နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ – မနက်ခင်း သတင်းများ (၂၁/၁၀/၂၀၂၂)

အောက်တိုဘာ ၂၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂျူဗင်တပ်စ် ကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ်လူနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့တဲ့ ပေါ်တာ

ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဒန်းနစ် ဇာကာရီယာရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။

ဒီကစားသမားကို ချဲလ်ဆီးတို့ တရာသီအငှားနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ ချဲလ်ဆီး အတွက် တစ်ပွဲမှ ပါဝင်ကစားခွင့် မရရှိသေးပါဘူး။

ဘရန့်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ပေါ်တာက “ဇာကာရီယာနဲ့ ပတ်သက်လို့ ဘာမှ ဆုံးဖြတ်ချက် မချရသေးပါဘူး။ သူက အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ခန်း ကောင်းကောင်း ဆင်းနေပါတယ်”

“အသင်းကို ကူညီဖို့ အတွက်လည်း သူက အဆင်သင့်ဖြစ်နေပြီး သူ့နေရာမှာ ပွဲထွက်ခွင့် အတွက် အားပြိုင်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် သူက အသင်း အတွက် အရေးပါတဲ့ အစိတ်အပိုင်း အဖြစ် ရှိနေဆဲပါ”

“အခွင့်အရေး ရလာမယ့် အချိန် ကိုလည်း သူက စောင့်ဆိုင်းနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ ဆွစ်ဇာလန် ကွင်းလယ်လူ ကိုလည်း ချဲလ်ဆီးတို့ လာမယ့် နွေရာသီမှာ အပြီးသတ် ခေါ်ယူဖို့ မသေချာသေးပါဘူး။


ဒဏ်ရာ ပြန်ရမှာကို စိုးရိမ်လို့ အသင်းနဲ့ မပူးပေါင်းသေးတဲ့ လူကာကူ

အဲ့ဒီနောက်မှာတော့ သူ့အနေနဲ့ ဂျူဗင်တပ်စ်နဲ့ ကစားမယ့် စီးရီးအေ ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အင်တာမီလန်ရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဘရိုဇိုဗစ်

အင်တာမီလန် တိုက်စစ်မှူး ရိုမယ်လူ လူကာကူက လက်ရှိအချိန်မှာ ဒဏ်ရာ ကနေ သက်သာလာပြီ ဆိုပေမယ့် သူ့ရဲ့ကြံ့ခိုင်မှု အခြေအနေကို စိတ်မချဘဲ စွန့်စားလိုခြင်း မရှိဘူးလို့ သိရပါတယ်။

အသက် (၂၉) နှစ်အရွယ် လူကာကူဟာ ဒီရာသီမှာ အင်တာမီလန်ရဲ့ ပွဲစဥ် (၁၁) ပွဲကို လွဲချော်ထားခဲ့ပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကစားလိုတဲ့ ဆန္ဒရှိနေဆဲပါ။ ဒါပေမယ့် သူ့ရဲ့ ပေါင်ခြံ ဒဏ်ရာ ကိုလည်း စိုးရိမ်နေဆဲ ဖြစ်ပြီး ဒါက သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ကိုယ်အလေးချိန်ကြောင့် ဖြစ်ပါတယ်။

ဆေးစစ်ချက်တွေ အရ လူကာကူအနေနဲ့ အင်တာမီလန် အတွက် ပြန်ကစားနိုင်ပြီ ဆိုပေမယ့် ကာယကံရှင် ကိုယ်တိုင်က ကြံ့ခိုင်မှုအနေအထား အခုထက် ပိုမိုကောင်းမွန်မှသာ ပြန်လည် ကစားပေးဖို့ ပြင်ဆင်ထားပါတယ်။ စီးရီးအေ ကလပ်ရဲ့ နည်းပြ ဆိုင်မွန် အင်ဇာဂီ ကတော့ လူကာကူကို အမြန်ဆုံး ပြန်ကစားပေးဖို့ ဆန္ဒ ရှိနေပါတယ်။


ဘေယန်မြူးနစ်နဲ့ ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝလာနိုင်တဲ့ ဘရိုဇိုဗစ်

အင်တာမီလန် ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ်ဟာ ဘေယန်မြူးနစ်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲ အတွက် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာနိုင်ကြောင်း သိရပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဖူလ်ဟမ်
1X2 ဖူလ်ဟမ် @ 3.35
လိဒ် ယူနိုက်တက် အာရှ အကျောပေး -0.75 @ 2.40
ဂိုး‌အောက် 2.50 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘရိုဇိုဗစ်ဟာ ဘေယန်မြူးနစ်နဲ့ ပွဲမှာ အနည်းဆုံးတော့ အရန် ကစားသမား အဖြစ် ပါဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေတာပါ။ အဲ့ဒီနောက်မှာတော့ သူ့အနေနဲ့ ဂျူဗင်တပ်စ်နဲ့ ကစားမယ့် စီးရီးအေ ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

အဆိုပါ ခရိုအေးရှား ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ ပေါင်တွင်းကြော ဒဏ်ရာ ရရှိခဲ့ပြီး နိုင်ငံတကာ ပွဲစဥ် နောက်ပိုင်း ကလပ် အသင်းရဲ့ ပွဲစဥ် (၅) ပွဲကို လွဲချော်ခဲ့ပါတယ်။

အင်တာမီလန်ဟာ ချန်ပီယံလိဂ်မှာ အုပ်စု တက်ဖို့ အတွက် အခြေအနေ ကောင်းနေပြီး အရေးပါတဲ့ အချိန်ကို ရောက်လာချိန်မှာ ဘရိုဇိုဗစ် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာမှာက အသင်း အတွက် သတင်းကောင်းလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်