နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ – ညနေခင်း သတင်းများ (၂၈/၉/၂၀၂၂)

စက်တင်ဘာ ၂၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂျူဗင်တပ်စ်မှာ ကစားဖို့က အိမ်မက် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့တဲ့ မီလစ်ခ်

စီးရီးအေ ထိပ်သီး ကလပ် ဂျူဗင်တပ်စ်မှာ ကစားဖို့ဟာ သူ့ရဲ့ စိတ်ကူးယဉ် အိမ်မက်တစ်ခု ဖြစ်ကြောင်း ပိုလန် တိုက်စစ်မှူး အာကေးဒီးယက်ဇ် မီလစ်ခ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကမှ ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး တူရင် ကလပ် အတွက် ရာသီအစ ၆ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။

ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ ဖြစ်ခဲ့ပုံနဲ့ ပတ်သတ်လို့ မီလစ်ခ်က ပြောကြားရာ မှာတော့ “ကျနော်က အပြောင်းအရွှေ့ ဈေးကွက်တိုင်းမှာ အမြဲတမ်း အေးဆေး တည်ငြိမ်စွာပဲ ရှိခဲ့ပါတယ်။ ကွင်းထဲမှာပဲ အာရုံစိုက်ထားပြီး အေးဂျင့်တွေကို သူတို့ရဲ့ အလုပ်ကို အပြည့်အဝ လုပ်ခွင့်ပေးခဲ့တယ်။ ကမ်းလှမ်းမှု အမှန်တကယ် လက်ခံရရှိမှ အကြောင်းကြားဖို့ သူတို့ကို ပြောထားခဲ့ပါတယ်။ နန့်စ် နဲ့ ကစားတဲ့ပွဲ အပြီးမှာ ဂျူဗီက ကျနော့်ကို စိတ်ဝင်စားနေတယ်လို့ သိခဲ့ရပြီး ကျနော် ခပ်မြန်မြန်ပဲ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မီလစ်ခ် “ဒီလို ကြီးကျယ် ခမ်းနားတဲ့ ကလပ် တစ်ခုမှာ ကစားဖို့က အမြဲတမ်း ကျနော့် အတွက် အိပ်မက် တစ်ခု ဖြစ်ခဲ့ပါတယ်။ ဖြစ်နိုင်ဖို့လည်း မလွယ်ပါဘူး။ ဒီလို အခွင့်အရေး ရတဲ့ အတွက် ဝမ်းသာပါတယ်။ ရှက်ဇီနီက ကျွန်တော့်ကို မကြာခဏ ခေါ်တယ်။ သူတို့ မမ်းဖစ် ဒီပိုင်း ကိုလည်း လိုက်ခဲ့တယ် လို့တော့ ကြားတယ်။ ဒါပေမယ့် ကျနော် သိပ်တော့ မသိပါဘူး။” လို့ ဆိုပါတယ်။

လက်တလောမှာ မီလစ်ခ် အနေနဲ့ ဂျူဗင်တပ်စ် အတွက် ခြေစွမ်းပြနေပေမယ့် အသင်း ကတော့ လက်ရှိ အချိန်ထိ ရလဒ် မကောင်းသေးသလို နိုင်ပွဲတွေလည်း ဆက်တိုက် ပျောက်ဆုံးနေခဲ့ပါတယ်။


ဂျူဗင်တပ်စ်က အာနူတိုဗစ်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြောင်း အေးဂျင့်ဖြစ်သူ ဖွင့်ဟ

ဆက်စပ် သတင်းတွေအရ နွေရာသီတွင် ဂျူဗင်တပ်စ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ဘိုလော့ဂ်နာ တိုက်စစ်မှူး မာကို အာနူတိုဗစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း အေးဂျင့် ဖြစ်သူ မာကို ဘူဆီရယ်လိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ကစားသမားနဲ့ ညီအကိုလည်း တော်စပ်တဲ့ ဘူဆီရယ်လိုက Tuttosport နဲ့ အင်တာဗျူးမှာ အခုလို ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ဂျူဗင်တပ်စ် ဘက်က ကောင်လေး (အာနူတိုဗစ်) နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို မေးမြန်းလာခဲ့ပါတယ်။ အရပ်အမောင်း မြင့်မားပြီး ကြံခိုင်မှု ကောင်းသလို တည်ငြိမ်တဲ့ ကစားသမား ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဘိုလော့ဂ်နာ ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး စကား မပြောချင်ခဲ့ပါဘူး။ နည်းပြ ဖြစ်သူ ကလည်း အာနူတိုဗစ်ကို ဘယ်တုန်းကမှ ရောင်းဖို့ မစဉ်းစားခဲ့ပါဘူး။” လို့ ဘူဆီရယ်လိုက ဆိုပါတယ်။

ဆက်လက်ပြီး “သူဟာ ဘိုလော့ဂ်နာမှာ ပုံစံကောင်းရနေသလို ဘယ်အသင်းနဲ့ မဆို အသားကျမယ့်သူမျိုးပါ။ မီလစ်ခ်ကို ခေါ်ယူသွားခဲ့တာ မြင်ရတာ ကျနော့် အတွက် ခက်ခဲပါတယ်။ နောက်ပြီး မီလစ်ခ် ကလည်း ဂျူဗင်တပ်စ်နဲ့ အကောင်းဆုံး စတင်ထားနိုင်တယ်လေ။ နောက်ပြီး ဘောလုံးမှာ ဘယ်တော့မဆို ‘ဘယ်တော့မှ’ ဆိုတဲ့ စကားလုံးကို ဘယ်တော့မှ ပြောလို့ မရပါဘူး။” လို့ ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။


ဘရိုဟာကို ပစ်မှတ်ထားနေတဲ့ အေစီမီလန်

CalcioMercatoရဲ့ ဖော်ပြချက်အရ ဘရိုဟာ အနေနဲ့ လက်ရှိမှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းမှာ ခြောက်နှစ် ကျန်ရှိနေသေးပေမယ့် စီးရီးအေ လက်ရှိ ချန်ပီယံ အသင်း ကတော့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။
ဘရိုဟာကို ပေါင် ၂၆ သန်းပေးပြီး ခေါ်ယူဖို့ အသင့်ရှိနေတဲ့ အေစီမီလန်

အေစီမီလန် အသင်းဟာ ချဲလ်ဆီး အသင်းရဲ့ အလားအလာ ရှိတဲ့ တိုက်စစ်မှူး အာမန်ဒို ဘရိုဟာ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနေတွေက ဖော်ပြပါတယ်။ အသက် ၂၁ နှစ် အရွယ် အာမေးနီးယား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက ဆောက်သမ်တန် အသင်းကို အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ၂၁ ပွဲမှာ ၆ ဂိုးသွင်းကာ ခြေစွမ်းပြနိုင်ခဲ့လို့ ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။

ဘရိုဟာကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် လန်ဒန် မြို့ခံ ပြိုင်ဘက် ဝက်စ်ဟမ်းယူနိုက်တက်က ခေါ်ယူဖို့ အတည်တကျ ချိတ်ဆက်မှု
တွေ ပြုလုပ်ခဲ့ပေမယ့် နည်းပြ တူချယ်က အသင်းမှာ ဆက်ထိန်းထားဖို့ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

CalcioMercatoရဲ့ ဖော်ပြချက်အရ ဘရိုဟာ အနေနဲ့ လက်ရှိမှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းမှာ ခြောက်နှစ် ကျန်ရှိနေသေးပေမယ့် စီးရီးအေ လက်ရှိ ချန်ပီယံ အသင်း ကတော့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နည်းပြ ဖြစ်သူ ပီအိုလီ ကလည်း ဘရိုဟာ အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းကို လိုလိုလားလား ပေးချေချင်နေကြောင်း သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်