အောက်တိုဘာ ၁၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အယ်လီဂရီ အပေါ် ဂျူဗင်တပ်စ် ကစားသမားတွေ မယုံကြည်တော့ဘူးလို့ တာဒဲလ်ပြော
ဂျူဗင်တပ်စ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ အေစီမီလန်နဲ့ စီးရီးအေ ပွဲစဥ်မှာလည်း နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့သလို မက်ကာဘီ ဟိုင်ဖာနဲ့ ပွဲစဉ်မှာလည်း ၂ ဂိုးပြတ်နဲ့ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီပွဲ အပြီးမှာ တာဒဲလ်က “အယ်လီဂရီ အတွက် အချိန်မရှိတော့ပါဘူး။ အသင်းဘက်က ဘာအသံမှမထွက်တာ ကျနော် အံ့အားသင့်ပါတယ်”
“အသင်းနဲ့ နည်းပြကြား လွဲမှားတဲ့ ဆက်သွယ်မှုတွေ ဖြစ်နေပြီး အယ်လီဂရီ ကလည်း ကစားသမားတွေနဲ့ ပတ်သက်လို့ ဆိုးရွားတဲ့ မှတ်ချက်တွေပဲ ပေးနေပါတယ်။ အခု သူ့အတွက် အချိန်မရှိတော့ပါဘူး”
“ကစားသမားတွေနဲ့ အသင်းဘက်က နည်းပြအပေါ် လုံးဝ အယုံအကြည် မရှိတော့ဘူး ဆိုတာကို ကျနော် ခံစားမိပါတယ်။ ဒါသာ အမှန်ဆိုရင် ကျနော်တို့ အခုထက် ရှေ့ဆက်လို့ မရတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဖလား ပါဝင်ခွင့် အိပ်မက်ကို မစွန့်လွှတ်ကြောင်း အေစီမီလန် နောက်ခံလူပြော
စီးရီးအေ ကလပ် အေစီမီလန် နောက်ခံလူ ဖီကာယို တိုမိုရီက လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် အသင်းနဲ့ အတူ ပါဝင်ခွင့် ရဖို့ အခွင့်အရေးကို လက်မလျှော့သေးကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။
တိုမိုရီဟာ အေစီမီလန်ရဲ့ အဓိက နောက်ခံလူ တစ်ယောက် အဖြစ် ခြေစွမ်းပြနေပြီး အင်္ဂလန်နဲ့ အတူ နိုင်ငံတကာ ပြိုင်ပွဲကြီးမှာ ပထမဆုံး လိုက်ပါ ကစားခွင့် ရဖို့ အိပ်မက်မက်နေတာ ဖြစ်ပါတယ်။
ဒီလို မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ တိုမိုရီက “ပွဲတိုင်းမှာ ကျနော့်ရဲ့ အကောင်းဆုံး ပုံစံကို ပြသဖို့ ကြိုးစားနေပါတယ်။ တတ်နိုင်သလောက် ဒီလိုကြိုးစားနေတာကို ကျနော့်ကို စောင့်ကြည့်နေတဲ့ အင်္ဂလန် နည်းပြ (ဆောက်ဂိတ်) မြင်နိုင်သလို ကျနော်လည်း ပုံစံကောင်း ပြသနိုင်ပါတယ်”
ဒီလိုပြောအပြီးမှာပဲ တိုမိုရီဟာ ချဲလ်ဆီးကို အိမ်ကွင်းမှာ ၂ ဂိုး ပြတ် ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ စောစောစီးစီးပဲ အနီကတ် ပြသခံခဲ့ရပါတယ်။
ဒဏ်ရာကြောင့် (၂) လခန့် အနားယူရဖို့ ရှိပြီး ကမ္ဘာ့ဖလားပါ လွဲဖို့ များနေတဲ့ ဒီဘားလား
ရိုးမား တိုက်စစ်မှူး ပေါ်လို ဒီဘားလားဟာ လက်ချီကို အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်ခြံ ကြွက်သား ဒဏ်ရာကြောင့် (၂) လခန့် အနားယူရဖို့ ရှိနေတယ်လို့ သိရပါတယ်။
ရိုးမားက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဲ့ဒီ ပွဲမှာ ဒီဘားလားက အသင်း အတွက် အနိုင်ဂိုး ဖြစ်စေမယ့် ဂိုးကို ပင်နယ်တီက တဆင့် သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီ ကန်ရင်း ဒီဘားလား တစ်ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာက အလွန်ဆိုးရွားကြောင်း ရိုးမား နည်းပြ ဂျိုးဆေး မော်ရင်ဟို ကလည်း ပြောပါတယ်။
လက်ရှိ ဆေးစစ်ချက်တွေ အရတော့ ဒီဘားလား တစ်ယောက် (၄) ပတ်ကနေ (၈) ပတ်အထိ အနားယူရမယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလား ကျင်းပဖို့က (၂) လတောင် မလိုတော့ချိန်မှာ ဒီသတင်းက ဒီဘားလား အတွက်ရော၊ အာဂျင်တီးနား အတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.