အောက်တိုဘာ ၁၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အယ်လီဂရီရဲ့ အနာဂတ်ကို နက်ဗက် ထပ်မံ အာမခံပေးခဲ့တဲ့ နက်ဗက်
ဂျူဗင်တပ်စ်ရဲ့ ဒုတိယ ဥက္ကဌ ပါဗယ်လ် နက်ဗက်ဟာ အသင်းနည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ အနာဂတ်ကို ထပ်မံ အာမခံချက် ပေးလိုက်ကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်ဟာ မနေ့ညက တိုရီနိုကို တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သည့်တိုင် ဒီရာသီ စီးရီးအေ မှာရော၊ ချန်ပီယံလိဂ် မှာပါ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ အသင်း တစ်သင်းပါ။ အဲ့ဒါကြောင့်လည်း အယ်လီဂရီရဲ့ အနာဂတ်က လှုပ်ခတ်လျက် ရှိပါတယ်။
နက်ဗက် ကတော့ “အသင်း ဥက္ကဌဘက်က အယ်လီဂရီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အရမ်းကို ပြတ်သား ရှင်းလင်းပါတယ်။ အယ်လီဂရီ အသင်းမှာ ဆက်ရှိမယ်လို့ သူပြောပြီးသားပါ”
“ခရီးရှည်ကြီး ဆက်သွားရမှာကို ကျနော်တို့ သိထားပါတယ်။ လက်ရှိမှာ အခြေအနေဆိုးတွေ ကနေ ရုန်းထွက်ဖို့ အတွက် အချိန် အနည်းငယ် ယူရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့် ကနေ ထွက်ခွာရဖို့ နီးစပ်နေပေမယ့် အသင်း ဥက္ကဌ အဂ္ဂါနယ်လီ ကိုယ်တိုင် ကလည်း အယ်လီဂရီရဲ့ အနာဂတ်ကို အာမခံပေးထားပါတယ်။ လက်ရှိ အသင်းတွင်း အနေအထားအရ ကစားသမားတွေ ကြားမှာပါ စည်းလုံးမှု ပြိုကွဲနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
အင်တာမီလန် ဂိုးသမားကို ချီးကျူးလိုက်တဲ့ ဥက္ကဌဟောင်း
အဆိုပါ စီးရီးအေ ကလပ်ရဲ့ ပထမဂိုးသမား နေရာကို အိုနာနာနဲ့ ဆမ်မီဟန်ဒါနိုဗစ်တို့ အပြိုင်လုနေပြီး နည်းပြ ကိုယ်တိုင် ကလည်း ဒီဂိုးသမား နှစ်ယောက်လုံးကို အလှည့်ကျ ပွဲထုတ်လျက် ရှိပါတယ်။
မိုရက်တီ ကတော့ ဘာစီလိုနာနဲ့ သုံးဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲက အိုနာနာရဲ့ လက်စွမ်းကို အထူး သဘောကျနေတာပါ။ မိုရက်တီက “တကယ်ကို ကောင်းမွန်တဲ့ ဂိုးသမားတယောက်ပါ”
“ဒါပေမယ့် ကျနော် ဒီလိုပြောတာက ဟန်ဒါနိုဗစ်ကို ပယ်ထားဖို့ မဟုတ်ပါဘူး။ သူတို့ နှစ်ယောက်က မတူညီတဲ့ ပုံစံမျိုးတွေကို ပိုင်ဆိုင်ထားတဲ့ ဂိုးသမား နှစ်ယောက်ပါ”
“ကျနော် လော်တာရို မာတီနက်ဇ် ကိုလည်း အရမ်းသဘောကျပါတယ်။ ချာလနောဂလူ ကလည်း ပုံစံ ကောင်းပြနေပြီး အသင်းလိုက်စွမ်းဆောင်ရည်ကြောင့်လည်း ဒီလိုမျိုး စွမ်းဆောင်နိုင်ခဲ့ကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။
အိုနာနာဟာ အေဂျက်စ်နဲ့ အတူ အကောင်းဆုံး လက်စွမ်းတွေ ပြသရင်း ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ် အဆင့်ထိ တက်ရောက်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ဂိုးသမား ဖြစ်ပါတယ်။
ဗလာဟိုဗစ်ကို သံသယမဝင်ဘူးလို့ ဆာဘီးယားနည်းပြပြောကြား
ဗလာဟိုဗစ်ဟာ မနေ့ညက ကစားခဲ့တဲ့ တိုရီနိုနဲ့ စီးရီးအေ အဝေးကွင်းပွဲမှာ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမတိုင်ခင်မှာ ဗလာဟိုဗစ်က ဂိုးပေါက်ပျောက်ခဲ့သလို ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမယ့် စတွိုက်ကိုဗစ်က “လူတိုင်းက ဗလာဟိုဗစ်ဆီက အများကြီး မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဂျူဗင်တပ်စ်လို ထိပ်တန်းအသင်းတသင်းမျိုးမှာပေါ့”
“ခင်ဗျားအနေနဲ့ အသင်း နိုင်ပွဲမရတဲ့ အခါ တိုက်စစ်ကစားသမားတွေ အပေါ် ဖိအား အရမ်းများလာမှာပါ။ ဒါပေမယ့် ဗလာဟိုဗစ်က အငြင်းပွားစရာ မရှိတဲ့ ထိပ်တန်း ကစားသမား တစ်ယောက်ပါ” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.