နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ – ညနေခင်း သတင်းများ (၁၄/၁၀/၂၀၂၂)

အောက်တိုဘာ ၁၄ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အယ်လီဂရီရဲ့ ရာထူးကို အာမခံပေးပြီး အသင်းကို ဝေဖန်ခဲ့တဲ့ ဂျူဗင်တပ်စ် ဥက္ကဌ

ဂျူဗင်တပ်စ် ဥက္ကဌ အန်ဒရီယာ အဂ္ဂါနယ်လီက အသင်း နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ အနာဂတ်ကို အာမခံချက် ပေးလိုက်ပြီး မက္ကာဘီဟိုင်ဖာနဲ့ ပွဲမှာ ရှုံးနိမ့်အောင် ကစားခဲ့တဲ့ အသင်းကို ဝေဖန် ပြောကြားလိုက်ပါတယ်။

စီးရီးအေ ကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ် (၄) ပွဲ ကစားပြီးချိန်မှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး နောက်တဆင့် တက်ဖို့ မျှော်လင့်ချက် နည်းပါးသွားခဲ့ပါတယ်။ ဒါပေမယ့် အဂ္ဂါနယ်လီ ကတော့ “အယ်လီဂရီက ဂျူဗင်တပ်စ် နည်းပြ ဖြစ်ပြီး သူအသင်းမှာပဲ ဆက်ရှိနေမှာပါ”

“ခက်ခဲတဲ့ အချိန်ကာလ တစ်ခုပါ။ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ကျနော် ရှက်ရွံ့မိပါတယ်။ ကျနော် ဒေါသလည်း ထွက်နေပါတယ်။ ဒါပေမယ့် ဘောလုံး ဆိုတာမျိုးက (၁၁) ယောက်ချင်း ကစားရတာပါ။ နိုင်လည်း အတူတူ၊ ရှုံးလည်း အတူတူပါပဲ”

“ဒီလို အခြေအနေမျိုးမှာ တယောက်တည်းကို အပြစ်တင်နေလို့ မရပါဘူး။ ကျနော်တို့ ပရိသတ်တွေကို တောင်းပန်လိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆာဗစ် အကြောင်း အမွှန်းတင်နေတဲ့ အီတလီ မီဒီယာတွေကို ဆာရီ ဝေဖန်

စီးရီးအေ ကလပ် လာဇီယို နည်းပြ မာရူဇီယို ဆာရီက သူ့အသင်းရဲ့ ကွင်းလယ်လူ ဆာ့ဂျ် မီလင်ကိုဗစ် ဆာဗစ်ကို အလွန်အကျူး အမွှန်းတင်နေတဲ့ မီဒီယာတွေနဲ့ ပတ်သက်လို့ ဝေဖန် ပြောကြားလိုက်ပါတယ်။

စီးရီးအေ ကလပ် လာဇီယို နည်းပြ မာရူဇီယိုဆာရီက သူ့အသင်းရဲ့ ကွင်းလယ်လူ ဆာ့ဂျ် မီလင်ကိုဗစ် ဆာဗစ်ကို အလွန်အကျူး အမွှန်းတင်နေတဲ့ မီဒီယာတွေနဲ့ ပတ်သက်လို့ ဝေဖန် ပြောကြားလိုက်ပါတယ်။
လာဇီယို အတွက် ပွဲပေါင်း ၃၀၇ ပွဲ ကစားပြီး ၆၂ ဂိုး သွင်းထားတဲ့ မီလင်ကိုဗစ် ဆာဗစ်

အဆိုပါ ဆာဘီးယား ကွင်းလယ်လူဟာ ဒီရာသီမှာ လာဇီယို အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး အသင်းရဲ့ သွင်းဂိုး (၉) ဂိုးမှာ ပါဝင် ပတ်သက်ပေးထားပါတယ်။

ဒါပေမယ့် ဆာရီ ကတော့ “ဆာဗစ်နဲ့ ပတ်သက်လို့ အရမ်းကို ဆူညံလွန်းတယ်လို့ ကျနော်ထင်ပါတယ်။ သတင်းစာတွေက အပြောင်းအရွှေ့တွေနဲ့ ပတ်သက်လို့ သူ့နာမည်ကို ထိပ်ဆုံးမှာ ထားရေးနေကြပါတယ်”

“ကျနော်လည်း တကယ့် စပါယ်ရှယ် ဝက်ဘ်ဆိုက်တွေကို ရှာကြည့်ခဲ့ရပါတယ်။ အဲ့ဒါဆိုရင် ခင်ဗျားတို့လည်း အီတလီ မီဒီယာတွေ ဘယ်လောက် အထိ ဘက်လိုက်ပြီး ရေးထားလဲ ဆိုတာ ခင်ဗျားတို့ နားလည်မှာပါ”

“ဆာဗစ်က တိုးတက်ဖို့ လိုအပ်နေဆဲ ဖြစ်ပြီး သူ့ဆီက ဘောလုံး ဘယ်လောက်အထိ ဆုံးရှုံးထားလဲ ဆိုတာကို ခင်ဗျားတို့ မြင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရတော့ လာဇီယိုဟာ သူတို့ရဲ့ ကွင်းလယ်လူ အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၀၅) သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။


တိုမိုရီရဲ့အနီကတ် အတွက် ဝမ်းနည်းမိကြောင်း ဝန်ခံလာတဲ့ မေဆန်မောင့်

ချဲလ်ဆီး ကွင်းလယ် တိုက်စစ် ကစားသမား မေဆန်မောင့်က စီးရီးအေ ကလပ် အေစီမီလန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်မှာ ပြိုင်ဘက် နောက်ခံလူ ဖီကာယို တိုမိုရီ အနီကတ်ထိခဲ့တဲ့ အပေါ် ဝမ်းနည်းမိကြောင်း ဖွင့်ဟခဲ့ပါတယ်။

တိုမိုရီဟာ မေဆန်မောင့်ကို ပင်နယ်တီ ဧရိယာ အတွင်း နောက်က ဆွဲလှဲခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသခံခဲ့ရသလို ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။ ဒီအနီကတ် အပေါ် ပြင်းထန်လွန်းတယ်လို့လည်း အားလုံးက ယူဆနေပါတယ်။

မေဆန်မောင့် ကလည်း “ဒါက အနီကတ်ပြရမယ့်ကိစ္စလို့ မထင်ပါဘူး။ ပင်နယ်တီ ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျနော်က ရိုးသားတဲ့ ကစားသမားပါ”

“ဂိုးသွင်းဖို့ ကြိုးစားခဲ့ပြီး သူက ကျနော့်ကို နောက်ကနေ နည်းနည်းလေး ဆွဲခဲ့ပါတယ်။ ဒီအနီကတ် ဖြစ်ရပ် အတွက် ကျနော် သူ့အတွက် ဝမ်းနည်းမိပါတယ်။ ဒါက ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ပါ” လို့ ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်