နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ – မနက်ခင်း သတင်းများ (၁၉/၁၀/၂၀၂၂)

အောက်တိုဘာ ၁၉ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စပါးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ဝါရင့်နောက်ခံလူ ဘိုနူချီ

အီတလီနဲ့ ဂျူဗင်တပ်စ် ဝါရင့် နောက်ခံလူ လီယိုနာဒို ဘိုနူချီဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဆရာဟောင်း ရှိရာ တော့တင်ဟမ်ဟော့စပါး အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် (၃၅) နှစ် အရွယ် အဆိုပါ ဗဟိုနောက်ခံလူကို ခေါ်ယူဖို့ စပါး နည်းပြ အန်တိုနီယို ကွန်တီ ကိုယ်တိုင်က စိတ်ဝင်စားနေပြီး လာမယ့်နွေရာသီမှာ ကြိုးစားလာဖွယ် ရှိကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလျက် ရှိပါတယ်။

တနင်္ဂနွေနေ့ ညက ကစားခဲ့တဲ့ ဘိုလော့ဂ်နာနဲ့ စီးရီးအေ ပွဲစဉ်မှာ နာပိုလီတို့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
အခုနှစ် ဘောလုံးရာသီ စီးရီးအေမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ နာပိုလီ

ဘိုနူချီနဲ့ ကွန်တီတို့ နှစ်ဦးဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်မှာ လက်တွဲခဲ့ဖူးကြပြီး တစ်ယောက် အကြောင်းကို တစ်ယောက် ကောင်းကောင်း သိနေကြသူတွေလည်း ဖြစ်ပါတယ်။ ဘိုနူချီဟာ ဂျူဗင်တပ်စ်နဲ့ (၂၀၂၄) အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘိုနူချီက စိန်ခေါ်မှု အသစ်တွေ အတွက် ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ကွန်တီ ကလည်း စပါးနောက်တန်း အတွက် ဝါရင့်နောက်ခံလူ တစ်ဦးကို ခေါ်ယူ အားဖြည့်ချင်နေပြီး ဘိုနူချီ တစ်ယောက် စပါးကို အမှန်တကယ်ပဲ ပြောင်းရွှေ့ဖြစ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


လာဇီယို အိမ်ကွင်း အခြေအနေကို ပြန်လည် ဝေဖန်ခဲ့တဲ့ နည်းပြ ဆာရီ

လာဇီယိုနည်းပြ မာရူဇီယို ဆာရီက အသင်းရဲ့ အိမ်ကွင်းအနေအထားကို ပြစ်တင် ဝေဖန်လိုက်ပြီး သူကစားချင်တဲ့ ပုံစံ အတိုင်း ကစားခွင့်မရဘူးလို့ ပြောကြားလိုက်ပါတယ်။

အူဒီနီးစ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ စီးရီးအေ ပွဲစဉ်အပြီးမှာ ဆာရီက “ကျနော်တို့က နောက်တန်း ကနေ ကစားကွက် တည်ဆောက်ချင်ပေမယ့် သွေးပူလေ့ကျင့်ခန်း လုပ်နေချိန်မှာတင် အစီအစဥ်တွေ အကုန်ဖျက်လိုက်ရပါတယ်”

“ဘာကြောင့်လဲဆိုတော့ ခြေထောက်ထဲ ဘောလုံးကိုင်ကစားတာက ကွင်းရဲ့ အနေအထားကြောင့် ဗုံးတလုံးကို ထိန်းချုပ်နေရသလိုပါပဲ။ အသင်းဥက္ကဌ ဘာလုပ်ချင်လဲ ကျနော် မသိပါဘူး”

“ဒါပေမယ့် သူ့အနေနဲ့ မတူညီတဲ့ နည်းပြ တစ်ယောက်ကို ရှာဖွေဖို့သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော့် ကစားကွက်က ဒီလိုကွင်းမျိုးမှာ ပုံမှန် ကစားနေလို့ မရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ ကွင်းဟာ ရောမမြို့ခံ နှစ်သင်း ဖြစ်တဲ့ ရိုးမားနဲ့ လာဇီယိုတို့ ပူးတွဲ အသုံးပြုနေရတဲ့ ကွင်းတစ်ကွင်းလည်း ဖြစ်ပါတယ်။


ကစားသမားတွေရဲ့ အနေအထားနဲ့ ပတ်သက်လို့ ကျေနပ်နေတဲ့ နာပိုလီ နည်းပြ

နာပိုလီ နည်းပြ လူစီယာနို စပယ်လက်တီက ကစားသမားတွေရဲ့ တုံ့ပြန်ပုံနဲ့ ပတ်သက်လို့ ကျေနပ်မိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ ညက ကစားခဲ့တဲ့ ဘိုလော့ဂ်နာနဲ့ စီးရီးအေ ပွဲစဉ်မှာ နာပိုလီတို့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
လိဒ် ယူနိုက်တက်
1X2 လိဒ် ယူနိုက်တက် @ 3.05
ဂိုးပေါ် 3.00 @ 2.25
ဂိုးပေါင်း 0-1 @ 4.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲအပြီးမှာ စပယ်လက်တီက “ကျနော်တို့ အနေနဲ့ ပွဲကို တူညီတဲ့ နည်းလမ်းနဲ့ပဲ ချဥ်းကပ်ပါတယ်။ ပြိုင်ဘက် ဧရိယာထဲ ဘောလုံးရောက်အောင် ပို့နိုင်ဖို့နဲ့ ဒီလိုမှ မဟုတ်ရင် အသင်း အနေနဲ့ စွန့်စားရတာမျိုးတွေ ရှိလာနိုင်ပါတယ်”

“အမှားအယွင်းတွေ ပြုလုပ်ပြီး နောက်ပိုင်း မြင်ရတာ ကောင်းပါတယ်။ ကစားသမားတွေက ချက်ချင်း ဘောလုံး ပြန်လည် ရယူဖို့ ကြိုးစားခဲ့ပြီး ဒီလိုကစားသမားတွေရဲ့ နည်းပြမျိုး ဖြစ်ရတာ အံ့အားသင့်ဖို့ ကောင်းတယ်လို့ တွေးမိပါတယ်။”

“အရန်ခုံက ထလာတဲ့ ကစားသမားတွေ ကလည်း ပွဲကို အဆုံးအဖြတ် ပေးနိုင်ခဲ့ပြီး အသင်းရဲ့ ရလဒ်ကောင်းတွေ အတွက် အားလုံးက ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ နာပိုလီဟာ စီးရီးအေ အမှတ်ပေးဇယားမှာ ဒုတိယနေရာက အတ္တလန္တာကို လေးမှတ်ဖြတ် ဦးဆောင်ထားလျက် ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်