ဒီကနေ့ အတွက် စီးရီးအေ နောက်ဆုံးရ သတင်းတွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့…
နာပိုလီမှာ ပျော်ရွှင်နေတယ်လို့ ဆိုလာတဲ့ ချဲလ်ဆီးရဲ့ ပစ်မှတ်
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်က သူ့အနေနဲ့ စီးရီးအေ ကလပ် မှာပဲ ပျော်ရွှင်နေတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။
အိုဆင်မ်ဟန်က “နာပိုလီက ဥရောပရဲ့ ကလပ် အသင်းကြီး တစ်သင်းပါ။ ဒီမှာ ကျနော် အောင်မြင်ချင်ပါတယ်။ အနာဂတ် အီတလီမှာ အောင်မြင်မှု တစ်ခုခုတော့ ရယူချင်ပါတယ်။ နာပိုလီထက် ပိုကောင်းတဲ့ အသင်း ဆိုပြီး စဉ်းစားရတာ ခက်ပါတယ်။ အခုအချိန်မှာ နာပိုလီက အီတလီမှာ အကောင်းဆုံး ကလပ်ပါ။ ကျနော့် အနေနဲ့ ဒီရာသီကို အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ အားလုံး ဘာမှ မလုပ်ပြရသေးလို့ပါ” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ် အရွယ် နိုင်ဂျီးရီးယား တိုက်စစ် ကြယ်ပွင့်ဟာ နာပိုလီ အတွက် ၇၆ ပွဲ ကစားရာမှာ ၃၈ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အသင်း ကလည်း လက်ရှိ ရာသီမှာ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ၈ မှတ်ဖြတ် ဦးဆောင်ထားပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်း စကူဒက်တို ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ပြန်လည် ကိုင်မြှောက်နိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။
ရိုးမား၊ ဝက်စ်ဟမ်း တို့နဲ့ အပြိုင် လူကစ်ကို ကြိုးပမ်းမယ့် နာပိုလီ
ဆက်စပ် သတင်းတွေ အရ ဆိုရင် နာပိုလီတို့ ရိုးမားနဲ့ ဝက်စ်ဟမ်း အသင်းတွေရဲ့ ပစ်မှတ် တိုရီနို ကွင်းလယ်လူ ဆာဆာ လူကစ်ကို အပြိုင်ခေါ်ယူဖို့ ကြိုးပပ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Tuttosportရဲ့ ဖော်ပြချက်အရ စီးရီးအေ ဇယား ထိပ်ကနေ ဦးဆောင်နေတဲ့ နာပိုလီက အသင်းကနေ ထွက်ခွာနိုင်ချေ များနေတဲ့ ဒီယေဂို ဒမ်မီရဲ့ နေရာမှာ အစားထိုးဖို့ လူကစ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
လက်တလော ရိုးမားနဲ့ ဝက်စ်ဟမ်းက လူကစ်ကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေပေမယ့် အကယ်၍ နာပိုလီ ကသာ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ အသေအချာ ကမ်းလှမ်းလာရင်တော့ ကစားသမား အနေနဲ့ နေပဲလ် ကလပ် ကိုသာ ရွေးချယ်သွားဖွယ် ရှိပါတယ်။ အသက် ၂၆ နှစ် အရွယ် ဆားဘီးယား ကွင်းလယ်လူဟာ လာမယ့် ၂၀၂၃-၂၄ ဘောလုံးရာသီ အကုန်မှာ တိုရီနိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်သူ ဖြစ်ပါတယ်။
မက္ကဆီကိုရဲ့ ကမ္ဘာ့ဖလား သူရဲကောင်းကို ခေါ်ယူနိုင်တော့မယ့် စီးရီးအေ ကလပ်ငယ်လေး
စီးရီးအေ ကလပ် ဆယ်လာနီတာနာ အသင်း ကတော့ မက္ကဆီကို ဂိုးသမား ဂီလာမို အိုချိုဟာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မက္ကဆီကို လက်ရွေးစင် အသင်းရဲ့ ‘ကမ္ဘာ့ဖလား သူရဲကောင်း’ အဖြစ် သတ်မှတ်ခံထားရတဲ့ အိုချိုဟာ အနေနဲ့ ကလပ် အမေရိကနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ဆယ်လာနီတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
အိုချိုဟာ ကတော့ လက်ရှိမှာ အသက် ၃၇ နှစ် ရှိနေပြီး ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဝင်ရောက် ကစားခဲ့ရာမှာလည်း အတိုင်းအတာ တစ်ခုအထိ လက်စွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဆယ်လာနီတာနာ ဘက်က အိုချိုဟာကို ၆ လ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ်နဲ့ အတူ သက်တမ်းတိုးခွင့်လည်း ထည့်သွင်း ချုပ်ဆို ခေါ်ယူသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
အကယ်၍ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ် ဆိုရင်တော့ ဆယ်လာနီတာနာဟာ အိုချိုဟာ အတွက် ၅ သင်းမြောက် ဥရောပ ကလပ် ဖြစ်လာမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.