ဒီကနေ့ အတွက် စီးရီးအေ နောက်ဆုံးရ သတင်းတွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့…
မော်ရင်ဟို ကို နည်းပြ အဖြစ် ခန့်အပ်ဖို့ နီးစပ်လာတဲ့ ပေါ်တူဂီ
ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ် ကတော့ စီးရီးအေ ကလပ် ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုကို လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ်လိုဆဲ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် Gianluca di Marzio အတည်ပြုခဲ့ပါတယ်။
နည်းပြ ဖာနန်ဒို ဆန်းတို့စ်နဲ့ လမ်းခွဲ အပြီးမှာ ပေါ်တူဂီတို့ နည်းပြသစ် တစ်ဦး ခန့်အပ်ဖို့ ရှာဖွေနေခဲ့တာ ဖြစ်ပြီး မော်ရင်ဟိုက သူတို့နဲ့ လူမျိုး တူသလို ဆုဖလား အောင်မြင်တွေလည်း ရယူနိုင်စွမ်း ရှိတဲ့ မော်ရင်ဟိုကို သဘောကျနေခဲ့တာ ဖြစ်ပါတယ်။ အီတလီ ကလာတဲ့ သတင်းတချို့ မှာတော့ ပေါ်တူဂီဟာ ရိုးမား နည်းပြကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။
တချို့သော သတင်းတွေ မှာတော့ မော်ရင်ဟို အနေနဲ့ လာမယ့် ရာသီမှ ပေါ်တူဂီ နည်းပြ ရာထူးကို လက်ခံသွားဖွယ် ရှိနေတယ်လို့ ဖော်ပြလျက် ရှိနေပါတယ်။ တစ်ဖက်မှာလည်း ပေါ်တူဂီ ယူ ၂၁ အသင်း နည်းပြ ရူအီ ဂျော့ဂျ်ဟာ နည်းပြချုပ် ရာထူး အတွက် ယာထားတဲ့ စာရင်းမှာ ထိပ်ဆုံးက ရှိနေတယ်လို့ သိရပါတယ်။
ဇီဒန်းကို စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ်
စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်း ကတော့ အကြောင်းကြောင်းကြောင့် နည်းပြ မက်စ် အယ်လီဂရီ ထွက်ခွာသွားခဲ့ရင် ဒနက်ဒင် ဇီဒန်းနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အယ်လီဂရီရဲ့ ဂျူဗင်တပ်စ် အသင်း အပေါ် ကိုင်တွယ်ပုံကြောင့် ဝေဖန်မှုတွေ မြင့်တက်နေသလို အသင်း ပရိသတ် အများစု ကလည်း အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါကြောင့် အယ်လီဂရီ အနေနဲ့ အချိန်မရွေး ရာထူး ကနေ နှုတ်ထွက်သွားနိုင်သလို ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေ မှာလည်း ရှိနေပါတယ်။ သေချာတာ ကတော့ ရာသီကုန်လို့ ဆုဖလား အောင်မြင်မှု မရရင်၊ ဒါမှမဟုတ် စီးရီးအေမှာ အဆင့် ၄ အတွင်း မဝင်ရင် ဂျူဗီ ဘက်က ထုတ်ပယ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ မှာတော့ ဂျူဗင်တပ်စ် ဥက္ကဌ ကိုယ်တိုင်က အယ်လီဂရီကို အပြည့်အဝ ယုံကြည်ပေးထားပြီး အီတလီသား နည်းပြ ကလည်း ၂၀၂၅ ခုနှစ် အထိ တူရင် ကလပ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ကြားရတာ အရ ဆိုရင် ဇီဒန်းကို နည်းပြ အဖြစ် ခန့်အပ်မယ့် အကြံဟာ ဒုတိယ ဥက္ကဌ ပေဗယ် နက်ဒ်ဗက်ရဲ့ အကြံညဏ် ဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် နွေရာသီမှာ တူရင် ကလပ်ကို စွန့်ခွာဖွယ် ရှိနေတဲ့ ဗလာဟိုဗစ်
ဆက်စပ် သတင်းတွေ အရ ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် အနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဥရောပ ထိပ်သီး ကလပ် အများစုက ဒီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချဲလ်ဆီး အပါအဝင် တချို့ အသင်းတွေ ဆိုရင် ဗလာဟိုဗစ်ရဲ့ အေးဂျင့်နဲ့တောင် စတင် ချိတ်ဆက်နေပြီလို့ သိရပါတယ်။
အီတလီ သတင်းစာ တစ်စောင် ဖြစ်တဲ့ Corriere dello Sport မှာတော့ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အာဆင်နယ် တို့က လာမယ့် နွေရာသီမှာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ် ဖော်ပြထားပါတယ်။ ဆိုလိုတာက ဂျူဗင်တပ်စ် ဘက်က ဗလာဟိုဗစ်ကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ လုံးဝ ထွက်ခွာခွင့်ပေးမှာ မဟုတ်ပေမယ့် နွေရာသီ ရောက်ရင်တော့ စဉ်းစားသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီ ကမှ ယူရို ၈၁ သန်းနဲ့ တူရင် ကလပ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၃၆ ပွဲ ကစားကာ ၁၆ ဂိုး သွင်းယူပေးထားပါတယ်။ ဂျူဗင်တပ်စ် ဘက်ကတော့ သူတို့ အနေနဲ့ ဗလာဟိုဗစ် အတွက် ဈေးကြီးပေးပြီး ခေါ်ယူထားခဲ့ရတဲ့ အတွက် အကယ်၍ ထွက်ခွာခွင့်ပေးမယ် ဆိုရင်လည်း အနည်းဆုံး ယူရို သန်း ၉၀ ဝန်းကျင် ရမှသာ သဘောတူသွားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.