နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – မနက်ခင်း သတင်းများ (၂၉/၁၀/၂၀၂၂)

အောက်တိုဘာ ၂၉ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမယ့် ဇာဗီကို အပြစ်မတင်တဲ့ လာပေါ်တာ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌဖြစ်သူ ဂျိုအန် လာပေါ်တာက ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေ ထွက်ခွာခဲ့ရပေမယ့် နည်းပြ ဇာဗီကို အပြစ်တင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာ ကတော့ အုပ်စု ပွဲစဉ် ၅ ပွဲ ကစား အပြီး မှာတင်ပဲ ထွက်ခွာခဲ့ရတာ ဖြစ်ပြီး ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ကတ်တာလန် ကလပ် အတွက်တော့ ၂ ရာသီ ဆက်တိုက် ယူရိုပါလိဂ် ဆင်းကစားရမှုလည်း ဖြစ်လာခဲ့ပါတယ်။ 

ဒါပေမယ့် လာပေါ်တာက “ ဒါက ဝမ်းနည်းစရာပါပဲ၊ ဒါပေမယ့် ကစားသမားတွေနဲ့ နည်းပြတွေကို ဘာအတွက်ကြောင့်မှ အပြစ်တင်လို့ မရပါဘူး၊ ကျနော်တို့က ရှေ့ဆက်သွားနေမှာ ဖြစ်ပြီးတော့ လာလီဂါနဲ့ တခြား ပြိုင်ပွဲတွေ ကျန်နေပါသေးတယ်၊ လူငယ်စီမံကိန်း ကလည်း အခုမှ စတင်နေတာ ဖြစ်လို့ အနိမ့်အမြင့်၊ အတက်အကျ ကတော့ ရှိနေမှာပါ၊ လိဂ်မှာ ကျနော်တို့ ဆက်လုပ်နိုင်တယ် ဆိုတာကို ပြသရပါမယ်”

“လာလီဂါက အရမ်း အရေးကြီးပါတယ်၊ ကျနော်တို့ ဆွတ်ခူးနိုင်ဖို့လည်း နီးစပ်နေပါတယ်၊ ဒါက ရှေ့ဆက်လျှောက်ရမယ် ဆိုတဲ့ သတင်းစကားပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘာဆာ ဟာ လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ရီးရဲလ်မက်ဒရစ် တသင်းတည်းကိုသာ အရေးနိမ့်ထားကာ ကျန်ပွဲတွေ မှာတော့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ 


လေဗာကူဆင်နဲ့ ပွဲမှာ ပင်နယ်တီ ကန်သွင်းဖို့ ကြိုးစားခဲ့တဲ့ ဂျာအို ဖီးလစ်

ဂျာမန် ဘွန်ဒက်လီဂါ ကလပ် လေဗာကူဆင်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပွဲချိန် နောက်ဆုံး မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ကာရက်စ်ကို ကန်သွင်းခဲ့ရာ မှာတော့ လေဗာကူဆင် ဂိုးသမားက ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီဂိုးမဝင်မှုနဲ့အတူ အက်သလက်တီကို တို့ အုပ်စု အဆင့် ကနေပဲ ထွက်ခဲ့ရပြီး ယူရိုပါလိဂ်ကို ကစားခွင့်ရဖို့သာ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ 

ပရီးမီးယား လိဂ်
ဖူလ်ဟမ်
အဲဗာတန်
1X2 သရေ (Draw) @ 3.35
ဂိုးပေါ် 2.50 @ 1.89
ဂိုးပေါင်း 0-1 @ 3.50
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ ပင်နယ်တီကို ယန်းနစ်ခ် ကာရက်စ်ကို ကန်သွင်းဖို့ လုပ်နေစဉ်မှာ ဂျာအို ဖီးလစ်က သူ ကန်သွင်းဖို့ အတွက် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ် ဆိုတာ ဓာတ်ပုံ မှတ်တမ်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဘောလုံး ပိုက်ထားတဲ့ ကာရက်စ်ကိုကို ယာအိုဖိလစ်က သွားရောက် ပြောဆိုနေခဲ့တာ ဖြစ်ပြီး ကာရက်စ်ကိုက ငြင်းဆန်ခဲ့တယ်လို့ ယူဆရဖွယ် ရှိကာ ဒါက အေတီကိုအတွက် ကံဆိုးမှု ဖြစ်လာခဲ့ပါတယ်။ 

အကယ်၍သာ ဂျာအို ဖီးလစ် ကန်သွင်းခဲ့မယ် ဆိုရင် ဂိုးရသွားနိုင်မယ့် အခြေအနေ ဖြစ်သလို အေတီကိုလည်း နောက်တဆင့် တက်ရောက်နိုင်ဖို့ အားသာချက် ရှိသွားခဲ့မှာ ဖြစ်ပါတယ်။ ကာရက်စ်ကိုရဲ့ ပင်နယ်တီ ကန်သွင်းချက် လွဲချော်ခဲ့အပြီးမှာတော့ ပေါ်တူဂီကို ပြန်တဲ့ လမ်းပေါ် ရောက်နေတဲ့ ပေါ်တို အသင်းသားတွေဟာ လေယာဉ်ပေါ်မှာပဲ အားပါးတရ အောင်ပွဲခံခဲ့ကြပါသေးတယ်။ 


စပိန် ပြိုင်ဘက်တွေ ချန်ပီယံလိဂ် အုပ်စု မတက်လို့ ယူရို ၅ သန်း ပိုရတော့မယ့် ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ဟာ ဒီနှစ် ချန်ပီယံလိဂ်ရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်တဲ့ တစ်သင်း တည်းသော လာလီဂါ ကလပ် ဖြစ်လာခဲ့ပါပြီ။ တခြားသော စပိန် ကလပ်တွေ ဖြစ်တဲ့ ဆီဗီလာ၊ အက်သလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာတို့ ကတော့ အုပ်စုအဆင့် ကနေပဲ လှည့်ပြန်ခဲ့ရပြီး ယူရိုပါလိဂ်ကို ကစားခွင့်သာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါကြောင့် စပိန် ကလပ်တွေ အတွက် ချန်ပီယံလိဂ် ဆုကြေးငွေ သတ်မှတ်ပေးထားတဲ့ ပမာဏ အားလုံးကို ရီးရဲလ်မက်ဒရစ် တသင်းတည်းသာ ရရှိတေ့ာမှာ ဖြစ်ပြီး ဒါဟာ သူတို့ ပုံမှန် ရရှိမယ့် ဆုကြေးငွေထက် ယူရို ၄.၇သန်း အထိ အပိုဆောင်း ရရှိတော့မှာ ဖြစ်ပါတယ်။ အချက်အလက်တွေ အရ ဆိုရင် ရှုံးထွက် တက်ရောက်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ယူရို ၈.၆ သန်း အထိ ရရှိမယ်လို့ သိရပါတယ်။ အကယ်၍သာ သူတို့ အနေနဲ့ ဗိုလ်လုပွဲ အဆင့်ထိ တက်ရောက်နိုင်ခဲ့မယ် ဆိုရင်တော့ ယူရို ၁၁.၈၇ သန်း အထိ အပိုဆောင်း ရရှိသွားမှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်