို ပေါ့ဘာ မကစားနိုင်သေးတဲ့ ကွင်းလယ် ကလည်း အားနည်းနေဆဲ ဆိုတာ တဖြည်းဖြည်း သိသာ ပေါ်လွင် လာတာကြောင့် အယ်လီဂရီ အနေနဲ့ ဘယ်လိုမျိုး ပြင်ဆင် ဖာထေးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခု ပွဲကိုတော့ ပေါ့ဘာ၊ ဒီမာရီယာ တို့အပြင် ခီယေဇာ၊ အာသာ၊ ကိုင်ရို ဂျော့ဂျ် တို့လည်း လွဲချော်ဦးမယ်လို့ သိရပါတယ်။

ရိုးမား ကတော့ စီးရီးအေ အဖွင့် ၂ ပွဲစလုံး အနိုင်ရထားပေမယ့် ဆယ်လာနီတာနာ၊ ခရီမွန်နီစ် တို့လို အသင်းငယ်တွေကို ၁-၀ ရလဒ်တွေနဲ့ ကပ်ပြီး နိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ဂျိုဆေး မော်ရင်ဟိုရဲ့ အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ထိုက်သင့်သလောက် ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ထားပေမယ့် ခြေစွမ်းပိုင်း အရတော့ အားရစရာ မရှိသေးဘူးလို့ ပြောလို့ ရပါတယ်။ ဒီကြားထဲ ကွင်းလယ် အတွက် မျှော်လင့်တကြီး ခေါ်ယူခဲ့တဲ့ ဝိုင်ဂျ်နယ်ဒမ် တစ်ယောက် ခြေထောက်ကျိုးသွားတဲ့ အပြင် အားထားရတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဇန်နီယိုလို ကလည်း ဒဏ်ရာရသွားတာကြောင့် မော်ရင်ဟို တစ်ယောက် ခေါင်းကိုက်နေရပါတယ်။ အခုပွဲမှာ ရိုးမားကို ၃ ယောက်တန်း ခံစစ်နဲ့ပဲ မြင်တွေ့ရဦးမှာ ဖြစ်ပြီး စမောလင်း၊ မန်ချီနီ၊ အီဘာနက်ဇ်၊ မာတစ်၊ ခရစ္စတန်တီ၊ စပင်နက်ဇိုလာ၊ ဒီဘားလား၊ အေဗရာဟမ် တို့ကိုပဲ အားပြု ပွဲထွက်လာမယ့် သဘော ရှိပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဂျူဗင်တပ်စ် – ပီရင်၊ ဘိုနူချီ၊ ဘရီမာ၊ ဆန်ဒရို၊ ဒန်နီလို၊ လိုကတ်တယ်လီ၊ မက်ကင်နီ၊ ရာဘီယော့တ်၊ ကွာဒွာဒို၊ ကော့စတစ်၊ ဗလာဟိုဗစ်

ရိုးမား – ပက်ထရီစီယို၊ စမောလင်း၊ အီဘာနက်ဇ်၊ မန်ချီနီ၊ ခရစ္စတန်တီ၊ မာတစ်၊ ကားစ်ဒေါ့ပ်၊ စပင်နက်ဇိုလာ၊ ပယ်လီဂရီနီ၊ ဒီဘားလား၊ အေဘရာဟမ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဂျူဗင်တပ်စ်ဟာ ရိုးမားကို အိမ်ကွင်းမှာ ရင်ဆိုင်ချိန်တိုင်း အသာရလေ့ရှိပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာ ၁၂ ပွဲ အထိ အနိုင်ရထားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ရိုးမားတို့ ဂျူဗင်တပ်စ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲ အထိ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ စီးရီးအေ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာလည်း ဂျူဗီတို့ ရိုးမားကို ၁ ကြိမ်သာ ရှုံးနိမ့်ခဲ့ပြီး ဂျူဗင်တပ်စ်က ၃ ကြိမ် အထိ အနိုင်ရထားခဲ့ပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ ဂျူဗင်တပ်စ် အနိုင် အတွက် ၂.၃၈ ဆ၊ ရိုးမား အနိုင် ဆိုရင် ၃.၁၄ ဆ၊ သရေ အတွက် ကတော့ ၃.၀၅ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ အစဉ်အလာအရ ဂျူဗင်တပ်စ်ဟာ အိမ်ကွင်းမှာဆို ရိုးမားကို မရှုံးအောင် ကစားနိုင်တဲ့ အသင်းလို့တောင် ပြောလို့ ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ အသင်းငယ်လေးတွေ ကိုတောင် ဂိုးမနည်း သွင်းနေရတဲ့ ရိုးမားထက် ဂျူဗင်တပ်စ်က အနည်းငယ် ပိုသာနေတယ်လို့တောင် ပြောလို့ ရပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံးရဲ့ ခြေစွမ်းက အပြည့်အဝ ယုံကြည်ထားဖို့ ခက်တာကြောင့် ဒီပွဲ မှာတော့ ဂိုးပေါင်း အောက်နဲ့ အရဲစွန့်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဂျူဗင်တပ်စ် ၁-၀ ရိုးမား

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်