အောက်တိုဘာ ၁၉ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အေစီမီလန် ကြယ်ပွင့်ကို စောင့်ကြည့်ဖို့ ယူနိုက်တက်တို့ ကင်းထောက်စေလွှတ်ထား
မန်ချက်စတာယူနိုက်တက်ဟာ စီးရီးအေ ကလပ် အေစီမီလန် တောင်ပံ တိုက်စစ်ကစားသမား ရာဖေးလ် လီယောင်ကို စောင့်ကြည့်ဖို့ အတွက် ကင်းထောက်တွေ စေလွှတ်ထားကြောင်း သိရပါတယ်။ အသက် (၂၃) နှစ် အရွယ် ကစားသမားကို အဲရစ်ခ် တန်ဟက်ဂ်က ကာလရှည် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။
ဒီတိုက်စစ်ကစားသမားကို ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ နွေရာသီမှာ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် စီးရီးအေ ကလပ်ဘက် ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။
အဆိုပါ ပေါ်တူဂီ ကြယ်ပွင့် အတွက် အေစီမီလန်က တစ်ပတ် လုပ်ခ ပေါင် (၁၁၀,၀၀၀) နဲ့ (၅) နှစ် စာချုပ် ကမ်းလှမ်းထားပါတယ်။ ဒီကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေ ကတော့ အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) အသုံးပြုရဖွယ် ရှိနေပါတယ်။
နာပိုလီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်တယ်လို့ ဆက်ချီပြောကြား
အီတလီ လက်ရွေးစင် နည်းပြဟောင်းကြီး အာရီဂို ဆက်ချီက လက်ရှိ စီးရီးအေ မှာရော၊ ချန်ပီယံလိဂ် မှာပါ ခြေစွမ်းပြနေတဲ့ နာပိုလီနဲ့ ပတ်သက်လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
နာပိုလီဟာ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်ထားသလို ချန်ပီယံလိဂ် မှာလည်း အုပ်စုဗိုလ် နေရာ ကနေ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။
ဆက်ချီက “နာပိုလီဟာ မော်ဒန်ခေတ် ကစားပုံအတိုင်း (၁၁) ယောက်လုံး တိုက်စစ်ဆင်၊ (၁၁) ယောက်လုံး ခံစစ်ကစားပြနေတာပါ။ တခါတလေ နာပိုလီ ကစားသမားတွေက ကွင်းထဲမှာ မျက်စိမှိတ်ပြီး ကစားပြနေသလိုပါပဲ”
“သူတို့သာ အောင်မြင်မှုတွေ အပေါ် မသာယာဘူး၊ နှိမ့်နှိမ့်ချချ ရှိနေမယ်၊ ကြိုးစားမှုကို မရပ်တန့်လိုက်ဘူး ဆိုရင် သူတို့ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ပါတယ်” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။
အင်တာမီလန်က အများကြီး ရင့်ကျက်လာပြီလို့ လော်တာရို မာတီနက်ဇ် ပြောကြား
အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က ဆလာနီတာနာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲအပြီးမှာ အသင်းက အများကြီး ရင့်ကျက်လာပြီလို့ ပြောကြားခဲ့ပါတယ်။
ဒီပွဲမှာ မာတီနက်ဇ်က အသင်း အတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး စီးရီးအေမှာ ဂိုးမိုးခေါင်နေမှုကို အဆုံးသတ်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူးက “ကျနော်တို့ အဝတ်လဲခန်းထဲမှာ ပြောတဲ့ စကားတွေကို အဲ့ဒီမှာပဲ ထားခဲ့ပါတယ်”
“ရှုံးပွဲတွေနဲ့ ရင်ဆိုင်ရတိုင်း ကျနော်တို့ အများကြီး စကားပြောဖြစ်ခဲ့ပြီး ပြန်လည် ကြိုးစားခဲ့ပါတယ်။ ပြီးရင် ဒါကို ကွင်းထဲမှာ သက်သေပြပါတယ်။ ဒီနိုင်ပွဲက ကျနော်တို့ အများကြီး ရင့်ကျက် တိုးတက်လာတာကို သက်သေပြနေပါတယ်”
“ကျနော်တို့ အခြေအနေ ကောင်းနေပြီး ဒီအတိုင်း ဆက်သွားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အသင်းက လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.