အောက်တိုဘာ ၂၂ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
တိုက်စစ်မှူး တစ်ဦး အနေနဲ့ လုပ်နိုင်သမျှ အကုန် လုပ်ထားပြီးဖြစ်တဲ့ လီဝမ်ဒေါစကီး
လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ရောဘတ် လီဝမ်ဒေါစကီး ကတော့ ဆက်တိုက် ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ ပိုလန် တိုက်စစ်မှူးဟာ ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း ၂ ဂိုး သွင်းယူခဲ့ပြီး ဒီရာသီ လာလီဂါမှာ ၉ ပွဲ ကစားအပြီး ၉ ဂိုး အထိ သွင်းယူထားကာ ၃ ကြိမ် ဖန်တီးပေးထားသလို ချန်ပီယံလိဂ် မှာလည်း ၄ ပွဲ ကစားပြီး ၅ ဂိုး အထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် သူက အဆိုပါ ပြိုင်ပွဲ နှစ်ရပ်စလုံးမှာ ဂိုးအများဆုံး သွင်းယူထားသူ အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ ဘာစီလိုနာ အတွက် ဟက်ထရစ်လည်း ရရှိထားပြီး ဖြစ်သလို တပွဲတည်း ၂ ဂိုး အထိ သွင်းယူထားမှု ကိုလည်း လုပ်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ခေါင်း၊ ဘယ်ခြေ၊ ညာခြေတွေနဲ့လည်း ဂိုးတွေ သွင်းပေးထားပြီး ဖြစ်တယ်လို့ မှတ်တမ်းတွေ အရ သိရပါတယ်။
ဒါကြောင့် တိုက်စစ်မှူး တစ်ဦး အနေနဲ့ သူက လုပ်နိုင်စရာရှိတာ အားလုံးကို လုပ်ပေးထားနိုင်ခဲ့ပြီး ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒီရာသီမှာမှ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် အချိန်တို အတွင်းမှာပဲ ခြေစွမ်းပြနေပြီး နည်းပြ ဇာဗီရဲ့ အားအကိုးရဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ်နဲ့လည်း ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ဘယ်လွန်ဒေါဆုကို အမှတ် အပြတ်အသတ်နဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ ဘန်ဇီမာ
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာရဲ့ ဘယ်လွန်ဒေါဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရမှတ် စာရင်း ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ပြင်သစ် တိုက်စစ်မှူးဟာ ဘယ်လွန်ဒေါဆုကို ခြွင်းချက်မရှိ အငြင်းပွားဖွယ်ရာ မရှိ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ဆွတ်ခူးမှု ဖြစ်ခဲ့တာပါ။ အခုအခါမှာ သူ့ ရမှတ် ကလည်း အနီးကပ် ပြိုင်ဘက် မာနေးထက် အပြတ်အသတ် သာလွန်နေခဲ့တာ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ စုစုပေါင်း ရမှတ် ၅၄၉ မှတ် ရရှိခဲ့တာ ဖြစ်ပြီး မာနေးထက် ၃၅၆ မှတ် အထိ ပိုများနေခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်နဲ့ ဆီနီဂေါ တိုက်စစ်မှူးဟာ ဒုတိယ နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပြီး ရမှတ် ၁၀၀ ကျော်သာ ရှိခဲ့တာပါ။ မဲပေး ရွေးချယ်ခဲ့တဲ့ ဂျာနယ်လစ်ပေါင်း ၉၃ ဦးမှာ ၈၉ ဦး အထိ ဘန်ဇီမာကို ဦးစားပေး ရွေးချယ်ခဲ့တယ် လို့လည်း သိရပါတယ်။
အီဂျစ်၊ ဆီနီဂေါနဲ့ နယ်သာလန်၊ စလိုဗေးနီးယားက ဂျာနယ်လစ်တွေသာ ဘန်ဇီမာကို မရွေးချယ်ခဲ့တာ လို့လည်း သိရပါတယ်။ အဆိုပါ ဂျာနယ်လစ်တွေ ကတော့ ဆာလာနဲ့ မာနေး ကိုပဲ ဦးစားပေး ရွေးချယ်ခဲ့ကြတာ ဖြစ်ပြီး စလိုဗက် ဂျာနယ်လစ် ကတော့ ဘန်ဇီမာကို အဆင့် ၃ နေရာ မှာတောင် အံ့အားသင့်ဖွယ်ရာ ထားရှိခဲ့တယ်လို့ ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။
ဥရုဂွေးရဲ့ ကမ္ဘာ့ဖလား ပဏာမ လူစာရင်းမှာ အာရူဂျိုကို ထည့်သွင်းထား
ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဂျိုဟာ လက်ရွေးစင် အသင်း ဥရုဂွေးရဲ့ ကမ္ဘာ့ဖလား လူစာရင်း ပဏာမ အဆင့်မှာ ထည့်သွင်းခံထားရပါတယ်။ ဒီရာသီမှာ ဘာဆာ အတွက် အထူး ခြေစွမ်းပြနေပြီး အားထားရတဲ့ နောက်ခံလူ တစ်ဦး အဖြစ် ရှိနေတဲ့ အာရူဂျိုဟာ ဥရုဂွေး အတွက် ကစားပေးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့လို့ အနားယူနေရသူလည်း ဖြစ်ပါတယ်။
ဘာဆာ အတွက်လည်း ပွဲအနည်းငယ် လွဲချော်ထားပြီး ဖြစ်ပေမယ့် ဥရုဂွေး ကတော့ သူတို့ရဲ့ ကစားသမား စာရင်းထဲ ထည့်သွင်းထားတာပါ။ ဒါကြောင့် သူ့အနေနဲ့ ကာတာကို သေချာပေါက် လိုက်ပါခွင့် ရဖို့က သေချာသွားပြီ ဖြစ်ပြီး ဒဏ်ရာ ပြသနာသာ ပြန်လည် ကောင်းမွန်ခဲ့ရင် အဓိက ကစားသမား အဖြစ်နဲ့ပါ ပါဝင်ခွင့်ရဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
ဥရုဂွေး ကတော့ ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယား၊ ပေါ်တူဂီ၊ ဂါနာတို့နဲ့ အစဉ်လိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာရူဂျိုက အစောကြီး ကတည်းက အဓိက ကစားသမား ဖြစ်ပေမယ့် ဒဏ်ရာ ပြသနာပေါ် မူတည်ကာ ပွဲထွက်ခွင့်ရဖွယ် ရှိနေပြီး ပြိုင်ပွဲမတိုင်ခင်မှာ ပြန်လည် သက်သာလာမယ်လို့လည်း ဥရုဂွေးဘက်က မျှော်လင့်ထားကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.